သတင်း

BPLA ရဲဘော် အာလေး(ခ) ကာလေး ရှေ့တန်းစစ်မြေပြင်တွင်ကျဆုံး 

BPLA ရဲဘော် အာလေး(ခ) ကာလေး ရှေ့တန်းစစ်မြေပြင်တွင်ကျဆုံး 

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) အပတ်စဉ် (၁) သင်တန်းဆင်း ရဲဘော်အာလေး(ခ) ကာလေး ( ကိုယ်ပိုက်အမှတ် BA 00014) သည် ဒီဇင်ဘာလ (၁၄) ရက်နေ့ နေ့လည် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်က ရှေ့တန်းစစ်မြေပြင်တွင် တော်လှန်ရေး တာဝန်များထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ကြောင်း သိရသည်။ (more…)
Read More
“သေနတ်ကိုင်တိုက် ဓားကိုင်ဖိုက်မဲ့ ၅/” ဟုဆိုကာ ကျေးရွာအတွင်း လှည့်လည်ဆန္ဒပြ

“သေနတ်ကိုင်တိုက် ဓားကိုင်ဖိုက်မဲ့ ၅/” ဟုဆိုကာ ကျေးရွာအတွင်း လှည့်လည်ဆန္ဒပြ

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။ ဒေသခံပြည်သူများဖြစ်သည့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများမှ မိဘပြည်သူများနှင့် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီတို့ ပူးပေါင်းကာ စစ်ကောင်စီတပ်စစ်ကြောင်းများအန္တရယ်ကြားမှ ခက်ခက်ခဲခဲ လူထုအင်အားဖြင့် "၅/ဆိုတာ သေနက်ကိုင်တိုက်မယ် ဓားကိုင်ဖိုက်မယ်" ဟုဆိုကာ ယနေ့ ညနေပိုင်းက ဆန္ဒပြခဲ့ကြသည်။ (more…)
Read More
ပျူစောထီးရွာ ဈေးရောင်သွားသူများကို ကြိမ်ဒဏ်အပြစ်ပေး

ပျူစောထီးရွာ ဈေးရောင်သွားသူများကို ကြိမ်ဒဏ်အပြစ်ပေး

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ် တပ်စွဲထားသည့် ရွှေဘိုမြို့နယ် ကော့ရွာကျေးရွာ(ပျူစောထီးရွာ) ကိုဈေးရောင်းသွားသူများကို Burma Rangers (ShweBo) အဖွဲ့က ကြိမ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။ " ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သတိပေးခြင်းကို မသိကျိုးကျင်ပြု၍ ထပ်မံဝင်ရောက်ဈေးရောင်းချနေသော ပြင်ပဈေးသည်များအား ဒုတိယအကြိမ် ကြိမ်ဒဏ်အပြစ်ပေး၍ ထပ်မံသတိပေးခြင်း။ အထက်ပါကိစ္စနှင့်စပ်လျှင်း၍ ပျူစောထီးနှင့်စစ်ခွေးများ တပ်စွဲထားသော ဟံလင်းကျေးရွာနှင့် ကော့ရွာကျေးရွာတို့အား ပြင်ပဈေးသည်များ ထပ်မံဝင်ရောက်ဈေးရောင်းချခြင်းမပြုရန် နောက်ဆုံးအကြိမ်သတိပေး ထုတ်ပြန်လိုက်ပါသည်" ဟု Burma Rangers (ShweBo) အဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ငလျင်ကြောင့် မင်းကွန်းမြသိန်းတန်စေတီကြီးအပါအဝင် ရှေးဟောင်း အဆောက်ဦအချို့ ပျက်စီးခဲ့ပြီး ဘုရားစိန်ဖူးတော်များ မြေခ

ငလျင်ကြောင့် မင်းကွန်းမြသိန်းတန်စေတီကြီးအပါအဝင် ရှေးဟောင်း အဆောက်ဦအချို့ ပျက်စီးခဲ့ပြီး ဘုရားစိန်ဖူးတော်များ မြေခ

RNA-ဒီဇင်ဘာ ၁၅၊ ၂၀၂၂ ခုနှစ်။   မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် စစ်ကိုင်းမြို့ မင်းကွန်းမြသိန်းတန်စေတီနှင့် မင်းကွန်းပုထိုးတော်ကြီးရှိ ခြင်္သေ့ကြီးအပါအဝင် ဘုရားစေတီ ရှေးဟောင်း အဆောက်ဦအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။ (more…)
Read More
ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်အတွင်းထိ ကြားခဲ့ရသည့် ပေါက်ကွဲသံသည် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်၊ အမှတ် (၂)လမ်းမကြီးနှင့် ကျန်စစ်သားလမ်းဆုံမီးပွိုင့်အရောက် ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က Generation Z Defense Force & Supply Army (GZDF) မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များသည် အခွင့်ရတိုင်း စစ်ကောင်စီတပ်သားများနှင့်လက်အောက်ခံများကို တိုက်ခိုက်မှုများရှိကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကလည်း လမ်းမထွက်ပြီး ဆန္ဒပြမှုများရှိကြောင်း…
Read More
TNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ဝန်းကျင် သေဆုံးပြီး ၂၇ ဦး အရှင်ဖမ်းခံရ 

TNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ဝန်းကျင် သေဆုံးပြီး ၂၇ ဦး အရှင်ဖမ်းခံရ 

RNA_ဒီဇင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ(၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာ(ရဝ်ဘြာန်း) ကျေးရွာဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ဝန်းကျင်သေဆုံးပြီး ၂၇ ဦး အရှင်ဖမ်းခံခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ် အင်အားအများအပြားနှင့် လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အပါအဝင် ကုန်းသာကျေးရွာ ဝန်းကျင်မှာ TNLA နှင့် ဒီဇင်ဘာ (၇) ရက်နေ့ နေ့လည်မှစတင်ကာ ဒီဇင်ဘာလ (၁၁) ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားမှု မရှိပေမဲ့ စစ်ကောင်စီတပ် လေကြောင်းမှတဆင့် ပျံသန်းကြည့်ရှုမှုများရှိကြောင်း သိရသည်။ " တိုက်ပွဲကြီး အောင်မြင်စွာပြီးဆုံး စကစ အလောင်း ၄၇…
Read More
မော်လမြိုင် ရန်ကုန် လေအိတ်အမြန်ရထား မပြေးဆွဲနိုင်တော့၍ လက်မှတ်ခပြန်အမ်း

မော်လမြိုင် ရန်ကုန် လေအိတ်အမြန်ရထား မပြေးဆွဲနိုင်တော့၍ လက်မှတ်ခပြန်အမ်း

RNA_ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၂။ စစ်ကော်စီလက်အောက်ခံ မြန်မာ့မီးရထားသည် မော်လမြိုင်ဘူတာမှ ပြေးဆွဲရန် စီစဉ်ထားသည့် လေအိတ်အမြန်ရထားကို အကြောင်းအမျိုးမျိုးကြောင့် မထွက်ခွာနိုင်ဟု အကြောင်းပြကာ လက်မှတ်ခများ ပြန်လည်အမ်းပေးနေကြောင်း ‌သိရသည်။ "ယနေ့ ( 13.12.2022) နေ့ မော်လမြိုင်ဘူတာမှ ထွက်ခွာမည့် အမှတ်(၈၂)အစုန် မော်လမြိုင် ရန်ကုန် လေအိတ်အမြန်ရထားသည် အကြောင်းအမျိုးမျိုးကြောင့် မော်လမြိုင် ဘူတာမှထွက်ခွာနိုင်ခြင်း မရှိတော့ပါ၍ လက်မှတ်ဝယ်ယူထားသော ခရီးသည်များအား လက်မှတ်ရုံတွင် လက်မှတ်ခများ ပြန်လည်အမ်းပေးနေပြီ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။" ဟု မော်လမြိုင်ဘူတာကြီး Page က ကြေညာထားသည်။ #RedNewsAgency
Read More
မုံရွာမြို့ အထင်ကရနေရာ အချို့တွင် ပြောက်ကျားသပိတ် ပြုလုပ်

မုံရွာမြို့ အထင်ကရနေရာ အချို့တွင် ပြောက်ကျားသပိတ် ပြုလုပ်

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီတပ်သားများ၏ အန္တရာယ်ကြားမှ ဗိုလ်ချုပ်ကြေးရုပ်နှင့် မြို့နယ် နေရာအချို့တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ယနေ့ နံနက်ပိုင်းက ပြောက်ကျားသပိတ် ပြုလုပ်ကာ စစ်အာရှင်အား ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။ စစ်အာဏာရှင်စနစ်မလိုမရှိ၊ လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ PTT အားသပိတ်မှောက်၊ လိပ်ပြာလုံပါစေ  စသည့် စာသားများဖြင့် ဆန္ဒပြခဲ့ကြကြောင်း Red News Agency ကို သတင်းပေးပို့လာသည်။ #RedNewsAgency
Read More
စစ်ကောင်စီ တပ်သားများက ၁၉ နှစ်အရွယ် PDF ရဲဘော်ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်

စစ်ကောင်စီ တပ်သားများက ၁၉ နှစ်အရွယ် PDF ရဲဘော်ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်သားများက ဖမ်းဆီးရမိသည့် အသက် (၁၉) နှစ်အရွယ် PDF ရဲဘော်ကိုဝင်းနိုင်မြင့် ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်သည့် ရုပ်သံမှတ်တမ်းကို ယနေ့ CDF- KKG ကထုတ်ပြန်ထားသည်။ PDF ရဲဘော်အား ညှဉ်းပမ်းနှိပ်စက်နေသည့် ရုပ်သံမှတ်တမ်းကို စစ်ကိုင်းတိုင်း၊ ကလေးနယ်တောင်ပိုင်း၊ ရှားဖိုကျေးရွာ၌ ပြီးခဲ့သည့် မေလအတွင်း တိုက်ပွဲတခုတွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖုန်းတလုံးအား သိမ်းဆည်းရမိစဉ် ဖုန်းအတွင်းပါရှိလာသည့် ရုပ်သံဖိုင်ဖြစ်ကြောင်း Chinland Defense Force - Kalay Kabaw Gangaw - CDF- KKG က ထုတ်ပြန်ထားသည်။ PDF ရဲဘော်သည် အသက် (၁၉) နှစ်ဖြစ်ပြီး အမည် ဝင်းနိုင်မြင့်၊…
Read More
“အမေ့ရင်တွေ ကျိုးပါပြီ” PDF သူရဲကောင်း မိခင် 

“အမေ့ရင်တွေ ကျိုးပါပြီ” PDF သူရဲကောင်း မိခင် 

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရသည့် ယင်းမာပင်ခရိုင် တပ်ရင်း၂၈ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းတပ်မတော်မှ ရဲဘော် မောင်အောင်ပိုင်စိုး (ကိုယ်ပိုင်အမှတ် -P13028 073) ၏ ဈာပနတွင် မိခင်ဖြစ်သူမှာ ရင်ကွဲမတက် ခံစားငိုကြွေးခဲ့ရသည်။ " သား အမေ့ရင်တွေ ကျိုးပါပြီ ငါ့သားရယ်" ဟု စသဖြင့် တမ်းတမ်းတတ ပြောဆို ငိုကြွေးနေခဲ့သည်။ (more…)
Read More