စစ်ကောင်စီတပ် ဂိတ်စခန်းတိုက်ခိုက်ခံရပြီး အနည်းဆုံး (၆) ဦးသေ

RNA_ဖေဖော်ဝါရီ(၁၁)၊၂၀၂၃ ခုနှစ်။

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊ တံတားဦး၊ ညောင်ပင်အောက် စစ်ကောင်စီတပ် ဂိတ်စခန်းကို ကျားဖြူစစ်ကြောင်းနှင့် မဟာမိတ်ရဲဘော်များ ယနေ့ နံနက် (၅) နာရီ (၃၀) မိနစ်ဝန်းကျင်က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး (၆) ဦးသေဆုံးကြောင်း သိရသည်။

” ရန်သူ့ဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆ဦး ထက်မနည်း သေဆုံးပြီး ထိခိုက် သေဆုံးမှုကို ထပ်မံ အတည် မပြုနိုင်သေးပါ။ စစ်ကောင်စီဘက်မှ အတို (၁) လက်၊ MA3 (၂) လက်၊ ကျည်ဘောက် (၄) ခု၊ RPG 7 အသီး (၁) လုံး ကို သိမ်ဆည်း ရရှိခဲ့ပါသည်” ဟု ကျားဖြူစစ်ကြောင်း – Albino Tiger Columnက ထုတ်ပြန်ထားသည်။

ညောင်ပင်အောက် ဂိတ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ လေကြောင်း ပစ်ခတ်မှု အပါအဝင်လက်နက်ကြီးများဖြင့် အနီးဝန်းကျင် ရမ်းသန်းပစ်ခတ်နိုင်သည့်အတွက် ကော့ကရိတ်ဝန်းကျင် ဖြတ်သန်းသွားလာမှု ပြုလုပ်သူများ သတိထားရန်လိုအပ်ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များမှ ရဲဘော်(၂) ဦး မစိုးရိမ်ရ ဒါဏ်ရာရရှိခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By Editor