Tag: Journalist

  • အီရန်နိုင်ငံမှာ အမျိုးသမီးဂျာနယ်လစ် (၂) ဦး ထောင်ဒဏ် ၁၀ နှစ်ကျော်စီချမှတ်ခံရ

    အီရန်နိုင်ငံမှာ အမျိုးသမီးဂျာနယ်လစ် (၂) ဦး ထောင်ဒဏ် ၁၀ နှစ်ကျော်စီချမှတ်ခံရ

    မောင်လူအေး (လှည်းတန်း)၊RNA_အောက်တိုဘာ(၂၄)၊၂၀၂၃ ခုနှစ်။

    အီရန်နိုင်ငံမှာ အမျိုးသမီးဂျာနယ်လစ် Niloofar Hamedi နှင့် Elaheh Mohammadi တို့ကို အမေရိကန်အစိုးနှင့် ပူးပေါင်းခြင်း၊ နိုင်ငံတော်လုံခြုံရေးကိုဆန့်ကျင်ခြင်းတို့အတွက် အီရန်တော်လှန်ရေးတရားရုံးက ထောင်ဒဏ် (၁၃) နှစ် နှင့် (၁၂) နှစ် အမိန့်ချမှတ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက်အရ သိရသည်။

    အမေရိကန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဆိုကာ Niloofar Hamedi ကိုထောင်ဒဏ် ၇ နှစ်နှင့် Elaheh Mohammadi ကို ထောင်ဒဏ် ၆ နှစ်၊ နိုင်ငံတော်လုံခြုံရေးကို ဆန့်ကျင်သည့်အတွက်ဟုဆိုကာ ထောင်ဒဏ် ၅ နှစ်စီ၊ ဝါဒဖြန့်မှုအတွက် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရသည့်အတွက် Niloofar Hamedi ကို စုစုပေါင်း ထောင်ဒဏ် ၁၃ နှစ်နှင့် Elaheh Mohammadi ကို စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်ကို အောက်တိုဘာလ ၂၂ ရက်နေ့က ချမှတ်ခံံံံခဲ့ရသည်။

    ၎င်းတို့နှစ်ဦး၏ အမှုများကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများကတော့ အီရန်တရားရုံး၏ စီရင်ချက်များကို ကန့်ကွက်ခဲ့ကြောင်း၊ အမိန့်ချမှတ်ခံရခြင်းနှင့် ပတ်သက်ပြီး ရက်ပေါင်း ၂၀ အတွင်း အယူခံ ပြန်တင်နိုင်သည်ဟု သိရသည်။

    (more…)

  • အမေရိကန် ဂျာနယ်လစ် Alsu Kurmasheva ရုရှားမှာ ဖမ်းဆီးခံရ

    အမေရိကန် ဂျာနယ်လစ် Alsu Kurmasheva ရုရှားမှာ ဖမ်းဆီးခံရ

    RNA_အောက်တိုဘာ(၁၉)၊၂၀၂၃ ခုနှစ်။

    ရုရှား – အမေရိကန် ဂျာနယ်လစ် Editor Alsu Kurmasheva (RFE-RL , Radio Free Europe – Radio Liberty ) ကို နိုင်ငံခြားသတင်းထောက်အဖြစ် မှတ်ပုံမတင်သည့်အတွက် ရုရှားအစိုးရက ဖမ်းဆီးကာ တရားစွဲဆိုလိုက်သည်ဟု Alsu Kurmasheva ၏ လုပ်ငန်းခွင်မှ တာဝန်ရှိသူက ပြောကြားထားသည်။

    RFE/RL’s Tatar-Bashkir သတင်းဌာန အယ်ဒီတာ Alsu Kurmasheva ကို ယာယီထိန်းရေးစခန်းမှာ ချုပ်နှောင်ထားသည်ဟု ရုရှား အစိုးရသတင်းဌာန ထုတ်ပြန်ချက်ကို ကိုးကား၍ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီက ပြောကြားထားသည်။

    အမေရိကန်အစိုးရ ရန်ပုံငွေထောက်ပံ့ထားသည့် Radio Free Europe-Radio Liberty ရဲ့ အယ်ဒီတာတစ်ဦးဖြစ်သူ Alsu Kurmasheva သည် ရုရှားနိုင်ငံမှာ ဒုတိယမြောက် အဖမ်းခံရသည့် အမေရိကန်ဂျာနယ်လစ်တစ်ဦးဖြစ်လာပြီး၊ Wall Street ဂျာနယ်သတင်းထောက် Evan Gershkovich သည် ပြီးခဲ့သည့် မတ်လအတွင်း ရုရှားနိုင်ငံမှာ သူလျိုလုပ်သည်ဟု စွပ်စွဲခံရပြီး အဖမ်းခံထားရသည်။

    (more…)