ထိုင်းနိုင်ငံသား

ဟား​မတ်​စ်အဖွဲ့ ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ၂၅ ဦး လွတ်တော့မည်

ဟား​မတ်​စ်အဖွဲ့ ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ၂၅ ဦး လွတ်တော့မည်

မောင်လူအေး(လှည်းတန်း)/RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။ အစ္စရေးနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နေသည့် ထိုင်နိုင်ငံသားများ ဟား​မတ်​စ်အဖွဲ့၏ ဖမ်းဆီးခံထားရပြီးနောက် ထိုင်းနိုင်ငံသား ၂၅ ဦးသည် ၁၀ ရက်အတွင်း ပြန်လည်လွတ်မြောက်လာတော့မည်ဟု အီရန်နိုင်ငံမှာ ဟား​မတ်​စ်အဖွဲ့နှင့် သွားရောက်ညှိနှိုင်းခဲ့သည့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ထံမှ သိရသည်။ ဖမ်းဆီးခံ ထိုင်းနိုင်ငံသားများ ပြန်လွှတ်မည့် နေရာအတိအကျနှင့် အချိန်ကို ဟားမတ်စ်အဖွဲ့က အတည်မပြုသေးကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အခုသတင်းကို အတည်မပြုသေးကြောင်း၊ ဝန်ကြီးဌာအနေဖြင့် ဖမ်းဆီးထားသူများအား ဂါဇာကမ်းမြောင်းဒေသရှိ ရာဖာ့နယ်စပ်မှ ဖြတ်သန်းလွတ်မြောက်နိုင်ဖို့ အတွက် အီဂျစ်အစိုးရနှင့် ညှိနှိုင်းခဲ့သည်ဟု နိုဝင်ဘာ ၁၅ ရက်နေ့တွင် စေ့စပ်ညှိနှိုင်းရေးအဖွဲ့က ပြောကြားထားသည်။ (more…)
Read More
ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံး ထိုင်းနိုင်ငံသား ၈ ဦး ရုပ်အလောင်းများ ထိုင်းလေဆိပ်ရောက်ရှိ

ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံး ထိုင်းနိုင်ငံသား ၈ ဦး ရုပ်အလောင်းများ ထိုင်းလေဆိပ်ရောက်ရှိ

RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ ခုနှစ်။ ဟားမတ်စ်-အစ္စရေး စစ်ပွဲအတွင်း သေဆုံးသူ ထိုင်းနိုင်ငံသား ၈ ဦး၏ ရုပ်အလောင်းများကို အလုပ်သမားဝန်ကြီးဌာန အကြီးတန်းအရာရှိများက နာရေးဗင်ကားများ ပန်းခွေများနှင့်အတူ ယနေ့ နံနက်ပိုင်းမှာ Suvarnabhumi လေဆိပ်မှာ လက်ခံရယူခဲ့သည်ဟု ထိုင်းအလုပ်သမားဝန်ကြီး Pipat Ratchakitprakarn က ပြောကြားထားသည်။ အဆိုပါလေဆိပ်သို့ ထိုင်းနိုင်ငံဆိုင်ရာ အစ္စရေး သံအမတ်ကြီး Ms Orna Sagiv က အစ္စရေးနိုင်ငံမှာ ဟားမတ်စ်များ၏ သတ်ဖြတ်ခြင်ခံရသည့် င်းအလုပ်သမား ၈ ဦး ရုပ်အလောင်းတွေကို Suvarnabhumi လေဆိပ်မှာ လာရောက် ဂါရဝပြုခဲ့သည်။ (more…)
Read More
အစ္စရေးနိုင်ငံရောက် ထိုင်းနိုင်ငံသား ၉၀ ဦး ယနေ့ ပြန်ရောက်

အစ္စရေးနိုင်ငံရောက် ထိုင်းနိုင်ငံသား ၉၀ ဦး ယနေ့ ပြန်ရောက်

RNA_အောက်တိုဘာ(၁၅)၊၂၀၂၃ ခုနှစ်။ အစ္စရေးနိုင်ငံကို သွားရောက် အလုပ်လုပ်နေသည့် ထိုင်းနိုင်ငံသား (၉၀) ဦး ယနေ့ နံနက်ပိုင်းက Airbus A-340 ဖြင့် Tel Aviv မှ ထိုင်းနိုင်ငံ U Tapao လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထိုင်းလေဆိပ်မှ တဆင့် ဘန်ကောက်ရှိ SC Park Hotel သို့ ပြန်လည်ရောက်ရှိလာသည့် ထိုင်းနိုင်ငံသားများကို ပို့ဆောင်ပေးခဲ့ပြီး၊ မိသားစုများနှင့် ဆွေမျိုးသားချင်းများ ဟိုတယ်မှာ တွေ့ဆုံခဲ့ကြသည်။ ဟားမတ်စ် - အစ္စရေး စစ်ပွဲအတွင်း ထိုင်းနိုင်ငံသား သေဆုံးသူ ၂၈ ဦးရှိပြီး၊ ဟားစတ်စ်အဖွဲ့၏ ပြန်ပေးဆွဲခံထားရသည့် ထိုင်းနိုင်ငံသား ၁၇ ဦးရှိကြောင်း၊ ဒဏ်ရာရရှိသူ…
Read More
ပြန်ပေးဆွဲခံရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးမှာ အသက်ရှင်နေပြီး လွတ်မြောက် ရေးအတွက် ပူးပေါင်းဆောင်ရွက်နေ

ပြန်ပေးဆွဲခံရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးမှာ အသက်ရှင်နေပြီး လွတ်မြောက် ရေးအတွက် ပူးပေါင်းဆောင်ရွက်နေ

RNA_အောက်တိုဘာ(၁၂)၊၂၀၂၃ ခုနှစ်။ ဟားမတ်စ်အဖွဲ့၏ ပြန်ပေးဆွဲဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးမှာ အသက်ရှင်လျှက်ရှိနေပြီး၊ အစ္စရေး အပါဝင် အာရပ်နိုင်ငံအချို့နှင့်ဖမ်းဆီးခံသူများ လွတ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Sutin Klungsang က ပြောသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး အစီရင်ခံစာတွင် ဟားမတ်စ်အဖွဲ့၏ ပြန်ပေးဆွဲခံထားရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးရှိကြောင်း၊ ထိုင်းအစိုးရသည် ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ ဂျော်ဒန်၊ ကာတာနိုင်ငံများနှင့် ပြန်ပေးဆွဲခံထားရသူများ လွတ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အစ္စရေးနိုင်ငံကလဲ ညှိနှိုင်းဆောင်မှုတွေမှာ ကူညီထောက်ပံ့ပေးနေသည်ဟု ၎င်းကပြောသည်။ (more…)
Read More