News

ကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း ကိုယ်အင်္ဂါချို့ယွင်းခဲ့ရသည့် ကိုလျှံဖြိုးအောင် ထောင်မှပြန်လွတ်

ကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း ကိုယ်အင်္ဂါချို့ယွင်းခဲ့ရသည့် ကိုလျှံဖြိုးအောင် ထောင်မှပြန်လွတ်

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ငြိမ်းချမ်းစွာဆန္ဒပြစဉ် အကြမ်းဖက်ဖြိုခွင်းခံရမှုအတွင်း ကိုယ်အင်္ဂါ ချို့ယွင်းခဲ့ရသည့် မကွေး နည်းပညာတက္ကသိုလ်၊ မြို့ပြ အင်ဂျင်နီယာဘာသာရပ်၊ ဒုတိယနှစ်ကျောင်းသား ကိုလျှံဖြိုးအောင် ယနေ့ မကွေးထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။ စစ်အာဏာသိမ်းမှုကို ငြိမ်းချမ်းစွာဆန္ဒပြစဉ်အကြမ်းဖက် ဖြိုခွင်းမှုအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် (၁၀၀) ဝန်းကျင်အထိ သေဆုံးခဲ့ရသည့် ၂၀၂၁ ခုနှစ် မတ် ၂၇ ရက်က မကွေးမြို့တွင် ကိုလျံဖြိုးအောင် ဒဏ်ရာရရှိကာ မျက်လုံးတဖက်နှင့် ညာဘက်လက် ဆုံးရှုံးခဲ့ရပြီး ခြေထောက်တွင်လည်း ဒဏ်ရာများ ရရှိခဲ့သည်။ (more…)
Read More
လက်နက်ကြီးများထုတ်လုပ်ကာ မဟာမိတ်များနှင့် မျှဝေပြီး တိုက်ပွဲဝင်နေသည့် Golden Eagle Defence Force 

လက်နက်ကြီးများထုတ်လုပ်ကာ မဟာမိတ်များနှင့် မျှဝေပြီး တိုက်ပွဲဝင်နေသည့် Golden Eagle Defence Force 

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။   သေနတ်အစစ်များရှားပါးနေသည့် စစ်ကိုင်းတိုင်းအတွင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်လုပ် လက်နက်ကြီးများကို အားကိုးအားထားပြုတိုက်ခိုက်နေရသည့်အတွက် လက်နက်ကြီးများ ထုတ်လုပ်နေသည့် Golden Eagle Defence Force ခေါင်းဆောင် ကိုသိမ်းငှက်ကို Red News Agency က မေးမြန်းထားသည်။   စစ်ကိုင်းတိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Golden Eagle Defence Force တပ်ဖွဲ့သည် လက်နက်ကြီးများ ထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို မဟာမိတ်များနှင့်ပူးပေါင်းပြီး တိုက်ခိုက်နေကြကြောင်း၊ မဟာမိတ်များနှင့်အတူ တိုက်ပွဲများတွင် အနီးကပ် ပစ်ခတ်မှုများထက် မိုင်းဆွဲခြင်း၊ လက်လုပ်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုသာ အဓိကထားတိုက်ခိုက်နေရကြောင်း၊ လက်နက်အစစ်များလည်း လိုအပ်နေကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=f41bLHgSzlM[/embedyt] (more…)
Read More
ဆယ်ဇင်း‌ကျေးရွာအနီးတိုက်ပွဲတွင် PDF ရဲဘော် ၁ ဦးနှင့် KIAရဲဘော် ၂ ဦးကျဆုံး

ဆယ်ဇင်း‌ကျေးရွာအနီးတိုက်ပွဲတွင် PDF ရဲဘော် ၁ ဦးနှင့် KIAရဲဘော် ၂ ဦးကျဆုံး

RNA_ဖားကန့်၊ဧပြီ(၇)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မြေမြင့်ရွာအနီး အကြမ်းဖက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း PDF ရဲဘော် ၁ ဦးနှင့် KIA ရဲဘော် ၂ ဦးကျဆုံးခဲ့ရကြောင်း သိရသည်။ ဆယ်ဇင်းကျေးရွာနှင့် မြေမြင့်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံများကို KIA နှင့် PDF တို့ ပူးပေါင်းပြီး ဧပြီလ (၆) ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ကျဆုံးခဲ့ရသည့် PDF ရဲဘော် (ကိုရဲ) သည် ဖားကန့်၌ နွေဦးတော်လှန်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို စတင်ရာတွင် အစောဆုံးအုပ်စုထဲတွင် တက်ကြွစွာပါဝင်ခဲ့သူတစ်ဦးဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်မျာထံမှ သိရသည်။ (more…)
Read More
ကော့ကရိတ် တိုက်ပွဲတွင် Justice Soldier -PDF မှ ရဲဘော် ဘယ်ကျော် ကျဆုံးခဲ့ရ

ကော့ကရိတ် တိုက်ပွဲတွင် Justice Soldier -PDF မှ ရဲဘော် ဘယ်ကျော် ကျဆုံးခဲ့ရ

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး တိုက်ပွဲတွင် ကျားဖြူတပ်ရင်းရုံးကာကွယ်ရေးတပ်ခွဲ၊ ကျားဖြူတပ်ခွဲ ၅ (Justice soldier -PDF) ရဲဘော် ဘယ်ကျော် ဧပြီလ (၆) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရကြောင်း သိရသည်။   ကော့ကရိတ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံများကို Justice Soldier -PDF နှင့် Southern Eagle PDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံ (၄၀) ကျော်သေဆုံးခဲ့သည့်ကို Drone ဖြင့် ကြည့်ခဲ့သည့်အတွက်…
Read More
ရွှေကုက္ကိုဝန်းကျင် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၈၅) ဦးသေဆုံးဟု ထုတ်ပြန်

ရွှေကုက္ကိုဝန်းကျင် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၈၅) ဦးသေဆုံးဟု ထုတ်ပြန်

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကို ဒေသတွင် စစ်ကောင်စီတပ်လက်အောက်ခံ BGF ကထိန်းချုပ်ထားရာ ဧပြီလ ၅ ရက်နေ့မှစတင်ကာ ပူးပေါင်းမဟာမိတ်အဖွဲ့များ တိုက်ခိုက်နေရာ စခန်းကုန်း (၅) ခုသိမ်းနိုင်ထားပြီး စစ်ကောင်စီလက်အောက်ခံ (၈၅) ဦးသေဆုံးကာ (၆၀) ကျော်ဒဏ်ရာရရှိထားကြောင်း Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်း မှ ယမန်နေ့က ထုတ်ပြန်ထားသည်။   စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်ထားသော ရွှေကုက္ကိုလ် ဒေသ ၊ ထီးဝါးပလော၊ ထီးကော်ထောကျေးရွာများအတွင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် BGF များကို ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion ဗျုဟာစစ်ကြောင်းနှင့်တော်လှန်းရေးပူးပေါင်တပ်များမှဗျုဟာမြောက်ဝင်ရောက်စီးနင်းတိုက်ခိုက်ကြကြောင်း၊ စစ်ကောင်စီတပ်နှင့် BGF…
Read More
အင်းစိန်စျေးရှေ့အထိ တန်းစီနေရသည့် ထောင်ဝင်စာတွေ့ ပြည်သူများ

အင်းစိန်စျေးရှေ့အထိ တန်းစီနေရသည့် ထောင်ဝင်စာတွေ့ ပြည်သူများ

RNA_ဧပြီ(၆)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင် ယနေ့ အကျထောင်ဝင်စာရှိသည့်အတွက် ထောင်ဝင်စာလာတွေ့သည့် ပြည်သူများမှာ နံနက် (၆) နာရီကတည်းက စောင့်ဆိုင်းနေကြသော်လည်း အင်းစိန်စျေးရှေ့ထိ လူတန်းရှည်ကြီးဖြစ်ကာ နေပူထဲတွင် စောင့်ဆိုင်းနေကြရကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=tmUK8wBOPyk[/embedyt] #RedNewsAgency
Read More
ပုလဲမြို့နယ်မှ M7 PDF စခန်း စီးနင်းခံရပြီး ရဲဘော် (၇) ဦးပျောက်ဆုံးနေ

ပုလဲမြို့နယ်မှ M7 PDF စခန်း စီးနင်းခံရပြီး ရဲဘော် (၇) ဦးပျောက်ဆုံးနေ

RNA_ဧပြီ(၆)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ M7 People's Defense Force - M7 PDF တပ်ဖွဲ့စခန်းတခုကို ယမန်နေ့ နံနက် ၁၀ နာရီအကျော်က စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပစ်ခတ် စီးနင်းခဲ့သည့်အတွက် စခန်းရှိရဲဘော် (၇) ဦးကျပျောက်ဆုံးနေပြီး (၄) ဦးကျဆုံးထားကြောင်း သိရသည်။   “၁၀ နာရီဝန်းကျင်လောက်မှာ Mi 35 တစ်စီး အရင်တက်လာပြီး​တော့ စခန်းကိုပစ်တယ်၊ ဗိုက်ပူ (Mi 17) နှစ်စီးက လူချတယ် နောက်တခါထပ်သွားသယ်ပြီးတော့ လူထပ်ချတယ် နှစ်စီး နှစ်ခေါက်ဆိုတော့ လေးစီးစာဖြစ်တာပေါ့။ စခန်းမှာလည်း ခွဲတစ်က လူအင်အား ၇၀ ခန့်နဲ့ ခွဲနှစ်မှာလည်း…
Read More
တပ်မမှူးအပြောင်းအလဲသတင်း ထွက်ပေါ်ပြီးနောက် ကျောက်တူးဖော်ရေးကုမ္ပဏီများနှင့် ဈေးနှုန်းအသစ်ညှိနှိုင်းနေ

တပ်မမှူးအပြောင်းအလဲသတင်း ထွက်ပေါ်ပြီးနောက် ကျောက်တူးဖော်ရေးကုမ္ပဏီများနှင့် ဈေးနှုန်းအသစ်ညှိနှိုင်းနေ

RNA_ဖားကန့်၊ ဧပြီ (၆)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်‌၌ ယခုရက်သတ္တပတ်အတွင်း ရှေ့တန်းတပ်မ (၃၃)၏ တပ်မမှူး အပြောင်းအလဲရှိသည်ဟု သတင်းထွက်လာပြီးနောက် ကျောက်တူးဖော်နေသည့် ကုမ္ပဏီလုပ်ငန်းအချို့ ရပ်နားထားသည်ကိုတွေ့ရသည်။ ဧပြီ (၃)ရက်နေ့က စစ်ကောင်စီ၏ တပ်သား (၅၀)ခန့်ပါဝင်သည့် စစ်ကြောင်းက ကုမ္ပဏီအချို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်းရှိ ဒေသအခေါ် စိန်စိန်ကုမ္ပဏီလုပ်ကွက်အတွင်းမှ ဘက်ဟိုးနှင့် မြေသယ်ကား(၁၀)စီးနှင့် အထက် သိမ်းဆည်းသွားခဲ့ပြီး ပြန်ရွေးမည်ဆိုပါက တစ်စီးလျှင်ငွေကျပ် သိန်းတစ်ထောင့်နှစ်ရာနှင့် ပြန်ရွေးခိုင်းကြောင်း ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ (more…)
Read More
ဖားကန့်မှ စစ်ဘေးရှောင်ရွှေ့ပြောင်းနေထိုင်သူများ ဖယ်ရှားရန် ဖိအားပေးခံနေသည့်အတွက် အခက်အခဲဖြစ်နေ

ဖားကန့်မှ စစ်ဘေးရှောင်ရွှေ့ပြောင်းနေထိုင်သူများ ဖယ်ရှားရန် ဖိအားပေးခံနေသည့်အတွက် အခက်အခဲဖြစ်နေ

RNA_ဖားကန့် ၊ ဧပြီ (၅)၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာရှိ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ဘေးရှောင်လာသော ပြည်သူများစုဖွဲ့နေထိုင်နေသည့် ရွှေ့ပြောင်းနေအိမ်များကို ရပ်မိ/ရပ်ဖ ဆိုသူများက ကျောက်တူးဖော်ရေးကုမ္ပဏီလုပ်ငန်းများဆောင်ရွက်နိုင်ရန် အကြိမ်ကြိမ် ဖယ်ရှားပေးရန် ဖိအားပေးခံနေရသည့်အတွက် ရွှေ့ပြောင်းနေထိုင်သည့်ပြည်သူများ နေစရာအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။   "ကျွန်တော်တို့က မြေနေရာလေးတစ်ခုရဖို့ပါပဲ၊ အဓိက နေစရာရဖို့ပါပဲ၊ ဒီနေရာကရွှေ့ရရင် ဘယ်မှာနေရမလဲမသိဘူး၊ အတင်းရွှေ့ခိုင်းတဲ့နေရာက မိုးရွာတာနဲ့ပါမှာ၊ မျောချောင်းဘေးမှာ၊ ကျနော်တို့မြေနေရာရချင်တယ်လို့ ပထမတောင်းဆိုလို့ပေးတဲ့နေရာက ကချင်ရိုးရာက ပိုင်တာလို့ကြားရတယ်၊ ပြန်ရွှေ့ဆိုရင် ရွှေ့ရမှာ၊ သတ်သတ်မှတ်မှတ်မရှိဘူး"ဟု စစ်ဘေးရှောင် ရွှေ့ပြောင်းပြည်သူတစ်ဦးက ပြောသည်။ (more…)
Read More
ကရင်နီပြည်နယ်၏ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား

ကရင်နီပြည်နယ်၏ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား

RNA_ဧပြီ(၅)၊၂၀၂၃ ခုနှစ်။   “စစ်ကောင်စီတပ်သားတွေက ရှေ့တန်းမှာ အသေခံပေးနေရတယ်လို့ ပြောလို့ရတယ်၊ သူတို့ကို အမိန့်ပေးတဲ့သူကတော့ ပေးနေတာ သူတို့ရဲ့ တပ်သားတွေက အတုန်းအရုန်းကို သေနေကြတာ၊ သေပေးနေရတာပေါ့နော် အဲ့တဖွဲ့တက်လာတယ် အဲတဖွဲ့သေသွားရင် နောက်တဖွဲ့တက်လာ ထပ်သေ အလောင်းတွေလည်း ပြန်မဆွဲဘူး ရတဲ့ သေနတ်လောက်ပဲ ပြန်ဆွဲသွားတယ်။ စစ်မြေပြင်မှာဆိုလို့ရှိရင်ဗျာ စစ်ကောင်စီတပ်သားတွေက ဆောက်တည်ရာမရတော့ဘူး ဦးတည်ရာပတ်ပြေးနေကြရတာ အဲသလိုအနေအထားမျိုးပေါ့” ဟု စစ်မြေပြင်နှင့်ပတ်သက်ပြီး KNDFဗဟို သတင်းပြန်ကြားရေးနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။ [embedyt] https://www.youtube.com/watch?v=gn6JTynq88E[/embedyt] နွေဦးတော်လှန်ရေးအတွင်း ခုခံစစ်အားကောင်းသည့် ကရင်နီ (ကယား) ပြည်နယ်တွင် ၆၀ ရာခိုင်နှုန်လောက်ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး၊ ကြားခံ စစ်မြေပြင်အဖြစ် ၂၀ ရာခိုင်နှုန်း၊…
Read More