တကသ

လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့ စျေးတခုအတွင်း လူထုသပိတ်ဖော်ဆောင်

လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့ စျေးတခုအတွင်း လူထုသပိတ်ဖော်ဆောင်

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့တွင် လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ သပိတ်အင်အားစုများစုပေါင်း၍ ယနေ့ နံနက်ပိုင်းက စျေးတခုအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။ “လူထုကြီးရဲ့ ရွပ်ရွပ်ချွံချွံတော်လှန်မှုကြောင့် ဒီကနေ့မှာတော့ အာဏာလောဘ တက်ပြီး လူထုကို ဖိနှိပ်နေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုဟာ မရှုမလှ အရေးနိမ့်နေပါပြီ၊ပြိုကျနေပါပြီ..။ ပျက်စီးနေပါပြီ”ဟု ကိုနန်းလင်းကဟောပြောခဲ့ကြောင်း တကသကျောင်းသားဟောင်းများအင်အားစု - University Students’ Unions Alumni Force ထံမှ သိရသည်။   တိုင်းပြည်နှင့် တပ်မတော်ကို ကယ်တင်ချင်ပါက ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်များလက်အောက်မှ အမြန်ဆုံး ရုန်းထွက်ကြရန်၊ ပြည်သူနှင့် ပူးပေါင်းပြီး ပြည်သူ့ဘက်ရပ်တည်ကြရန် မြန်မာ့တပ်မတော်သားများကို ရည်ရွယ်၍ ကိုနန်းလင်းက ပြောကြားခဲ့သေးသည်။ #RedNewsAgency
Read More
စစ်အာဏာရှင်စနစ်ကို လက်ခံနေပါက အချိန်မရွေး ကျွန်တော်တို့ခေါင်းထဲကို ကျည်ဆံတွေ ရောက်လာနိုင်ပါတယ်

စစ်အာဏာရှင်စနစ်ကို လက်ခံနေပါက အချိန်မရွေး ကျွန်တော်တို့ခေါင်းထဲကို ကျည်ဆံတွေ ရောက်လာနိုင်ပါတယ်

RNA- ဖေဖော်၀ါရီ ၂၁ ရက်။ အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြသည့်အနေဖြင့် ယနေ့ နံနက်ပိုင်းက တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့များ ပူးပေါင်းကာ မြောက်ဥက္ကလာပမြို့နယ်အတွင်းမှ လေဆိပ်သို့ချီတက်လမ်းလျှောက်ကာ ဆန္ဒပြခဲ့ကြပြီး၊ လေဆိပ်ဝန်းတံခါး ပိတ်ဆို့တားဆီးသည့်အနေရာတွင် ထိုင်သပိတ်ပြုလုပ်ကာ လေဆိပ်ဝန်းအတွင်းမှ CDM ပြုလုပ်နေသူများကို သွားရောက်ဝန်းရံခဲ့ကြသည်။ Red News Agency
Read More