RNA_အောက်တိုဘာ(၁၈)၊၂၀၂၃ ခုနှစ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (Joe Biden)က အစ္စရေးအပါဝင် အာရပ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် သွားဖို့ ပြင်ဆင်နေချိန် အင်္ဂါနေ့ညပိုင်းက ဂါဇာရှိဆေးရုံတခုမှာပြင်းထန်သည့် ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့် သေဆုံးခဲ့သည်ဟု ဟားမတ်စ်အဖွဲ့ ကျန်းမာရေးအဖွဲ့က ပြောကြားထားသည်။

ဆေးရုံဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဟားမတ်စ်အဖွဲ့က အစ္စရေး လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စွပ်စွဲအပြစ်တင်ထားကြောင်း၊ အစ္စရေးဘက်ကလည်း အခြားသော ပါလက်စတိုင်း စစ်သွေးကြွများ၏ ဒုံးကျည်တစ်စင်း မှားယွင်းပစ်ခတ်ခဲ့မှုဟု ပြောဆိုထားသည်။
Ref : AP
Red News Agency