09
Nov
ဇင်လင်းနိုင်။ ရန်ကုန် ၊ နိုဝင်ဘာ ၉ ရက်။ အသစ်ပေါ်လာမည့် အစိုးရ/လွှတ်တော်တို့နှင့် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စများတွင် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်သူ့ပါတီက ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။ ပါတီစုံ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲများ ပုံမှန်ကျင်းပနိုင်ရေး၊ လွတ်လပ် သန့်ရှင်း မျှတသည့် ရွေး ကောက်ပွဲများ ဖြစ်ပေါ်ရေး၊ ရွေးကောက်ပွဲရလာဒ်ကို လေးစားအကောင်အထည်ဖေါ်ရေးတို့သည် အလွန်အရေးကြီးသော အခြေခံများပင်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေအောက်တွင် တက်ကြွစွာ မဲပေးဆန္ဒပြုခဲ့ကြသော မဲဆန္ဒရှင် ပြည်သူ အားလုံးကို လှိုက်လှဲစွာ ကျေးဇူးတင် ဂုဏ်ပြုအပ်ပါကြောင်းနှင့် ပြည်သူ့ပါတီအနေဖြင့် ရွေးကောက်ပွဲ အနိုင်ရရှိသော ကိုယ် စားလှယ်များ၊ နိုင်ငံရေးပါတီများအားလုံးကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်းမှတ်တမ်း တင်ကြောင်း…