Editor

1552 Posts
ခံစစ်ကောင်းကောင်းမရှိ တိုက်စစ်ကောင်းကောင်းမရှိတဲ့ စစ်ကောင်စီတပ်

ခံစစ်ကောင်းကောင်းမရှိ တိုက်စစ်ကောင်းကောင်းမရှိတဲ့ စစ်ကောင်စီတပ်

"ရက်ပိုင်းအတွင်း စစ်စခန်း ၇၀ ကျော်နဲ့ မြို့တွေကိုပါသိမ်းတယ်၊ တချို့မြို့တွေကိုတော့ အပြင်ကနေထိန်းချုပ်ထားနိုင်တယ်ဆိုတာကို ကြည့်ရင် အင်အားကြီးတဲ့ စစ်ရေးဖြစ်တယ်" ချမ်းမင်း အခုရက်ပိုင်းအတွင်း နွေဦးတော်လှန်ရေးနဲ့ဆက်စပ်နေတဲ့ စစ်ရေးသတင်းတွေနဲ့ပတ်သတ်ပြီး ရှမ်းမြောက်ဘက်က MNDA ၊ TNLAနဲ့ AA မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖော်ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အတော်လေး ဟိုလေးတစ်ကျော်နဲ့ နာမည်ကြီးနေပါတယ်။ ၂၀၂၁ ခုနှစ်အာဏာသိမ်းနောက်ပိုင်းအတွင်း အဆိုပါညီနောင်မဟာမိတ်သုံးဖော်အနေနဲ့ စစ်ရေးလှုပ်ရှားမှု သိပ်မရှိတာမို့ စစ်တပ်က သတိမထားမိလိုက်တဲ့အချိန်မှာ အခုလို စစ်ဆင်ရေးကြီးကြီးမားမား ပြုလုပ်လိုက်ခြင်းဟာ နွေဦးတော်လှန်ရေးအတွက်တော့ စိတ်ဓာတ်ရေးအရကော၊ အောင်မြင်မှုအရပါ အကျိုးအမြတ်ကြီးကြီးမားမားရလိုက်တယ်လို့ဆိုနိုင်ပါတယ်။ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ကြောင်းကြေငြာပြီးတာနဲ့ နိုင်ငံအနှံ့မှာရှိတဲ့ တခြားသော တော်လှန်ရေးတပ်ဖွဲ့ပေါင်းစုံကလည်း မြောက်ပိုင်းသုံးဖွဲ့ရဲ့၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုကြောင်းနဲ့…
Read More
MDY PDF ၏ “တောင်သမန် စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်များအပါအဝင် (၇) ဦးဖမ်းဆီးရမိ

MDY PDF ၏ “တောင်သမန် စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်များအပါအဝင် (၇) ဦးဖမ်းဆီးရမိ

RNA_အောက်တိုဘာ(၃၁)၊၂၀၂၃ ခုနှစ်။ ညီနောင် မဟာမိတ်(၃)ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ မန္တလေး PDF ရဲဘော်များ ဆင်နွှဲနေသည့် တောင်သမန် စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်မှ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးအဆင့် ၁ ဦး၊ ဗိုလ်ကြီး ၁ဦး၊ တပွင့်ဗိုလ် ၁ ဦးအပါအဝင် (၇) ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ "၂၀၂၃ ခုနှစ် အောက်တိုဘာ (၂၆) ရက်နေ့ မှ အောက်တိုဘာ(၃၀) ရက်နေ့အတွင်း ဗိုလ်မှုးအဆင့်ရှိ နယ်ခြားစောင့် တပ်ဖွဲ့ဝင်(၁)ဦး၊ ဗိုလ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦး၊ တစ်ပွင့်ဗိုလ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး၊ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦး၊ ပြည်သူ့စစ် (၂)ဦးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်း…
Read More
တရုတ်စွန့်ပစ်ခံဖြစ်လာတဲ့ အာဏာရှင်တစ်စု

တရုတ်စွန့်ပစ်ခံဖြစ်လာတဲ့ အာဏာရှင်တစ်စု

"နိုင်မြင်းကိုသိလာတဲ့ တရုတ်ဟာ အာဏာသိမ်းစစ်တပ်ကို တဖြည်းဖြည်း ဖယ်ကျဉ်လာပါတယ်" လှဆောင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အမေရိကန်ကို နာမည်တပ်ပြီး မကောင်းကြောင်းပြောနေတဲ့အချိန်မှာပဲ သူအားကိုးတဲ့ တရုတ်က အာဏာသိမ်းစစ်တပ်ကို ဥပက္ခာပြုလိုက်ပါပြီ။ အောက်တိုဘာလ တတိယပတ်ထဲ ကျင်းပခဲ့တဲ့ ရပ်ဝန်းနဲ့ပိုးလမ်းမစီမံကိန်း ၁၀ နှစ်ပြည့် မကျင်းပခင် တရုတ်နိုင်ငံကို မင်းအောင်လှိုင်ရဲ့ကိုယ်စားလှယ်တွေ ခပ်စိပ်စိပ်စေလွှတ်ခဲ့ပါတယ်။ ဒါဟာ စီမံကိန်း ၁၀ နှစ်ပြည့်ပွဲကို မင်းအောင်လှိုင်တက်ခွင့်ရရေးအတွက် ကြိုးပမ်းမှုအဖြစ် ပုံဖော်ကြည့်လို့ရပါတယ်။ ဒါပေမဲ့လည်း အဲဒီ ၁၀ နှစ်ပြည့်ပွဲကို မင်းအောင်လှိုင်တက်ခွင့်မရခဲ့ပါဘူး။ အကြောင်းက တရုတ်ဘက်က မဖိတ်ကြားခဲ့လို့ပါ။ အဲဒီပွဲကိုတော့ စစ်ကောင်စီရဲ့ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဖြစ်တာ မကြာသေးတဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့အဖွဲ့ပဲ တက်ရောက်ခွင့်ရခဲ့ပါတယ်။ "ရှီကျင်းဖျင်က မင်းအောင်လှိုင်ကို ဂါရဝပြု" ဆိုပြီး…
Read More
ရက္ခိုင့်တပ်တော် ရဲဘော်များ မြောက်ပိုင်းတိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းမှာပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ

ရက္ခိုင့်တပ်တော် ရဲဘော်များ မြောက်ပိုင်းတိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းမှာပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ

RNA_အောက်တိုဘာ(၃၀)၊၂၀၂၃ ခုနှစ်။ ရက္ခိုင့်တပ်တော် (Arakan Army) ရဲဘော်များသည် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) တွင် ပါဝင်ပြီး ရှမ်းမြောက်တိုက်ပွဲများအပြင် ကချင် တော်လှန်ရေးအင်အားစုများနှင့် အခြား မဟာမိတ်များပူးပေါင်းကာ စစ်ကိုင်းတိုင်းအတွင်းမှာပင် တိုက်ပွဲဝင်နေကြောင်း ညီနောင်မဟာမိတ်၃ဖွဲ့ထံမှသိရသည်။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျောက်တွင် ဒေသခံတော်လှန်ရေးအင်အားစုများနှင့်အတူ ရက္ခိုင့်တပ်တော် (Arakan Army) ရဲဘော်များက အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ကို အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး ယနေ့ ( အောက်တိုဘာ ၃၀ ရက်) နံနက် ၈ နာရီထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။ (more…)
Read More
တစ်လှိုင်းပြီးတစ်လှိုင်း (သို့) MNDAA ရဲ့ အိမ်ပြန်လမ်းလား

တစ်လှိုင်းပြီးတစ်လှိုင်း (သို့) MNDAA ရဲ့ အိမ်ပြန်လမ်းလား

"ချင်းရွှေဟော်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်လိုက်ပါတယ်။ ချင်းရွှေဟော်ရဲ့ မြောက်ဘက်မှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA တို့ရဲ့ ဌာနချုပ်ဟောင်း လောက်ကိုင်မြို့ရှိပါတယ်။ လောက်ကိုင်ဟာ အရင်တုန်းက MNDAA ရဲ့ ဌာနချုပ်" ***************************** လှဆောင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့အတူ လက်တွေ့လုပ်ဆောင်ချက်တွေက ဒီနေ့ တစ်နိုင်ငံလုံးက ပြည်သူတွေကို အံ့အားသင့်သွားစေပါတယ်။ သူတို့ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ထဲမှာ အွန်လိုင်းလောင်းကစားလိမ်လည်မှုတွေ ပပျောက်ရေးအတွက်ပါလို့ ခေါင်းစဉ်တပ်ထားတဲ့အတွက် အိမ်နီချင်း တရုတ်နိုင်ငံက မီးစိမ်းပြလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီနေ့ အကြီးအကျယ်တိုက်ပွဲဖြစ်ပြီး တံတားပါ ပျက်စီးခဲ့တဲ့နေရာဟာ နယ်စပ်ကုန်သွယ်ရေးဂိတ် ချင်းရွှေဟော်အဝင်မှာပါ။ အဲဒီ ချင်းရွှေဟော်မြို့ဆိုတာဟာ မန်းလေးဘက်က တက်လာရင် လားရှိုးအကျော် မူဆယ်မရောက်ခင် သန္နီမြို့လမ်းခွဲကနေ ညာဘက်ချိုးသွားရတာပါ။…
Read More
ဘုန်းကြီးကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကျားဖြူစစ်ကြောင်းရဲဘော်များ စီးနင်းတိုက်ခိုက်

ဘုန်းကြီးကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကျားဖြူစစ်ကြောင်းရဲဘော်များ စီးနင်းတိုက်ခိုက်

RNA_အောက်တိုဘာ(၂၈)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း၊ ချောင်းဆုံ ဘုန်းကြီး ကျောင်းမှာ တပ်စွဲထားသည့် အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်သားများကို ယမန်နေ့ နံနက် ၅ နာရီဝန်းကျင်က ကျားဖြူစစ်ကြောင်း ရဲဘော်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ "ချောင်းဆုံဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ နေရာကို ကျ‌နော်တို့ ကျားဖြူတပ်ခွဲ ၄ အပါအဝင် ကျားဖြူစစ်ကြောင်းက ညီအစ် ကိုတွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်း နိုင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် နံနက် ၁၁ နာရီထိ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီက တပ်ကြပ်ကြီး (၁)ဦး သေဆုံးကာ စကစတပ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် စရင်းအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်"ဟု Albino Tiger…
Read More
၁၀၂၇ စစ်ဆင်ရေး ပထမနေ့တွင် တအာင်းဒေသ၌ စစ်စခန်းများကို သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

၁၀၂၇ စစ်ဆင်ရေး ပထမနေ့တွင် တအာင်းဒေသ၌ စစ်စခန်းများကို သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_အောက်တိုဘာ(၂၈)၊၂၀၂၃ ခုနှစ်။ ယမန်နေ့က စတင်လိုက်သည့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ပထမနေ့က တအာင်းပြည်နယ်၊ တပ်မဟာ(၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၌ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် တအာင်းတပ်မတော် PSLF/TNLA မှ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သော နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃) မိုင်တပ်စခန်း၊ ၁၂-မိုင် တပ်စခန်း၊ မန်မိုင်တပ်စခန်း (မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) တို့အား ၁၀၂၇ စစ်ဆင်ရေးစတင်သည်နှင့်တပြိုင်နက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ အဆိုပါတိုက်ပွဲအတွင်း ရန်သူ့အလောင်း (၁၈)လောင်းနှင့် M16- ၃လက်၊ ငါးကြင်းမီး- ၁လက်၊ MA4- ၂လက်၊…
Read More
တရုတ်-အမေရိကန် ဘုံအကျိုးစီးပွား စိန်ခေါ်မှုများကို ရင်ဆိုင်ရန် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ပြော

တရုတ်-အမေရိကန် ဘုံအကျိုးစီးပွား စိန်ခေါ်မှုများကို ရင်ဆိုင်ရန် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ပြော

မောင်လူအေး(လှည်းတန်း)_RNA_အောက်တိုဘာ(၂၈)၊၂၀၂၃ ခုနှစ်။ တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ကွဲလွဲမှု၊ သဘောထားမတိုက်ဆိုင်မှုများရှိသည့် တစ်ချိန်တည်းတွင် နှစ်နိုင်ငံ၌ အဓိကဘုံအကျိုးစီးပွားများ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ရန်လိုအပ်ပြီး တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု အောက်တိုဘာ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ သတင်းမီဒီယာတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောကြားထားသည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၆ ရက်မှာ ဝါရှင်တန်ဒီစီကို ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ၏…
Read More
စစ်မျက်နှာအသစ်ဖြစ်လာတဲ့ ရှမ်းမြောက်နဲ့ တော်လှန်ရေးအောင်ပွဲ

စစ်မျက်နှာအသစ်ဖြစ်လာတဲ့ ရှမ်းမြောက်နဲ့ တော်လှန်ရေးအောင်ပွဲ

"စစ်တပ်ဘက်က အများအပြား ရှင်းလင်းခံခဲ့ရပြီးတော့ အကောက်ခွန်ရုံးနှင့်စခန်းတစ်ခုလုံး ပြာကျသွားပြီလည်း ဖြစ်ပါတယ်။ ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ" မောင်ဝိ မြန်မာ ပြည်သူတစ်ရပ်လုံး လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို ကိုးကန့် MNDAA ၊ ရခိုင်တပ်တော် AA နဲ့ တအာင်း TNLA မဟာမိတ် ၃ ဖွဲ့ တို့က ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲပြီဖြစ်ကြောင်း ကြေညာချက်နဲ့အတူ ဒီကနေ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်တော့တယ်။ အောက်တိုဘာ ၂၇ ရက်​နေ့ မနက် ၅ နာရီလောက်ကစတင်ပြီး၊…
Read More
MNDAA၊ TNLA၊ AA၊ PLA၊ BPLA စသည့်မဟာမိတ်များ စုပေါင်းပြီး ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်

MNDAA၊ TNLA၊ AA၊ PLA၊ BPLA စသည့်မဟာမိတ်များ စုပေါင်းပြီး ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်

RNA_အောက်တိုဘာ(၂၇)၊၂၀၂၃ ခုနှစ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်အထူးဒေသ (၁) အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များကို အမြစ်ပြုတ်တိုက်ခိုက်ချေမှုန်းမည်ဟု ထုတ်ပြန်ပြီး ယနေ့ နံနက်စောစောပိုင်းက ရှမ်းပြည်မြောက်ပိုင်း ချင်းရွှေဟော်မြို့အနီးရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးကြောင်း သိရသည်။ MNDAA၊ TNLA၊ AA၊ PLA၊ BPLA စသည့် တော်လှန်ရေးအင်အားစုများ စုပေါင်းပြီး ချင်းရွှေဟော်မြို့အဝင် စစ်ကောင်စီလက်အောက်ခံ ဂိတ်များကို စတင်တိုက်ခိုက်ပြီး ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ထားပြီဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။ (more…)
Read More