အမေရိကန် ဂျာနယ်လစ် Alsu Kurmasheva ရုရှားမှာ ဖမ်းဆီးခံရ

RNA_အောက်တိုဘာ(၁၉)၊၂၀၂၃ ခုနှစ်။

ရုရှား – အမေရိကန် ဂျာနယ်လစ် Editor Alsu Kurmasheva (RFE-RL , Radio Free Europe – Radio Liberty ) ကို နိုင်ငံခြားသတင်းထောက်အဖြစ် မှတ်ပုံမတင်သည့်အတွက် ရုရှားအစိုးရက ဖမ်းဆီးကာ တရားစွဲဆိုလိုက်သည်ဟု Alsu Kurmasheva ၏ လုပ်ငန်းခွင်မှ တာဝန်ရှိသူက ပြောကြားထားသည်။

RFE/RL’s Tatar-Bashkir သတင်းဌာန အယ်ဒီတာ Alsu Kurmasheva ကို ယာယီထိန်းရေးစခန်းမှာ ချုပ်နှောင်ထားသည်ဟု ရုရှား အစိုးရသတင်းဌာန ထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ပြောကြားထားသည်။

အမေရိကန်အစိုးရ ရန်ပုံငွေထောက်ပံ့ထားသည့် Radio Free Europe-Radio Liberty ရဲ့ အယ်ဒီတာတစ်ဦးဖြစ်သူ Alsu Kurmasheva သည် ရုရှားနိုင်ငံမှာ ဒုတိယမြောက် အဖမ်းခံရသည့် အမေရိကန်ဂျာနယ်လစ်တစ်ဦးဖြစ်လာပြီး၊ Wall Street ဂျာနယ်သတင်းထောက် Evan Gershkovich သည် ပြီးခဲ့သည့် မတ်လအတွင်း ရုရှားနိုင်ငံမှာ သူလျိုလုပ်သည်ဟု စွပ်စွဲခံရပြီး အဖမ်းခံထားရသည်။

Tatar-Inform သတင်းအေဂျင်စီကထုတ်ပြန်သည့် ဗီဒီယိုဖိုင်တစ်ခုတွင် ခေါင်းစွပ်ဝတ်ခံထားရသည့် သူမနှင့်အတူ ၄ ဦး အုပ်ချုပ်ရေးရုံး အဆောက်အဦ ဆီထွက်ခွာသွားပြီး၊ လူ ၂ ဦးက သူမရဲ့ လက်မောင်းတွေကို ချုပ်ကိုင်ထားတာ တွေ့ရသည်ဟု ပြောကြားထားသည်။

Ref – AP

#RedNewsAgency

By Editor