အမှတ်(၃၀၇) ခြေမြန်တပ်ရင်း၌ စစ်ပညာသင်ခဲ့သူ ပျူစောထီးရှင်းလင်းခံရ

Written by

in

RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။

ပဲခူးတိုင်း အခြေစိုက် စစ်ကောင်စီတပ် အမှတ်(၃၀၇) ခြေမြန်တပ်ရင်း၌ အခြေခံ စစ်ပညာသင်ခဲ့သည့် ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာမှ ပျူစောထီးခေါင်းဆောင် ကျော်ဦး ယမန်နေ့က ရှင်းလင်းခံလိုက်ရကြောင်း သိရသည်။

“ကညင်ကျိုးရွာမှ ပျူစောထီးခေါင်းဆောင်ဖြစ်သည့်အပြင် အကြမ်းဖက်စစ်ကောင်စီထံ တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုများကို သတင်းပေးပို့ခြင်း၊ ကျေးရွာအတွင်း တော်လှန်သောပြည်သူများကို စစ်ကောင်စီမှ ဖမ်းဆီးရန် စေခိုင်းခြင်း၊ စစ်ကောင်စီကကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲ ကျင်းပ‌နိုင်ရေးအတွက် တက်ကြွစွာပါဝင်ခြင်းများကို ဆောင်ရွက်လျက်ရှိသူဖြစ်သည်” ဟု ပဲခူး PDF ကထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ညနေ (၅:၀၀)နာရီခန့်တွင် ကညင်ကျိုးရွာတာလမ်းမပေါ်၌ ကျောက်တံခါးမြို့နယ် ပကဖမှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်  ပစ်ခတ်ခဲ့‌သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency
https://t.me/rednewsagency/1565