ဟားမတ်စ်အဖွဲ့၏ ဖမ်းဆီးခံရသည့် အမေရိကန်နိုင်ငံသားဆယ်ကျော်သက်နှင့်သူမ၏ မိခင်တို့ ပြန်လည်လွတ်မြောက်

မောင်လူအေး(လှည်းတန်း)/ RNA_အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။

ဟားမတ်စ် စစ်သွေးကြွအဖွဲ့က ဖမ်းဆီးသွားသည့် အမေရိကန်နိုင်ငံသား ဆယ်ကျော်သက် Natalie Raanan နှင့် မိခင်ဖြစ်သူ Judith Raanan တို့ ဖမ်းဆီးခံရပြီးနောက် နှစ်ပတ်အကြာ သောကြာနေ့က ပြန်လွတ်လာပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ချီကာကိုမြို့မှာ နေထိုင်သည့် ဖခင်ဖြစ်သူ Uri Raanan ပြောသည်။

“သူမနေကာင်းပါတယ်၊ သူမကောင်းကောင်း ကျန်းမာပါတယ်၊ သူမနဲ့ဖုန်းပြောရပါတယ်” လို့ Natalie Raanan ၏ ဖခင်ဖြစ်သူက ပြောကြားထားသည်။

လွတ်မြောက်လာတဲ့ Natalie Raanan နှင့် မိခင်ဖြစ်သူ Judith Raanan တို့သည် မိသားစုနှင့် ပြန်လည်တွေ့ဆုံရန် အစ္စရေးအလယ်ပိုင်းရှိ စစ်တပ်အခြေစိုက်စခန်းကို ထွက်ခွာလာပြီဟု အစ္စရေးဝန်ကြီချုပ် Benjamin Netanyahu ရုံးက လူမှုကွန်ရက် X မှာ အတည်ပြုပြောဆိုထားသည်။

ယခု လွတ်မြောက်လာသည့် Natalie Raanan ၏ မွေးနေ့ပွဲကို နောက်တပတ် သူမ၏ နေအိမ်မှာ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာ ဆင်နွဲနိုင်သည့် အတွက် သတင်းကောင်းတစ်ခုဖြစ်ကြောင်း ပြောကြားထားသည်။

အောက်တိုဘာ ၇ ရက်နေ့က အစ္စရေးတောင်ပိုင်း‌ဒေသကို ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် အရပ်သားဦးရေ ၁၄၀၀ ‌ကျော်ရှိကြောင်း၊ ပြန်ပေးဆွဲ ဖမ်းဆီးခံရသူ နိုင်ငံခြားသားများအပါဝင် ၂၀၀ ခန့် ရှိကြောင်း၊ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးလေကြောင်းမှ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၄၁၀၀ ခန့် သေဆုံးခဲ့ရပြီဖြစ်ကြောင်း သိရသည်။

#RedNewsAgency

By Editor