လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ရန်ကုန်မြို့ စျေးတခုအတွင်း လူထုသပိတ်ဖော်ဆောင်

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၃ ခုနှစ်။

ရန်ကုန်မြို့တွင် လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ သပိတ်အင်အားစုများစုပေါင်း၍ ယနေ့ နံနက်ပိုင်းက စျေးတခုအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။

“လူထုကြီးရဲ့ ရွပ်ရွပ်ချွံချွံတော်လှန်မှုကြောင့် ဒီကနေ့မှာတော့ အာဏာလောဘ တက်ပြီး လူထုကို ဖိနှိပ်နေတဲ့ မင်းအောင်လှိုင် စစ်အုပ်စုဟာ မရှုမလှ အရေးနိမ့်နေပါပြီ၊ပြိုကျနေပါပြီ..။ ပျက်စီးနေပါပြီ”ဟု ကိုနန်းလင်းကဟောပြောခဲ့ကြောင်း တကသကျောင်းသားဟောင်းများအင်အားစု – University Students’ Unions Alumni Force ထံမှ သိရသည်။

 

တိုင်းပြည်နှင့် တပ်မတော်ကို ကယ်တင်ချင်ပါက ကိုယ်ကျိုးရှာ စစ်ဗိုလ်ချုပ်များလက်အောက်မှ အမြန်ဆုံး ရုန်းထွက်ကြရန်၊ ပြည်သူနှင့် ပူးပေါင်းပြီး ပြည်သူ့ဘက်ရပ်တည်ကြရန် မြန်မာ့တပ်မတော်သားများကို ရည်ရွယ်၍ ကိုနန်းလင်းက ပြောကြားခဲ့သေးသည်။

#RedNewsAgency

By Editor