News

Cobra စစ်ကြောင်းထံ Venom စစ်ကြောင်းရှိ ရဲဘော်အားလုံး လာရောက်ပူးပေါင်း

Cobra စစ်ကြောင်းထံ Venom စစ်ကြောင်းရှိ ရဲဘော်အားလုံး လာရောက်ပူးပေါင်း

RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်အားကောင်းနေသည့် ဗိုလ်ဒါဘောဦးဆောင်သည့် Cobra စစ်ကြောင်းထံသို့ Venom စစ်ကြောင်းတစ်ကြောင်းလုံး ဧပြီလ ၆ ရက်နေ့က လာရောက်ပူးပေါင်းကြောင်း သိရသည်။ Venom စစ်ကြောင်းတစ်ကြောင်းလုံးသည် Cobra စစ်ကြောင်းထံသို့ လာရောက်ပူးပေါင်းခဲ့သည့်အတွက် ဗိုလ်ဒါဘောမှ ကော်ဘရာစစ်ဆင်ရေးမှူးအဖြစ် တာဝန်ယူကာ ကော်ဘရာစစ်ကြောင်း၏ ဖွဲ့စည်းပုံအား စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) ဟူ၍ ပြန်လည်ဖွဲ့စည်းထားသည်ဟု Cobra စစ်ကြောင်းမှ ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
မီဇိုရမ်ပြည်နယ်သား (၃) ဦးသတ်ဖြတ်ခံရမှုအတွက် ကျူးလွန်သူဟု ယူဆရသူများကို CDF – Mindat ဖမ်းဆီးရမိ

မီဇိုရမ်ပြည်နယ်သား (၃) ဦးသတ်ဖြတ်ခံရမှုအတွက် ကျူးလွန်သူဟု ယူဆရသူများကို CDF – Mindat ဖမ်းဆီးရမိ

RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။ အိန္ဒိယနိုင်ငံ၊ မီဇိုရိမ်ပြည်နယ်သား (၃) ဦး ချင်းပြည်နယ်အတွင်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူများကို လုံလောက်သော သက်သေအထောက်အထားများနှင့်တကွ ဖမ်းဆီးရမိပြီဟု CDF - Mindat ကယနေ့ ထုတ်ပြန်ထားသည်။ မြန်မာ-အိန္ဒိယ နယ်စပ် မြန်မာဘက်ခြမ်း ချင်းပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့က မီဇိုရိမ်ပြည်နယ်သား (၃) ဦး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။ (more…)
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့်အတွက် ကျည်အနည်းငယ်သာ သိမ်းဆည်းရမိ

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့်အတွက် ကျည်အနည်းငယ်သာ သိမ်းဆည်းရမိ

RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်- မိုင်းလုံ ဆက်သွယ်ရေးလမ်းမပေါ်ရှိ (၁၈) မိုင် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA နှင့်ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့်အတွက် လက်နက်ကြီးကျည်အနည်းငယ်သာ သိမ်းဆည်းရမိကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=ROJAPMkG5M8[/embedyt] မိုးကုတ်- မိုင်းလုံ ဆက်သွယ်ရေးလမ်းမပေါ်ရှိ (၁၈) မိုင်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် တမ်မ (၈၈) လက်အောက်ခံများကို KIA၊ K- PDF (Kachin - Region )၊ PDF (NUG )၊ ကျောင်းသားတပ်မတော်( A.B.S.D.F -ရှမ်းမြောက်ဒေသ)အပါအဝင် မဟာမိတ်တပ်ပေါင်းစုတို့မှ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဧပြီလ (၇) ရက်နေ့က…
Read More
စစ်ကောင်စီပြုလုပ်မည့် သင်္ကြန် ပြည်သူများ ဆန့်ကျင်စေရန် ဗဟိုမဏ္ဍပ်ကို အသံမိုင်းခွဲ သတိပေး

စစ်ကောင်စီပြုလုပ်မည့် သင်္ကြန် ပြည်သူများ ဆန့်ကျင်စေရန် ဗဟိုမဏ္ဍပ်ကို အသံမိုင်းခွဲ သတိပေး

RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။ ပြည်သူများ ပျော်ရွှင်‌နေပြီး စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲနေသည်ဟု အကြောင်းပြရန် စစ်ကောင်စီ ပြုလုပ်မည် သင်္ကြန်ပွဲတော်တွင် ပြည်သူများ ပူးပေါင်းပါဝင်မှု မပြုလုပ်ကြရန်နှင့် ဆန့်ကျင်သပိတ်မှောက်ရန် ဗဟိုမဏ္ဍပ်ကို အသံမိုင်းခွဲ သတိပေးလိုက်ကြောင်း Bago Region PDF ကထုတ်ပြန်ထားသည်။ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် အကြမ်း ဖက်စစ်ကောင်စီက ၎င်းတို့၏အကျိုးစီးပွားအတွက် ဟန်ပြကျင်းပမည့် သင်္ကြန်ပွဲ‌တော်အား သပိ‌တ်မှောက်ဆန့်ကျင်ကြရန် တိုက်တွန်းသည့်အနေဖြင့် ပေါင်းတည်မြို့နယ်ပကဖ (နွေဦးအဖွဲ့)က ဗဟိုမဏ္ဍပ်ကို ယနေ့  နံနက် (၅) နာရီခန့်က အသံမိုင်းခွဲ၍ သတိပေးထားသည်။ (more…)
Read More
စစ်ကောင်စီတပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၇) ဦးသေ 

စစ်ကောင်စီတပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၇) ဦးသေ 

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်- ပြင်ဦးလွင် - ကျောက်မဲ ဆက်သွယ်ရေး လမ်းမပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲများအထိုင်ချသည့် လယ်ကြီးဂိတ်စခန်းကို KIA နှင့် ပူးပေါင်းများဟာမိတ်များ သွားရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့်ရဲ (၇) ဦးသေဆုံးပြီး (၇) ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။ [embedyt] https://www.youtube.com/watch?v=StkAIa1qpr8[/embedyt] KIA၊ K- PDF ( Kachin Region )၊ PDF( NUG )၊ ကျောင်းသားတပ်မတော်( A.B.S.D.F )၊ ရှမ်းမြောက်ဒေသ မဟာမိတ်တပ်ပေါင်းစုတို့မှ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဧပြီလ (၇) ရက်နေ့ နံနက် (၇) နာရီ (၄၀)…
Read More
ယနေ့ ရွှေကုက္ကို တိုက်ပွဲတွင် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား စောသန့်အေဗယ် ကျဆုံး

ယနေ့ ရွှေကုက္ကို တိုက်ပွဲတွင် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား စောသန့်အေဗယ် ကျဆုံး

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ စစ်ကောင်စီတပ်နှင့် BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကို မြို့သစ်ကို တော်လှန်ရေး အင်အားစုများ ယနေ့ဝင်တိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံးရှိပြီး တော်လှန်ရေးတပ်ဖွဲ့ဖက်မှ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ် ကျောင်းသား ရဲဘော်စောသန့်အေဗယ် ကျဆုံးသည့်အထဲ ပါဝင်ခဲ့ကြောင်း သိရသည်။ "ဒီနေ့ ရွှေကုက္ကို ဝင်တိုက်ကျတယ်၊ နှစ်ဖက်အကျအဆုံးရှိတယ်၊ စစ်ကောင်စီဘက်က အသေတော့ များတယ်၊ မနက်ပိုင်းမှာပဲ ရဲဘော်စောသန့်အေဗယ်တို့ရှေ့ လက်နက်ကြီးကျတာ အဲမှာတင် နှစ်ယောက် အနည်းဆုံးကျသွားတယ်လို့ သိရတယ်၊ ကျနော်တို့နဲ့ လုပ်ဖော်ကိုင်ဘက် ရဲဘော်ပါ တော်တော်စိတ်မကောင်း ဖြစ်ရတယ်ဗျာ " ဟု ရဲဘော်စောသန့်အေဗယ်၏ မိတ်ဆွေ ရဲဘော်တဦးက Red News Agency ကိုပြောသည်။ (more…)
Read More
ဒီးမော့ဆို အရှေ့ခြမ်း တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံး

ဒီးမော့ဆို အရှေ့ခြမ်း တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံး

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ပေါ် တစ်ကြောတွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များအကြား ဧပြီလ (၄)ရက်နှင့် (၅)ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးကျော်သေဆုံးပြီး၊ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိကြောင်း သိရသည်။ "ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၁၀)ဦးကျော်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများပြားပြီး စစ်ကောင်စီ၏ စစ်ကြောင်းထိုးနေသော တပ်ရင်းများထဲမှ ခမရ (၅၁၇) တပ်ရင်း အမှတ်တံဆိပ်ပါ MA-1 သေနတ် (၂)လက် ၊ MA-3 သေနတ် (၁)လက် နှင့် ကျည်ဆံများ ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်း အချို့တို့…
Read More
ရှရှား၊ တရုတ်နှင့် မြောက်ကိုရီယားနိုင်ငံတို့မှ စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များရောက်ရှိနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရှရှား၊ တရုတ်နှင့် မြောက်ကိုရီယားနိုင်ငံတို့မှ စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များရောက်ရှိနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မင်းလှမြို့နယ်၊ အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံတွင် ရှရှား၊ တရုတ်နှင့် မြောက်ကိုရီယားနိုင်ငံတို့မှ စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်များရောက်ရှိနေချိန် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People's Revolution Alliance (PRA-Magway) ကယနေ့ ထုတ်ပြန်ထားသည်။   မင်းလှမြို့နယ်၊ အမှတ် (၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး (၂) လုံးဖြင့် People's Revolution Alliance (PRA-Magway)၊ အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အထက်မင်းလှ ပ.က.ဖ)၊ မကွေးတောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SMPDF)နှင့် အရှိုချင်းကာကွယ်ရေးတပ်၊ Key of Revolution ပြောက်ကျားတပ်တို့ ပူးပေါင်းပါဝင်ပြီး ယမန်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း စက်ရုံအဆောက်အဦ မီးလောင်ပျက်စီးခဲ့ပြီး…
Read More
ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု ရှေ့လုပ်ငန်းစဉ်များကို ဥက္ကဌပြောကြား

ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု ရှေ့လုပ်ငန်းစဉ်များကို ဥက္ကဌပြောကြား

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု- Karenni Revolution Union - KRU ၏ ဖြတ်သန်းခဲ့ပုံ အဆင့်ဆင့် ၊ တပ်ရင်းဖွဲ့စည်းဖြစ်ပုံနှင့် ရှေ့လုပ်ငန်းစဉ်များကို KRU တပ်ပေါင်းစု ဥက္ကဌ ဦးကျော်ထက်မှ ယနေ့ ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=wV_sEfWsZno[/embedyt] Karenni Revolution Union (KRU) သည် ၂၀၂၃ ခုနှစ် ဧပြီလ (၇) ရက်နေ့က တပ်တည်ထောင်ခြင်း (၁) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ကွဲပြားနေသော တော်လှန်ရေး အင်အားစု များကို ပေါင်းစည်း၍ တစ်သွေးတစ်သံ တစ်မိန့်တည်းအောက်တွင် စစ်ရေးများဖော်ဆောင်ရန်နှင့် လက်နက်အင်အား လူအင်အား ပိုမိုတောင့်တင်းနိုင်ရေးရည်ရွယ်ကာ ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ကြောင်း၊ ထပ်မံ၍ တပ်ပေါင်းစု အသွင်‌သဏ္ဍန်မှ…
Read More
သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ထောင်ဒဏ် (၆) နှစ်ချမှတ်

သိက္ခာတော်ရ ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ထောင်ဒဏ် (၆) နှစ်ချမှတ်

RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။ မြစ်ကြီးနားထောင်တွင် မတရားဖမ်းဆီးချုပ်နှေင်ခံထားရသည့် ကချင်နှစ်ခြင်းခရစ်ယာအဖွဲ့ချုပ် - KBC အကြံပေး သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီလက်အောက်ခံတရားရုံးမှ ယနေ့ ထောင်ဒဏ် (၆) နှစ် ချမှတ်လိုက်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူထံမှ သိရသည်။ အမိန့်ချမှတ်ခဲ့သော ယနေ့သည် ခရစ်ယာန်ဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်သည့် မဟာသောကြာကြီး (Good Friday) နေ့ဖြစ်ကြောင်း၊ သခင်ခရစ်တော်ကို မတရား ကားစင်တင်ခံရန် အမိန့်ချသည့်နေ့မှာသိက္ခာ တော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို ထောင်ဒဏ်ချမှတ်သည်မှာ စစ်ကောင်စီ၏ ဘာသာရေးနှင့်လူမျိုးရေး အငြိုးအတေးဖြစ်ကြောင်း ခရစ်ယာန်ဘာသာဝင်တဦးက ပြောသည်။ (more…)
Read More