Tag: ဗုံးပေါက်ကွဲ

  • ဂါဇာ ဆေးရုံတခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့်သေဆုံး

    ဂါဇာ ဆေးရုံတခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့်သေဆုံး

    RNA_အောက်တိုဘာ(၁၈)၊၂၀၂၃ ခုနှစ်။
    အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (Joe Biden)က အစ္စရေးအပါဝင် အာရပ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် သွားဖို့ ပြင်ဆင်နေချိန် အင်္ဂါနေ့ညပိုင်းက ဂါဇာရှိဆေးရုံတခုမှာပြင်းထန်သည့် ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့် သေဆုံးခဲ့သည်ဟု ဟားမတ်စ်အဖွဲ့ ကျန်းမာရေးအဖွဲ့က ပြောကြားထားသည်။
    ဆေးရုံဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဟားမတ်စ်အဖွဲ့က အစ္စရေး လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စွပ်စွဲအပြစ်တင်ထား‌ကြောင်း၊ အစ္စရေးဘက်ကလည်း အခြားသော ပါလက်စတိုင်း စစ်သွေးကြွများ၏ ဒုံးကျည်တစ်စင်း မှားယွင်းပစ်ခတ်ခဲ့မှုဟု ပြောဆိုထားသည်။
    Ref : AP
    Red News Agency

  • အင်းစိန်ထောင် ပါဆယ်ဌာန ဗုံးပေါက်ကွဲမှု အနည်းဆုံး ၂ ဦးသေ

    အင်းစိန်ထောင် ပါဆယ်ဌာန ဗုံးပေါက်ကွဲမှု အနည်းဆုံး ၂ ဦးသေ

    RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ ခုနှစ်။
     
    ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင် တိုက်သမားများထံပို့သည့် ပါဆယ်ဌာနတွင် ယနေ့ ( အောက်တိုဘာ ၁၉ ရက်) နံနက် ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပြီး ဝန်ထမ်း တစ်ဦးပါအဝင် အနည်းဆုံး (၂) ဦးသေဆုံးကြောင်း သိရသည်။
     
    ” အခုပေါက်တာက ပါဆယ်ဌာနပေါ့၊ တိုက်ထဲနေရာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဆီကို ပါဆယ်ပို့တဲ့ နေရာလေ၊ ဖြစ်နိုင်တာက PDF တွေ လုပ်တာ မဖြစ်နိုင်ဘူး၊ အင်းစိန်ထောင်က အစစ်အဆေးတအား ကြပ်နေတာလေ ပျူစောထီးတွေလုပ်တာဖြစ်နိုင်တယ်၊ အခု ဝန်ထမ်းတဦးက တန်းသေတယ်၊ နောက်ထပ်တယောက်က သတိမေ့သွားပြီးမှ သေတယ်၊ အပြင်က ထောင်ဝင်စာလာတဲ့အထဲကလည်း ကလေးတယောက် ဒဏ်ရာရသေးတယ်၊ အခြားဒဏ်ရာရတဲ့ သူရှိနိုင်သေးတယ်” ဟု အင်းစိန်ထောင်နှင့် နီးစပ်သူ တဦးက Red News Agency ကို ပြောသည်။
     
    အင်းစိန်ထောင် ယနေ့ နံနက်ပေါက်ကွဲမှု မည်သည့်အဖွဲ့က လုပ်သည်ကို တိတိကျကျ မသိရှိရသေးကြောင်း၊ ဝန်ထမ်းများ ပါဆယ်များကို စစ်ဆေးရင်း ပေါက်ကွဲသွားကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို ပစ်မှတ်ထားပြီး လုပ်ဆောင်ခြင်း ဖြစ်နိုင်သည်ဟု ယူဆနေကြကြောင်း စုံစမ်းသိရှိရသည်။
     
    Red News Agency

  • ပြည်သူထိခိုက်မည့်အခြေအနေကြောင့် မစ်ရှင်ဖျက်သိမ်း ခဲ့ရပြီး၊ စစ်ကောင်စီတပ် ဗုံးမသယ်ရဲသည့်အတွက် လမ်းမပေါ်တွင် ဖောက်ခွဲပစ် 

    ပြည်သူထိခိုက်မည့်အခြေအနေကြောင့် မစ်ရှင်ဖျက်သိမ်း ခဲ့ရပြီး၊ စစ်ကောင်စီတပ် ဗုံးမသယ်ရဲသည့်အတွက် လမ်းမပေါ်တွင် ဖောက်ခွဲပစ် 

    RNA_ဇူလိုင် ၁၂၊၂၀၂၂ခုနှစ်။

    အမှိုက်ကောက်သည့်ကလေးနှင့် ပြည်သူများထိခိုက်မည်စိုးသည့်အတွက် စစ်ကားများအတွက် ရည်ရွယ်ထားသည့် ဗုံးတွဲဖောက်ခွဲမှု မစ်ရှင် ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု မြို့ပြပြောက်ကျား မဟာမိတ်တပ်ဖွဲ့ဝင် တဦးက ပြောသည်။

    ယနေ့ နေ့လည် ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် စစ်ကောင်စီတပ်က ဗုံးကိုသယ်မသွားဘဲ လမ်းမပေါ်တွင် ဖောက်ခွဲလိုက်ခြင်း ဖြစ်သည်။

    ” ဗုံးကို အမှိုက်ကောက်တဲ့ကလေးက တွေ့သွားတာ၊ ကျနော်တို့ စောင့်ကြည့်နေတာ စစ်ကားတွေအတွက်လုပ်ထားတာ၊ အဲချိန်မခွဲရက်ဘူး အခြားဘေးကလူတွေထိကုန်မှာ အဲဒါကြောင့် မစ်ရှင်ဖျက်လိုက်ရတယ်၊ ဗုံးက အားပြင်းတယ်၊ နည်းပညာမြင့်တယ်၊ စစ်ခွေးတွေသယ်မသွားရဲဘူး အဲဒါနဲ့ ပြည်သူတွေလဲ ထိတ်လန့်အောင် လမ်းပါ်မှာ ခွဲလိုက်တာ၊ ပြည်သူတွေကို တောင်းပန်ချင်ပါတယ် စစ်ကား‌တွေ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေအနီးမှာ မနေကြပါနဲ့” ဟု တာမွေမြို့နယ်မှာ စစ်ကောင်စီတပ် ယာဉ်တွေကို ပစ်မှတ်ထားတိုက်ခိုက်မည့် ဗုံးနှင့်ပတ်သက်ပြီး မြို့ပြပြောက်ကျားမဟာမိတ်တပ်ဖွဲ့ဝင်တဦးက Red News Agency သို့ ပြောကြားထားသည်။

    ဓာတ်ပုံ : မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ထောက်ထားသည့်ဗုံးကို လမ်းမပေါ်တွင် စစ်ကောင်စီတပ်က ဖောက်ခွဲမှုမြင်ကွင်း/ CJ

    မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို ရည်ရွယ်လုပ်ဆောင်နေမှုများ ပြည်သူလူထု ထိခိုက်မည်စိုးသည့်အတွက် ဖျက်လိုက်ရသည့် မစ်ရှင်များစွာရှိနေပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်နှင့် ပတ်သက်သည့် အဆောက်အဦ၊ ယာဉ်စသည့် နေရာများတွင် ပြည်သူများအနေဖြင့် ရှောင်ရှားသင့်ကြောင်း၊ စစ်ကောင်စီတပ်သားများနှင့် ဆက်ဆံမှုနှင့် အနီးကပ်မနေသင့်ကြောင်း သိရသည်။

    Red News Agency