အစ္စရေးအစိုးရနှင့် ဟားမတ်စ်တို့ ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက် ဓားစာခံ ၅၀ ဦးထပ်မံလွတ်မြောက်

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၃ ခုနှစ်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ဖမ်းဆီးသွားသော ဓားစာခံ ၂၄၀ ဦးအနက် ၅၀ ဦးကို လွှတ်ပေးရန်နှင့် ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အစ္စရေးအစိုးရမှ ထောက်ခံမဲ ၃၅ မဲနှင့် နိုဝင်ဘာ ၂၂ ရက်နေ့က သဘောတူညီချက်ရရှိခဲ့ပြီးနောက် ယနေ့ နံနက် (နိုဝင်ဘာ ၂၃ ရက်) ၁၀ နာရီခန့်မှာ ဓားစာခံ ၅၀ ဦး လွတ်မြောက်လာကြောင်း အစ္စရေးအစိုးရက ထုတ်ပြန်ထားသည်။

“အခု ဓါးစာခံတွေ ပြန်လည်လွှတ်မြောက်လာဖို့အတွက် ဆွေးနွေးနေချိန်မှာ ကျွန်တော်သက်သေချပြရမယ့်ဟာတစ်ခုနဲ့ စတင်ပါမယ်၊ ဓါးစာခံတွေပြန်လည်လွတ်မြောက်စေဖို့အတွက် ကျွန်တော်တို့ဟာ စစ်ပွဲတွေကို ရပ်ထားရပါမယ်၊ ကိစ္စတွေပြီးသွားရင်တော့ စစ်ပွဲတွေ ပြန်စရပါမယ်၊ မနေ့က ဓါးစာခံမိသားစုတွေနဲ့ တွေ့ဆုံခဲ့ကာ သူတို့ရဲ့အသံတွေ ငိုကြွေးတာတွေ နားထောင်ပြီးတော့ ဓါးစာခံတွေအားလုံး ပြန်လည်လွတ်မြောက်ရေးဟာ ကျွန်တော်တို့ရဲ့ တာဝန် ဖြစ်ပါတယ်လို့ ” အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ပြောပါတယ်။

အစ္စရေး-ဟားမတ်စ်စစ်ပွဲ ရက်ပေါင်း ၅၀ အတွင်းမှာ ပထမဆုံးအကြိမ် နှစ်ဖက်သဘောတူညီချက်များဖြစ်သည့် ၄ ရက် အပစ်ခတ်ရပ်စဲခြင်း၊ ဟားမတ်စ်များ ဖမ်းဆီးသွားသည့် ဓားစာခံ ၂၄၀ ဦးအနက် ပထမအဆင့် ၅၀ ဦး ပြန်လွှတ်ပေးခြင်း၊ အစ္စရေးမှ ဖမ်းဆီးထားသည့် ပါလက်စတိုင်း ဓားစာခံ ၃၀၀ အနက် ၁၅၀ လွှတ်ပေးရန် နိုဝင်ဘာ ၂၂ ရက်က သဘောတူညီချက် ရခဲ့ကြောင်း၊ ကျန်ရှိနေသည့် ဓါးစာခံများ လွတ်မြောက်ရေးအတွက် ထပ်မံညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရသည်။

ဂါဇာကမ်းမြောင်ဒေသ အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း အစ္စရေးဘက်မှ အရပ်သား ၁၂၀၀ ဦးခန့် သေဆုံးသွားခဲ့ကြောင်း၊ ဟားမတ်စ်ဘက်မှ ပါလက်စတိုင်းအရပ်သား ၁၄၀၀၀ ဦးခန့် သေဆုံးသွားခဲ့ကြောင်း၊ စစ်ပွဲအတွင်း အစ္စရေးရောက် နိုင်ငံခြားသားများလည်း ဓားစာခံအဖြစ် ဖမ်းဆီးခံရမှုများရှိပြီး သေဆုံးမှုများလည်းရှိကြောင်း သိရသည်။

#RedNewsAgency

By Editor