Mytel တာဝါတိုင်ပေါက်ကွဲမှု လာစစ်သည့် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ 

RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။

ရန်ကုန်မြို့၊ သာကေတမြို့နယ်အတွင်းရှိ Mytel တာဝါတိုင်ကိုယနေ့ နေ့လည် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်က လက်ပစ်ဗုံးပစ်ပေါက်ကွဲပြီးချိန် လာရောက်စစ်ဆေးသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံခဲ့ရကြောင်း သိရသည်။

” စခတွေယာဉ်တန်းမိုင်းဆွဲခံရတယ် အသေအပျောပ်တော့ သေချာမသိ‌ရသေးပါဘူး။ ပေါက်ကွဲလို့လာစစ်တဲ့ယာဉ်တန်း မိုင်းထပ်ခွဲတာပါ၊ မြို့ပြတော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး ဒါကိုလုပ်တာပါ” ဟု မြို့ပြတော်လှန်ရေးအင်အားစုအဖွဲ့ဝင် တဦးကပြောသည်။

ဓာတ်ပုံ : ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ် တွင်တွေ့ရသည့် စစ်ကောင်စီယာဉ်တန်း။ 

 

ယနေ့ ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ ပြည်သူလူထု အစိုးရထံမှ အဓမ္မအာဏာသိမ်းယူထားသည့် စစ်ကောင်စီတပ်သားများ တိုင်းနှင့်ပြည်နယ်အနှံ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ တိုက်ခိုက်ခံရကာ သေဆုံးမှုများရှိကြောင်း သိရသည်။

Red News Agency

By Editor