News

မအူရဲစခန်းတိုက်ခိုက်ခံရပြီး စခန်းမှူးမြင့်ကျော်အပါအဝင် (၇)ဦးသေ၊  Anti Drone Gun (၁) လက်နှင့် လက်နက်ခဲယမ်းသိမ်းဆည်းရမိ

မအူရဲစခန်းတိုက်ခိုက်ခံရပြီး စခန်းမှူးမြင့်ကျော်အပါအဝင် (၇)ဦးသေ၊ Anti Drone Gun (၁) လက်နှင့် လက်နက်ခဲယမ်းသိမ်းဆည်းရမိ

RNA_ဧပြီ(၄)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်တပ်ပေါင်းစုအဖွဲ့တို့က ယမန့်နေ့ နံနက် (၅) နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ကြရာ စခန်းမှူး မြင့်ကျော်အပါအဝင် (၇) ဦးသေဆုံးကာ၊ G-3 ၁ လက် ၊ Anti Drone Gun ၁ လက်၊ ဗုံးသီး ၁၀ လုံးနှင့် စခန်းမှူးတံဆိပ်တုန်းအပါအဝင် စာရွက်စာတမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ မြိုင် ပကဖကထုတ်ပြန်ထားသည်။ [embedyt] https://www.youtube.com/watch?v=vU9WGeaMovY[/embedyt] ဧပြီလ (၃) ရက်နေ့ နံနက် (၅) နာရီဝန်းကျင်မှစတင်ကာ တိုက်ခိုက်ခဲ့သည့် မအူရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းချိန် နံနက် (၈) နာရီဝန်းကျင်တွင် စခန်းအားဝင်ရောက်စီးနင်း မီးရှို့ရှာဖေချိန်…
Read More
ရဲဘော်ဝဿန်ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူစစ်ဒေသမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့

ရဲဘော်ဝဿန်ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူစစ်ဒေသမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့

RNA_ဧပြီ(၄)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ရွှေဘိုတက္ကသိုလ်ဝင်ပေါက်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF မှ ရဲဘော်ဝဿန်ကျဆုံးခဲ့ရသည့်အတွက် ယနေ့နံနက်ပိုင်းက မကွေးတိုင်း၊ ပခုက္ကူစစ်ဒေသတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် အလေးပြုခြင်းအခမ်းအနား ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။   ရွှေဘိုတက္ကသိုလ်ဝင်ပေါက်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီလ (၂) ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ (၆) ဦးသေဆုံးကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုအတွင်း ရဲဘော်ဝဿန်နှင့် အခြားတပ်ဖွဲ့မှ ရဲဘော်တဦးတို့ကျဆုံးခဲ့ရသည်။ (more…)
Read More
မတ်လအတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် (၂၈၁) ဦးသေဆုံး (၈၀)ဦး ဒဏ်ရာရ

မတ်လအတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် (၂၈၁) ဦးသေဆုံး (၈၀)ဦး ဒဏ်ရာရ

RNA_ဧပြီ(၃)၊၂၀၂၃ ခုနှစ်။ ၂၀၂၃ခုနှစ်၊ မတ်လအတွင်း ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ်များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင် (၅)ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၂၈၁) ဦးသေဆုံးပြီး (၈၀) ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင် (၅) ခုဖွင့်ပြီး ထိုးစစ်ဆင်လာသည့်အပေါ်  ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းသို့ လွိုင်ကော်မြို့နယ်မှစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား KA၊ KNDF ဗျူဟာ(၆) မှတပ်ရင်း တစ်ခုဖြစ်သည့် KNDF/B09 နှင့် KNDF ဗျူဟာ (၄) မှ တပ်ရင်းများဖြစ်သော KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07 နှင့်…
Read More
S.O.F အထူးလေးကျင့်ရေးမှတ်တမ်း အပိုင်း (၁)

S.O.F အထူးလေးကျင့်ရေးမှတ်တမ်း အပိုင်း (၁)

RNA_ဧပြီ(၃)၊၂၀၂၃ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ (Speclal Operation Force - S.O.F) ၏ အထူးလေ့ကျင့်ရေးမှတ်တမ်း အပိုင်း (၁) ရုပ်သံကို ပြည်သူများထံ တင်ပြထားခြင်းဖြစ်သည်။ [embedyt] https://www.youtube.com/watch?v=k_CYaDvP_kg[/embedyt] #RedNewsAgency
Read More
“ပြည်သူရှိနေသရွေ့ ပါတီရှိ​နေမယ်” စာသားကိုင်ဆောင်ပြီး ဆန္ဒပြ

“ပြည်သူရှိနေသရွေ့ ပါတီရှိ​နေမယ်” စာသားကိုင်ဆောင်ပြီး ဆန္ဒပြ

RNA_ဧပြီ(၂)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲမှတ်ပုံမတင်သည့် ပါတီများကို ဖျက်သိမ်းကြောင်း ကြေညာသည့်အပေါ် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှဦးဆောင်ကာ PDF များ၏ ဝန်းရံမှုဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆားလင်းကြီးမြို့နယ်အတွင်း ယနေ့ ဆန္ဒပြခဲ့ကြသည်။ (more…)
Read More
ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွား ပျက်နေသည့်အတွက် ပြည်သူများ အခက်တွေ့နေ

ရန်ကုန်မြို့မှာ လျှပ်စစ်ဓာတ်အား ဆိုးဆိုးရွားရွား ပျက်နေသည့်အတွက် ပြည်သူများ အခက်တွေ့နေ

RNA_ဧပြီ(၁)၊၂၀၂၃ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီလက်ထက် ၂၀၂၃ ခုနှစ် မတ်လအကုန်နှင့် ဧပြီအစမှာပင် ရန်ကုန်မြို့၌ လျှပ်စစ် ဓာတ်အား ဆိုးဆိုးရွားရွားပျက်တောက်နေသည့်အတွက် ရေရှားပါးမှုများပါ ဖြစ်ပွားနေကြောင်း သိရသည်။ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနမှ ရန်ကုန်မြို့အတွင်းတွင် လျှပ်စစ်မီးလာချိန် မမှန်သည့်အပြင် ပေးချင်သလိုပေး ဖြတ်ချင်သလို ဖြတ်နေကြောင်း၊ နေ့တစ်ဝက်ခန့် မီးပျက်ခြင်း၊ နာရီပိုင်းနှင့် မိနစ်ခန့်ပိုင်းသာ လာပြီး မီးပြန်ပျက်သွားခြင်းများ ကြုံတွေ့နေကြရသည်။ "နေ့ပျက် ညပျက် သန်ခေါင်းကျော်ပျက် အလုပ်ချိန်ပျက် အလုပ်ပြန်ချိန်လည်းပျက် မင်းအောင်လှိုင် နောက်လိုက် အီးပီစီကသူတွေ ပြည်သူကို စေတနာမရှိတာ ပေါ်လွင်နေတယ်။ တမင်လုပ်နေတာ ပျက်လိုက်လာလိုက်နဲ့‌လေ အခြေအနေမကောင်းရင်  မီးပါလောင်တတ်တယ်။ ဒါပြည်သူကို ဒုက္ခ ရောက်အောင် သောက်ကျင့်ယုတ်နေတာလို့ပဲ ထင်တယ်” ဟု…
Read More
ကျောက်ထုမြို့နယ် စံရွာအနောက်တောင်ကြောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးခန့် သေဆုံး

ကျောက်ထုမြို့နယ် စံရွာအနောက်တောင်ကြောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးခန့် သေဆုံး

RNA_ဧပြီ(၁)၊ ၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ စံရွာ အနောက်မြောက်တောင်ကြောတွင် စစ်ကောင်စီတပ် အင်အား (၁၃၀) ခန့်ပါ စစ်ကြောင်းနှင့် YDF ယောနက စစ်ကြောင်း၊ CDF - Mindat၊ ကျောက်ထုPDF တို့နှင့် မတ်လ (၃၀) ရက်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်မှ (၂)နာရီ ၂၀ မိနစ်ဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ (၁၀) ဦးခန့်သေဆုံးကြောင်း ယောကာကွယ်ရေးတပ် - YDF မှ ယနေ့ ထုတ်ပြန်ထားသည်။   ဒေသခံတစ်ဦး၏အဆိုအရ “ဒီနေ့ လေကြောင်းတိုက်ခိုက်မှု့ ဖြစ်ပွားတဲ့ ဆောမြို့နယ်နှင့် မင်းတပ်မြို့နယ်အစပ် ထိတွေ့မှုအပြီး ညနေပိုင်းမှာ စခတွေ…
Read More
နံနက်စောစော အလစ်အငိုက်တိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၅) ဦးကျဆုံး

နံနက်စောစော အလစ်အငိုက်တိုက်ခိုက်ခံရပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် (၅) ဦးကျဆုံး

RNA_ဧပြီ(၁)၊၂၀၂၃ ခုနှစ်။   ပထမနေ့တိုက်ပွဲအပြီး ဒုတိယနေ့တိုက်ခိုက်ရန် မဟာမိတ်ရဲဘော်များစုနေသည့် တပ်ခွဲစခန်းတခုကို နံနက်စောစော စစ်ကောင်စီတပ်မှ လူအင်အား လက်နက်အင်အားအပြည့်ဖြင့် ဝင်ရောက်တိုက်ခိုက်သည့်အတွက် ရေစကြို ပကဖ ရဲဘော် (၄) ဦးနှင့် YLK ​ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော် (၁) ဦးတို့ ကျဆုံးခဲ့ရကြောင်း သိရသည်။   ရေစကြိုမြို့ပေါ်မှ မတ်လ (၃၀) ရက်နေ့ကထွက်လာသည့် အင်အား (၄၀)ပါစစ်ကောင်စီတပ်စစ်ကြောင်းအား ညောင့်စောင်နှင့် သမန္တပိုကျေးရွာအကြားမိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် ဒဏ်ရာများရရှိကာ မြို့ပေါ်ပြန်တက်သွားကြောင်း၊ မတ်လ (၃၁) ရက်နေ့နံနက် (၄)နာရီ (၃၀) မိနစ်ဝန်းကျင်တွင် အင်အား (၇၀) ခန့်ဖြင့် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တပ်ခွဲစခန်းကို စီးနင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ့ကာကွယ်ရေးရဲဘော်…
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခလရ (၂၈၇) မှ (၁၅) ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ ဆုံးရှုံး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခလရ (၂၈၇) မှ (၁၅) ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းများ ဆုံးရှုံး

RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်(ကယား)နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါလျာခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခလရ (၂၈၇) အား KA ၊ KNDF စသည့် တပ်ပေါင်းစုတပ်ဖွဲ့မှ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၁၅) ဦးအထက် သေဆုံးပြီး လက်နပ်ခဲယမ်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ၊ ဒေါလျားခူကျေးရွာ အရှေ့မျက်နှာစာ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား မတ်လ (၂၉/၃၀) ရက်နေ့က ကရင်နီတပ်မတော် (KA) ၊ KNDF ဗျူဟာ (၆)မှ တပ်ရင်းများဖြစ်သော KNDF/B (10) ၊ KNDF/B (15) ၊ နှင့် ဗျူဟာ…
Read More
NUG ကာကွယ်ရေးဝန်ကြီးဌာနမှ လေကြောင်းရန်ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁.၄ သန်း၊ တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအတွက် ဒေါ်လာ (၈) သိန်းလျာထားသုံးစွဲနေ

NUG ကာကွယ်ရေးဝန်ကြီးဌာနမှ လေကြောင်းရန်ကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၁.၄ သန်း၊ တန်ပြန်လေကြောင်းတိုက်ခိုက်ရေးအတွက် ဒေါ်လာ (၈) သိန်းလျာထားသုံးစွဲနေ

RNA_မတ်(၃၁)၊၂၀၂၃ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၁.၄) သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၈) သိန်း လျာထား သုံးစွဲလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်လာသည်။   (more…)
Read More