RNA_မတ်(၂၃)၊၂၀၂၅ခုနှစ်။
ထိုင်နိုင်ငံ၊ ဘန်ကောက်မြိို့၊ ထိုင်းလွှတ်တော်တွင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ လုံခြုံရေးအခြေအနေ၊ စစ်ဘေးရှောင်အခြေအနေများနှင့် မြန်မာ့နိုင်ငံရေးအခြေအနေများကို ထိုင်းအစိုးရတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသားအဖွဲ့ကိုယ်စားလှယ်တို့ တက်ရောက်ဆွေးနွေးနေကြောင်း သိရသည်။
ယနေ့ (မတ်လ ၂၃ ရက်) ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး(Tom Andrews) က ပါဝင်ဆွေးနွေးကြောင်း၊ ဆွေးနွေးပွဲကို မတ်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့ (၂ရက်တာ) ကျင်းပမည်ဖြစ်ကြောင်း၊ မြန်မာ့နိုင်ငံရေးလက်ရှိအခြေအနေများကို ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP)မှ မော်သဲမြာ၊ Human Right Advocate မှ ဒေါ်ခင်ဥမ္မာ၊ The Salween institute for public policy မှ မူဝါဒရေးရာ အကြံပေး နော်မေဦးနှင့် လူ့အခွင့်အရေးလှုပ်ရှားသူ Igor Blazevic တို့က ဆွေးနွေးမည်ကြမည်ဖြစ်ကြောင်း သိရသည်။





