Author: Editor

  • အတူရုန်းကန်ပြီး ငြိမ်းချမ်းသည့်ခေတ်ဆီ ပြန်သွားမည်ဟု ပုလော PDF ပြော

    အတူရုန်းကန်ပြီး ငြိမ်းချမ်းသည့်ခေတ်ဆီ ပြန်သွားမည်ဟု ပုလော PDF ပြော

    RNA_ဧပြီ(၂၆)၊၂၀၂၄ ခုနှစ်။

    တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အခြေစိုက်၊ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ပုလော PDF ရဲဘော် ၂၈ ဦးသည် နွေဦးတော်လှန်ရေး တိုက်ပွဲများအတွင်း ကျဆုံးခဲ့ရသော်လည်း အတူရုန်းကန်ပြီး ငြိမ်းချမ်းသည့်ခေတ်ဆီ ပြန်သွားမည်ဟု ပုလော PDF က ပြည်သူများကို ပြောကြားလိုက်သည်။

    [embedyt] https://www.youtube.com/watch?v=fl05EJvjrv4[/embedyt]

    “ကျွန်တော်တို့ကိုယ်တိုင်က ပြည်သူက‌နေပဲ ပေါက်ဖွားလာတဲ့ ရဲဘော်တွေ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်သူဖြစ်ဖြစ် လက်နက်မကိုင်ပဲ ရရာနည်းနဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်သူပဲ ဖြစ်ဖြစ် အားလုံးဟာ တော်လှန်ရေး ရဲဘော်တွေပါပဲ။ အမှန်တရားကို ပြန်ရဖို့အတွက် လက်နက်ကိုင်မှ ရမယ်ဆိုတာမျိုး ဒီတခေါက် နောက်ဆုံးဖြစ်ချင်တယ်။ ကျွန်တော်တို့ ရဲဘော်တွေ အသက်ပေးရသလို ပြည်သူတွေလည်း နေရပ်စွန့်ခွာ အိုးအိမ်တွေပျက်စီးကြရတယ်။ ဒါပေမယ့် အားတင်းထားကြပါ။ ကျွန်တော်တို့ အတူရုန်းကန်ပြီး ငြိမ်းချမ်းတဲ့ ခေတ်ဆီပြန်သွားကြမယ်” ဟု ပုလော PDF သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ရဲဘော်အာနိုးကပြောကြားထားသည်။

    (more…)

  • မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ

    မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ

    မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ

    RNA_ဧပြီ(၂၅)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အဖွဲ့ဝင်များ မုံရွာမြို့နယ်နှင့် မြင်းမူမြို့နယ်အစပ်က ကျေးရွာတရွာအတွင်းရှိ စာသင်ကျောင်းအတွင်း မူးယစ်သောက်စား သေနတ်ဖောက်ရမ်းကားမှုအတွင်း အသက် (၂၄) နှစ်အရွယ် စေတနာ့ဝန်ထမ်း ဆရာမတဦး ကိုယ်ဝန်ပျက်ကျခဲ့ရသည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များသည် မော်တော်ယာဉ် (၉) စီး၊ ဆိုင်ကယ် (၆) စီးဖြင့် အင်အား ၁၀၀ ခန့်ပါယာဉ်တန်းဖြင့် မြင်းမူမြို့နယ်အစပ်က ကျေးရွာတရွာမှ NUG ပညာရေးဝန်ကြီးဌာအောက်ရှိ စာသင်ကျောင်းအတွင်း ဝင်ရောက်ကာ သောက်စားမူးယစ်ကာ ရမ်းကားနေသည့်အတွက် စာမေးပွဲဖြေနေသည့် ကလေးများ စာမေးပွဲဖြေမရအောင်ထိ အနှောက်အယှက်ပေးနေသည့်အတွက် ကျေးရွာ တာဝန်ခံ ပအဖ၊ ပကဖ များညှိနှိုင်းနေစဉ်အတွင်း ပလဖ အဖွဲ့ဝင်များက လက်နက်အင်အား လူအင်အားဖြင့် ပကဖ အဖွဲ့ဝင်များကိုပါ ရိုက်နှက်ကြောင်း၊ သွေးလန့်ကာ ကိုယ်ဝန် (၄) လရှိ စေတနာ့ဝန်ထမ်း မူလတန်းပြ ဆရာမ တဦး ကိုယ်ဝန်ပျက်ကျသည့်ကိစ္စကို NUG ပြည်ထဲရေးဝန်ကြီးဌာန၊ တရားရေးဌာနအပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများကိုလည်း တိုင်ကြားစာပို့ထားကြောင်း သိရသည်။
    (more…)

  • မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံး (၆) ဦးအရှင်ဖမ်းဆီးရမိ

    မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံး (၆) ဦးအရှင်ဖမ်းဆီးရမိ

    RNA_ဧပြီ(၂၃)၊၂၀၂၄ ခုနှစ်။

    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖလန်ကိုင်းကျေးရွာအနီးနှင့် ကျောက်မဏ္ဍပ် (ဝါးရင်းချိုင်ကျေးရွာနှင့် ကမ်းပါးဖြူကျေးရွာကြား) တိုက်ပွဲများတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ (၅) ဦးသေပြီး ၆ ဦးအရှင်ဖမ်းဆီးရမိကြောင်း မြိုင် ပကဖ ထံမှ သိရသည်။

    မြိုင်မြို့ စက်မှု (၂) မှ ထွက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဧပြီလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့တို့က ဖလန်းကိုင်းရွာရောက်ရှိချိန် တော်လှန်ရေးအင်အားစုများက ဒရုန်းဗုံးသီးများဖြင့် တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံးကြောင်း၊ တိုက်ပွဲများသည် ဧပြီလ ၂၂ ရက်နေ့အထိ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကျောက်မဏ္ဍပ်အနီးတွင်လည်း သင်္ကာမကင်းဖွယ် လက်နက်ကိုင် ၆ ဦးတွေ့ရှိသည့်အတွက် ပစ်ရာ ဖလန်ကိုင်းရေနံမြေမှ ရဲတပ်ဖွဲ့ဝင် (၆) ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

    (more…)

  • စစ်ကိုစစ်နဲ့တူအောင်တိုက်မယ်ဆိုတဲ့ “အောင်ဇေယျ” ဦးကျိုးသွားသောအခါ

    စစ်ကိုစစ်နဲ့တူအောင်တိုက်မယ်ဆိုတဲ့ “အောင်ဇေယျ” ဦးကျိုးသွားသောအခါ

    “အောင်ဇေယျ စစ်ကြောင်းဆိုတာဟာ စစ်တပ်ရဲ့ နောက်ဆုံးရှိသမျှအင်အားတွေအားလုံးထုတ်နှုတ်ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတစ်ခုလို့ဆိုနိုင်ပြီး ဒီစစ်ကြောင်းသာ ဒေါနတောင်ခြေမှာ ကျရှုံးခဲ့မယ်ဆိုရင် စစ်တပ်အနေဖြင့် နောက်ထပ် ထိုးစရာတပ်အင်အားတွေမရှိတော့ဘဲ ဆက်တိုက်ဆိုသလိုတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်တွေကို ခါးစည်းခံရမှာသေချာပါတယ်”

    ချမ်းမင်း

    နိုင်ငံတော်အဆင့် “အောင်ဇေယျ” စစ်ကြောင်းဆိုတဲ့ ဒီစကားကို အခုရက်ပိုင်းအတွင်း တပ်ထောက်ခံသူတွေနဲ့ စစ်တပ်လော်ဘီ မီဒီယာကြားမှာ ခေတ်စားနေပြီး တွင်တွင်ကျယ်ကျယ်ပြောဆိုနေကြတဲ့ အကြောင်းအရာတခုပဲ ဖြစ်ပါတယ်။ ဒီ “အောင်ဇေယျ” စစ်ဆင်ရေး စစ်ကြောင်းနဲ့ပတ်သတ်ပြီး ပြောရမယ်ဆိုရင် ဧပြီလ ၆ ရက်နေ့က KNU တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ သင်္ကန်းညီနောင်မှ ဗျူဟာမှူးအဆင့်ရှိ ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် အရာရှိ ၆၇ ဦး၊ အခြားအဆင့် ၄၁၀ ဦးနှင့် မှီခိုအိမ်ထောင် သည်ကလေးတွေပါစုစုပေါင်း ၆၁၇ ဦး လက်နက်ချအညံ့ခံခဲ့တဲ့အကြောင်းက စပြောရပါလိမ့်မယ်။

    ဗျူဟာစခန်းကုန်းတစ်ခုဖြစ်တဲ့အပြင် အနီးအနားက နယ်မြေတွေအားလုံး ကိုစိုးမိုးထားနိုင်တဲ့ အဆိုပါ သင်္ဃန်းညီနောင်ဗျူဟာစခန်းကုန်းကို စစ်ခေါင်းဆောင်တွေအနေနဲ့ မြဝတီနဲ့ သင်္ကန်းညီနောင်မြိူ့တွေကို လက်မလွှတ်ရရေးအတွက် အထူးပင် အားကိုးအားထားပြုထားဟန်တူပါတယ်။ ကြားသိရသလောက်သတင်းတွေအရဆိုရင် မတ်လလယ်လောက်ကတည်းက စစ်တပ်အနေဖြင့် အဆိုပါသင်္ဃန်းညီနောင်ဗျူဟာစခန်းကုန်းကို လက်နက်အင်အား၊ လူအင်အားဖြည့်တင်းပေးတာတွေ၊ ခံစစ်စီမံချက်အတွက် အကောင်းဆုံးပြင်ဆင်ခိုင်းထားတာတွေပြုလုပ်ခဲ့တဲ့အပြင် မြေပြင်က တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဝင်ရောက်တိုက်ခိုက်နိုင်ချေရှိတဲ့ အခြေအနေတွေကိုလည်း အမြဲမပြတ်သတင်းပေးညွှန်ကြားခဲ့တယ်လို့သိရပါတယ်။

    အဲ့ဒီလို ကြိုတင်ပြင်ဆင်မှုတွေများစွာကို ပြုလုပ်ထားခဲ့ပေမဲ့လည်း တကယ့်တကယ်တော်လှန်ရေးတပ်ဖွဲ့တွေမှ အဆိုပါဗျူဟာစခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်လာတဲ့အချိန်မှာတော့ စိတ်ဓာတ်ကျဆင်းနေပြီး စစ်ပန်းနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ လွယ်လင့်တကူပင် တော်လှန်ရေးအဖွဲ့တွေထံ လက်နက်ချအညံ့ခံခဲ့ကြပါတယ်။ အဆိုပါ သင်္ဃန်းညီနောင်ဗျူဟာစခန်းကုန်းလက်နက်ချအညံ့ခံခဲ့တဲ့ဖြစ်စဥ်ဟာ ရှမ်းမြောက်ရှိ ၁၀၂၇ စစ်ဆင်ရေးအတွင်း လောက်ကိုင်ဒကစ လက်နက်ချအညံ့ခံခဲ့တဲ့ဖြစ်စဥ်ပြီးရင် ဒုတိယမြောက်အကြီးကျယ်ဆုံးလက်နက်ချအညံ့ခံမှုဖြစ်စဥ်တစ်ခုလို့ဆိုနိုင်ပါတယ်။

    (more…)

  • မြို့ပြ UG  (သို့မဟုတ်) အညတရ စစ်သည်တော်

    မြို့ပြ UG  (သို့မဟုတ်) အညတရ စစ်သည်တော်

    “ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာကိုတောင် မသိတော့အောင် ကြိုးကြိုးစားစားမေ့နေရတဲ့ UG တစ်ယောက်ရဲ့ဘ၀အတွက် တချို့သောအမှတ်တရဆိုတာတွေဟာ အိမ်မက်သာသာလေးပါပဲ”

    ကေဂျီ

    ချေဂွေဗားရားပြောခဲ့သလို  မတရားမှုတွေဟာ ဥပဒေဖြစ်လာတဲ့အခါ ခုခံတော်လှန်ခြင်းဟာ တာဝန်ဝတ္တရားဖြစ်လာခဲ့တယ်။ မြို့ပြရဲ့ ပုံမှန်ဘဝတွေထဲမှာ အသားကျစီးမျောပါဝင်ဖို့ကြိုးစားရင်း ကျွန်တော်တို့ဟာ မေတ္တာတရားကို ပဝါပါးခြားထားပြီး ပြစ်ဒဏ်စီရင်ပေးရတဲ့ လောကပါလစောင့်သိသူတွေ ဖြစ်လာတယ်။

    အချိန်တွေ ပိုကြာလာလေ မိသားစုနဲ့ အမေ့ရဲ့အိမ်ကို ပိုလွမ်းတတ်လာသလို နောက်ထပ် မစ်ရှင်တွေ (Missions) ထိထိရောက်ရောက်ဖြစ်စေဖို့အတွက် စနစ်တကျ ပိုပြီးကြံစည်တတ်လာခဲ့ပြီ။ နေ့လား ညလားခွဲခြားမထားနိုင်ပေမယ့် နိုးထသင့်တဲ့ အချိန်အခါတိုင်းမှာ ကိုယ့်နာမည်နဲ့ ဘဝပုံစံ (Lifestyle) ကို ပြန်ရှာစရာမလိုတော့အောင် ဦးနှောက်မှာ ကိုယ်ရေးအကျဥ်း (Profile) အထပ်ထပ်အစီအရီ ထားတတ်လာခဲ့ပြီ။ တရားစခန်းဝင်စရာမလိုလောက်တော့အောင် နေ သတိ၊ သွား သတိ၊ စား သတိ၊ အိပ် သတိ၊ အသက်ရှုနေရသေးသမျှ စက္ကန့်တိုင်းဟာ သတိအသိ အပြည့်နဲ့ ရွှေအတိပြီး တန်ဖိုးထားလာတတ်ခဲ့ပြီ။

    ဓာတ်ပုံ – ရန်ကုန်မြို့က စစ်ကောင်စီလက်အောက်ခံများ၏ လုံခြုံရေးယူသည့်နေရာများအား တွေ့ရစဉ် ( ပုံဟောင်း)။

    စားသောက်ဖွယ်ရာ အစုံအလင်ရှိနေတဲ့ ရန်ကုန်မြို့လည်ထဲမှာ ပိုက်ဆံတွေရှိပါလျက် ထမင်းရက်ဆက် ငတ်ခဲ့ပါတယ်ဆို ဘယ်သူယုံနိုင်မှာတဲ့လဲ။ အကောင်းဆုံးဆိုတဲ့  ဟိုတယ်တွေကနေ ရပ်ကွက်ရဲ့ အမှိုက်ပုံးကြီးထဲမှာအထိ ခေါင်းထိုး ညအိပ်ဖူးခဲ့ပါတယ်ဆို ဘယ်သူယုံနိုင်မှာတဲ့လဲ။ ကျွန်တော်တို့ဟာ ခင်ဗျားတို့အိမ်မှာ သန့်ရှင်းရေးလာလုပ်ဖူးနိုင်တယ် ပစ္စည်းလဲလာပို့ပေးဖူးနိုင်တယ်။ ပေတိပေစုတ်နဲ့ အမှိုက်လှည်းလေးတွန်းပြီး ရပ်ကွက်တွေရဲ့ နောက်ဖေးလမ်းကြားပါမချန် ခြေတိုအောင်ပတ်ခဲ့ဖူးသလို၊ ကားတစီးနဲ့ တစ်မြို့လုံးကို ဂျင်ဂျင်လည်အောင်လဲ မွှေနှောက်လျောက်သွားခဲ့ဖူးတယ်။

    အဆင်ပြေသလို သွားလာနေထိုင်ရင်း ပုဆိုးခြုံထဲက လက်သီးပုန်းပြသူတွေရဲ့ ရဲရဲတောက်စကားကို တအံတဩ ထောက်ခံပေးဖူးခဲ့သလို၊ အမျိုးပျောက်မှာ စိုးကြောက်ပါသော လူတစ်ချို့ရဲ့ တပ်မတော်သာအမိ တပ်မတော်သာအဖ တရားကိုနာပြီး လက်သီးလက်မောင်းတန်း တပ်မတော်ကြီးကိုလဲ ချစ်ပြဖူးခဲ့ပါသေးတယ်။ ဖေ့စ်ဘုတ်မှာ PDF တွေမြို့ထဲဝင်လာရင် ဘာလုပ်ပေးပါမယ် ညာလုပ်ပေးပါမယ်တင်ထားတဲ့ အသိအန်တီကြီးတယောက်က တော်လှန်ရေးပို့စ်တောင် မရှဲရဲတဲ့ ကိုယ်တွေရဲ့သတ္တိအပေါ်  စိတ်ပျက်ရှုံ့ချတဲ့စကားကိုလဲ  နားထောင်ရင်း အားတက်ခဲ့ဖူးတယ်။ ရူဘီလေးလက်ကြားညှပ် မြန်မာဘီယာလေး ပုံမှန်သောက်ပြီးဘယ်သူမသိစေနဲ့ ငါကထောက်ပို့လုပ်ပေးတယ် မင်းရောဘာလုပ်နေလဲဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ မေးတဲ့အမေးကို ပြန်ဖြေဖို့  မကြိုးစားခဲ့မိဘူး။

    (more…)

  • တော်လှန်ရေးအောင်မြင်မှုများ ထွက်ပေါ်လာမယ့် ၂၀၂၄

    တော်လှန်ရေးအောင်မြင်မှုများ ထွက်ပေါ်လာမယ့် ၂၀၂၄

    “၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအခြေအနေတွေကို လေ့လာသုံးသပ်ကြည့်မယ်ဆိုရင် စစ်ကောင်စီတပ်များဟာ စစ်မာန်စွယ်ကျိုးကာ ရေရှည်တိုက်ပွဲဝင်ရဲတဲ့ တပ်သားအင်အားဟာ အင်မတန်ကို ရှားပါးနေပြီဆိုတာကို အထင်းသားတွေ့မြင်ရပါတယ်။ တစ်ဖက်မှာလဲ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအားကောင်းလာမှုဟာ ၁၀၂၇ စစ်ဆင်ရေးမစတင်မှီနဲ့ စတင်ပြီး ကာလအပိုင်းအခြားလေး တစ်ခုအတွင်းမှာပဲ ကွာခြားချက် ကြီးကြီးမားမားဖြစ်ပေါ်လာခဲ့ပြီး အင်မတန်မှ အားကောင်းနေတာကို တွေ့မြင်နေကြရ”

    ကေဂျီ 

    ၂၀၂၄ ခုနှစ် ပထမ ၄ လအတွင်းမှာ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ NUG လက်အောက်ခံ PDF တပ်ဖွဲ့များရဲ့ စစ်ဆင်ရေးဖော်ဆောင်မှုတွေဟာ နည်းဗျူဟာကျကျ ပြင်းထန်အားကောင်းပြီး ထိထိမိမိရှိလာတာကို တွေ့မြင်ရပါတယ်။နွေဦးတော်လှန်ရေး ၃ နှစ်တာကာလတလျှောက် တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးပိုင်း တိုးတက်မှုကို အားရကျေနပ်လောက်စရာ တွေ့မြင်လာရတဲ့ နှစ်တစ်နှစ်ဖြစ်လာနိုင်ပါတယ်။ 

    စစ်အာဏာရှင်လက်ကိုင်တုတ် ကမ္ဘာ့အဆင့် ၃၈ တပ်မတော်ကြီးရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်စီးနိမ့်ပါးနေမှု၊ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ ညံဖျင်းမှုတွေနဲ့ အထက်ပိုင်း စစ်ခေါင်းဆောင်တွေရဲ့ အသုံးမကျတဲ့ ကွတ်ကဲမှုကြောင့် မြေပြင်ကျဆုံးမှုတွေ ဆက်တိုက်ကြုံလာကြရပြီး အထက်အောက် မကျေနပ်မှုတွေ၊ တပ်တွင်းအကွဲအပြဲတွေ ဖြစ်ပေါ်နေတာကို သိသာထင်ရှားစွာ တွေ့မြင်လာရတဲ့ နှစ်တစ်နှစ်လည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ လက်နက်မဲ့ ပြည်သူလူထုကိုသာသေရဲတဲ့ကောင်ထွက်ခဲ့တို့ “‌ခေါတ်ကိုပြောင်းအောင် ခေါင်းကိုပစ်တို့နဲ့ ဟိတ်ဟန်ကြီးခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့နီးပါးမှာ ရင်ဆိုင်လာရတဲ့ တိုက်ပွဲတွေကြောင့် တပ်အင်အားပြုန်းတီးမှုနဲ့အတူ အင်အားသစ်ထပ်မံ မဖြည့်တင်းနိုင်တော့တဲ့အတွက် စစ်ကောင်စီဟာ အင်အားဆုတ်ယုတ်နေတယ်ဆိုတာ အဓမ္မစစ်မှုထမ်းဥပဒေနဲ့ မတရားဖမ်းဆီး စစ်တပ်ထဲသွင်းနေတာတွေက သက်သေပဲဖြစ်ပါတယ်။ 

    တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောက်ကျားစစ်ဆင်ရေးတွေ၊ ၁၀၂၇ ကစလိုက်တဲ့ တိုင်ရင်းသားနယ်မြေတွေမှာ စခန်းသိမ်းတိုက်ပွဲတွေကြောင့် ထိခိုက်ကျဆုံးမှုတွေများလာခဲ့ပြီး အလံဖြူထောင် လက်နက်ချမှုတွေ၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရမှုတွေဟာ ဆက်တိုက်ဆိုသလို တဖြည်းဖြည်းပိုမို များပြားလာတာကြောင့် စိတ်ဓာတ်နဲ့ စွမ်းရည်ပိုင်းပါ ဘက်ပေါင်းစုံ ယိုင်နဲ့နေပြီး တပ်ပျက်သလောက် အနေအထားအထိ ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် စစ်ကောင်စီဟာ နိုင်ငံအနှံ့မှာရှိတဲ့ စစ်အာဏာရှင်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို ခုခံရှင်းလင်းနိုင်ဖို့အတွက်  နှစ်နှစ်ကျော်ကြာတဲ့အထိ ရှိသမျှ အင်အားတွေကိုပဲ နယ်မြေဒေသအနှံ့ ဟိုရွေ့ဒီရွေ့နဲ့ ရွေ့ပြောင်းပြီး နေရာယူဖြန့်ကျက် နေရတာဖြစ်ပါတယ်။ 

    (more…)

  • ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနေအိမ်က ကော်စေ့သေနတ် (ပစ္စတိုအတု)ပါ သိမ်းဆည်းရမိ

    ပျူခေါင်းဆောင်အုပ်ချုပ်ရေးမှူးနေအိမ်က ကော်စေ့သေနတ် (ပစ္စတိုအတု)ပါ သိမ်းဆည်းရမိ

    RNA_ဧပြီ(၁၉)၊၂၀၂၄ ခုနှစ်။
     
    မကွေးတိုင်း၊ နတ်မောက်မြို့နယ် အရှေ့ခြမ်း၊ ဖန်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ပျူခေါင်းဆောင် ခင်မောင်အေးနေအိမ်အနီးတွင် ပစ်ခတ်ရှင်းလင်းခံရပြီး နေအိမ်မှပစ္စည်းများ သိမ်းဆည်းရမိသည့်အထဲတွင် ကော်စေ့သေနတ် (ပစ္စတိုအတု) အပါအဝင် ယူနီဖောင်းများ၊ ကာဘိုင်သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၁၉ တောင့်နှင့် စစ်သုံးပစ္စည်းများသိမ်းဆည်းရမိခဲ့သည်။
    [embedyt] https://www.youtube.com/watch?v=Rn_xoXssJDk[/embedyt]
    စစ်ကောင်စီလက်အောက်ခံ ခင်မောင်အေးမှာ ဧပြီလ ၁၇ ရက်နေ့က နေအိမ်အနီး ရှင်းလင်းခံခဲ့ရပြီး နေအိမ်မှ ကာဘိုင်သေနတ် ၁ လက်၊ ကာဘိုင်ကျည် ၁၉ တောင့်၊ ပစ္စတိုအတု ၁ လက်၊ လက်ပစ်ဗုံး ၃ လုံး၊ ၉မမ ကျည် ၄ တောင့်၊ စစ်ဝတ်စုံ ၁၁ စုံ၊ အီကွေးမန့် ၇ စုံ၊ စစ်ဖိနပ် ၅ ရန်၊ ကျောပိုးအိတ် ၁ လုံးတို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ ယင်းမစ်ရှင်အား နတ်မောက်ပကဖ၊ ဗိဿနိုးလက်အောက်ခံ ကျားသစ်နက်တပ်ဖွဲ့၊ ဗိဿနိုးလက်အောက်ခံ ကြိုးကြာနီတပ်ဖွဲ့၊ မြို့သစ်ပကဖ၊ ငါးပြေမပြောက်ကြားတပ်ဖွဲ့၊ Aung San’s land၊ တပ်ရင်း(၉၀၂)တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု People’s Defence Organization – Natmauk ကထုတ်ပြန်ထားသည်။
     
    #RedNewsAgency

  • စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရသူ (၅၀၀၀) ဝန်းကျင်ရှိပြီး ပေါ်တာဆွဲခံရသူ ၂၂၀ ဝန်းကျင်ရှိ

    စစ်မှုထမ်းဥပဒေအရ စုဆောင်းခံရသူ (၅၀၀၀) ဝန်းကျင်ရှိပြီး ပေါ်တာဆွဲခံရသူ ၂၂၀ ဝန်းကျင်ရှိ

    RNA_ဧပြီ(၁၈)၊၂၀၂၄ ခုနှစ်။ 

    အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် လူငယ် လူရွယ်များကိုဦးတည်ပစ်မှတ်ထားပြီး ပထမအကြိမ် စစ်မှုထမ်းစုဆောင်းခံရသူ (၅၀၀၀) ဝန်းကျင်ခန့်ရှိပြီး တပ်သားစစ်စုစောင်းမှု ခေါင်းစဉ်အောက်က ပေါ်တာဆွဲခံရသူ ၂၂၀ အနည်းဆုံးရှိသည်ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ Burma Affairs & Conflict Study က စစ်ကောင်စီ၏ စစ်မူထမ်းစနစ် အကောင်အထည်ဖော်နေမှုအခြေနေများ အစီအရင်ခံစာတွင် ဖော်ပြထားသည်။ 

    ယနေ့ အချိန်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ အဓမ္မ စုဆောင်းရရှိထားသည့် ပြည်သူ (၅၀၀၀) ခန့်ကို စခတ၁ ဖောင်းကြီး (လှည်းကူး)၊ စခတ၂ သပိတ်ကျင်း၊ စခတ၆ ရွှေမြင်တင် (ပုသိမ်)၊ စခတ၇ တောင်တွင်းကြီး၊ စခတ၈ ရွှေဘို၊ တတက၁ ချင်းကုန်း (တိုက်ကြီး)၊ တတက၂ ဥတ္တရသီရီ၊ တတက၃ ကျိုင်းတုံ၊ တတက၄ သံဖြူဇရပ်၊ တတက၅ ကွင်းကောက်( အင်္ဂပူ)၊ တတက၆ အုပ်တွင်း၊ တတက၁၂ ပလောက်၊ တတက၁၃ တွင်းငယ် (သပိတ်ကျင်း) ရကသ၁ ဗထူး၊ တကန ဟိုပုံး သင်တန်းကျောင်းများတွင် သင်ကြားမှုများပြုလုပ်နေကြောင်း သိရသည်။ 

    (more…)

  • PDF ရဲဘော်များ၏ တော်လှန်သင်္ကြန် “အားမနာသံချပ်”

    PDF ရဲဘော်များ၏ တော်လှန်သင်္ကြန် “အားမနာသံချပ်”

    RNA_ဧပြီ(၁၄)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်လွင်ပြင် PDF ရဲဘော်များ၏ တော်လှန်သင်္ကြန် “အားမနာသံချပ်”ကို တော်လှန်ပြည်သူများအတွက် ဖော်ပြလိုက်ပါသည်။

    “‌အိုးစည်လည်းမပါသလို ဒိုးပတ်လည်းမပါပါဘူး ပုဆိုးတွေလည်းမကောင်းသလို ဆင်တူအင်္ကျီမပြောနဲ့ စတစ်အကျီဖြူကိုတောင် ပြည်သူဆီက ငှားပြီး ဆိုရတဲ့ သံချပ်မို့ လိုအပ်မှုတွေက အများကြီးပါ။ အသံသာသာ မကြားရပေမယ့် တော်လှန်ရေးရဲ့ အဖြစ်သနှစ်တွေကို လူငယ်တွေပီပီ တည့်ရေးပြီး တည့်ပြောထားတာမို့ ဖြောင့်မှန်သူတွေ နားဝင်ပီယံ သာစေကြောင်းနဲ့ပါ။ ပျက်နေတာတွေပြင်ပြီး လွဲနေတာတွေ တည့်စေချင်လို့ပါ” ဆိုသည့် ရည်ရွယ်ချက်ဖြင့် အားမနာ သံချပ်ကို ပြုလုပ်ခဲ့ရခြင်းဖြစ်ပြီး၊ ပြည်သူများအနေဖြင့် အမှားပါရင် ခွင့်လွှတ်ရန် အနောက် မြောက်လွင်ပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တဦးက ပြောသည်။

    [embedyt] https://www.youtube.com/watch?v=irEpPdxhHig[/embedyt]

    #rednewsagency #rednews #myanmar #burma #springrevolutionmyanmar #spring #pdf

  • ပ.က.ဖ ဦးဆောင်သူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ဘူဒိုဇာနှင့်ထိုး

    ပ.က.ဖ ဦးဆောင်သူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ဘူဒိုဇာနှင့်ထိုး

    RNA_ဧပြီ(၁၃)၊၂၀၂၄ ခုနှစ်။
     
    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဌေးအောင်ရွာအုပ်စု၊ ကျက်စားကျေးရွာတွင် ရပ်ရွာဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပ.က.ဖ ခေါင်းဆောင်ဆိုသူကိုဝင်းရွှေက ပြည်သူ့ဆန္ဒမပါပဲ အိမ်ခြံဝန်းများကို ယမန်နေ့ (ဧပြီ ၁၂ ရက်)က ဘူဒိုဇာဖြင့်ထိုး ဖြိုချနေသည့်ကိစ္စကို NUG ဝန်ကြီးများ ကာကွယ်ဖြေရှင်းပေးရန် ဒေသခံများက တောင်းဆိုထားသည်။
    [embedyt] https://www.youtube.com/watch?v=eKca8k16DKo[/embedyt]
    ပ.က.ဖ ဦးဆောင်သူ ကိုဝင်းရွှေက ရပ်ရွာနေပြည်သူများ၏ ဆန္ဒမပါပဲ ဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ကာ ရွာကွက်သစ်ရိုက်မည့်အနေအထားပြုရန် ခြံဝန်းများကို ဘူဒိုဇာဖြင့်ထိုးဖြိုချဖျက်ဆီးနေမှုကို သက်ဆိုင်ရာ NUG ဝန်ကြီးများနှင့် သက်ဆိုင်ရာ ခေါင်းဆောင်များမှ ယခုကိစ္စကို အမြန်ဆုံး ကူညီကာကွယ် ဖြေရှင်းပေးရန် ရွာခံပြည်သူတချို့က တောင်းဆိုထားသည်။
     
    #RedNewsAgency #RNA #RedNews