နဂါးနီစစ်ကြောင်းနှင့်ဘုရားသုံးဆူလူထု ပူးပေါင်းဆန္ဒပြ

RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) လက်အောက်ခံ နဂါးနီစစ်ကြောင်း နှင့်ဘုရားသုံးဆူမြို့လူထုသပိတ်တို့ ပူးပေါင်းကာ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

“လက်ရှိ ၂၀၂၃ ခုနှစ်မှာနွေဦးတော်လှန်ရေးကို ပိုမိုအားထည့် လုပ်ဆောင်ပေးဖို့ တိုက်တွန်းထားသလို၊ တော်လှန်ရေးအောင်မြင်ပြီးတဲ့ နောက်ပိုင်းမှာလည်း စစ်မှန်တဲ့ ဖက်ဒရယ်မူကိုအခြေခံပြီး လူမျိုးပေါင်းစုံကိုယ်ပိုင်ပြဌာန်းခွင့်ရှိမယ့် ဒီမိုကရေစီစနစ်ကို ရောက်ရှိအောင် ကြိုပမ်းရမည်” ဟု နဂါးနီစစ်ကြောင်း ရဲဘော်များမှ ပြောကြားထားသည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ရည်မှန်းချက်ဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့က ပင်လုံစာချုပ် ချုပ်ဆိုခဲ့ကြသည်မှာ ယနေ့ (၇၆) နှစ်မြောက်ရှိပြီဖြစ်ပြီး၊ မျှော်မှန်းခဲ့ကြသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများမှာ ယနေ့အထိ မရရှိသေးသည့်အတွက် ပြည်တွင်းစစ် ဖြစ်ပွားနေရခြင်း ဖြစ်သည်။

#RedNewsAgency

By Editor