ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံး ထိုင်းနိုင်ငံသား ၈ ဦး ရုပ်အလောင်းများ ထိုင်းလေဆိပ်ရောက်ရှိ

RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ ခုနှစ်။

ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံးသူ ထိုင်းနိုင်ငံသား ၈ ဦး၏ ရုပ်အလောင်းများကို အလုပ်သမားဝန်ကြီးဌာန အကြီးတန်းအရာရှိများက နာရေးဗင်ကားများ ပန်းခွေများနှင့်အတူ ယနေ့ နံနက်ပိုင်းမှာ Suvarnabhumi လေဆိပ်မှာ လက်ခံရယူခဲ့သည်ဟု ထိုင်းအလုပ်သမားဝန်ကြီး Pipat Ratchakitprakarn က ပြောကြားထားသည်။

အဆိုပါလေဆိပ်သို့ ထိုင်းနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး Ms Orna Sagiv က အစ္စရေးနိုင်ငံမှာ ဟားမတ်စ်များ၏ သတ်ဖြတ်ခြင်ခံရသည့် င်းအလုပ်သမား ၈ ဦး ရုပ်အလောင်းတွေကို Suvarnabhumi လေဆိပ်မှာ လာရောက် ဂါရဝပြုခဲ့သည်။

လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံ Tel Aviv ရှိ ထိုင်းသံရုံးကို ပြန်တော်ပြန်ရန် စာရင်းပေးသွင်းထားသူ ၈၃၈၉ ဦးရှိနေပြီး၊ ထိုင်းနိုင်ငံပြန်ရောက်နေသူ ၁၄၂၄ ဦး ရှိကြောင်း၊ ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံးသူ ၃၀ ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၇ ဦး၊ ပြန်ပေးဆွဲခံရသူ ၁၇ ဦး ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံမှာ Airbus A-340 လေယာဥ်ဖြင့် တစ်ရက်လျှင် လူဦးရေ ၁၀၀ မှ ၂၀၀ အထိ ပို့ဆောင်ပေးလျက်ရှိပြီး၊ နောက်ပိုင်းမှာ commercial flight များဖြင့် လူဦးရေ ၄၀၀ အထိ သယ်ဆောင်ပေးနိုင်ရန် စီစဥ်နေကြောင်း၊အစ္စရေးနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်များတွင် သွားရောက်လုပ်ကိုက်နေသည့် ထိုင်းနိုင်ငံသား သုံးသောင်းကျော်ရှိကြောင်း သိရသည်။

Ref : Thai Enquirer

Red News Agency

By Editor