Tag: ULA/AA
-

PRA-Magway ရဲဘော်များ AA နှင့်အတူ တိုက်ပွဲဝင်နေ
RNA_မတ်(၃၀)၊၂၀၂၄ ခုနှစ်။မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းအခြေစိုက်၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (People’s Revolution Alliance – PRA – Magway) ရဲဘော်များအနေဖြင့် AA နှင့်အတူ တိုက်ပွဲဝင်နေပြီး၊ ရှေ့တန်းရောက်နေသည့်အတွက် (၃) နှစ်ပြည့်အခမ်းအနားကို မကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရသည်။PRA – Magway ရဲဘော်များသည် ရက္ခိုင့်တပ်တော်နှင့်အတူ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် တိုက်ပွဲဝင်နေကြောင်း၊ ယခုရက်ပိုင်းအတွင်း ငဖဲမြို့နယ်အတွင်းဖြစ်ပွားသည့် တိုက်ပွဲများတွင် ရက္ခိုင့်တပ်တော်နှင့်အတူ PRA – Magway များ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း သိရသည်။ -

အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး
RNA_မတ်(၂၉)၊၂၀၂၄ ခုနှစ်။
ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် – AA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ကြရာ စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံးကြောင်း သိရသည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မတ်လ ၂၆ ရက်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ (၁၅) ဦးခန့် သေဆုံးကြောင်း AAကထုတ်ပြန်ထားသည်။
-

ကျုံပျော်အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အမ်းမြို့အခြေစိုက် ခမရ(၃၇၃) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းမှ ၈၀ ကျော်သေဆုံး
RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၄ခုနှစ်။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို လေကြောင်းမှ စစ်ကူပို့ထားသည့် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့၏ ပူးပေါင်းစစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော် သေဆုံးသွားပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် – AA ကထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် (၄) စီးဖြင့် တစ်ခေါက်၊ ရဟတ်ယဉ် (၃) စီးဖြင့်တစ်ခေါက် ဖေဖော်ဝါရီလ (၂၄) ရက်နေ့၌ ရမ်းဗြဲမြို့အနီးတွင် လာရောက် စစ်ကူချပေးခဲ့သည့်အတွက် ယင်းစစ်ကူစစ်ကြောင်းကို ရက္ခိုင့်တပ်တော် – AA မှ ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့က အင်အား (၆၀) ကျော်နှင့် ဖေဖော်ဝါရီ ၂၆ ရက်နေ့က အင်အား ၂၀ ကျော်ကို တိုက်ခိုက်ချေမှုန်းထားကြောင်း၊ လေကြောင်း (Y-12) မှဖြင့် ရိက္ခာ၊ လက်နက်ခဲယမ်းများကို ဖေဖော်ဝါရီလ (၂၆) ရက်၊ နေ့လည်ပိုင်းတွင် ရမ်းဗြဲမြို့အတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များထံလာရောက်ချခဲ့သော်လည်း အဆိုပါပစ္စည်းများကို AA က သိမ်းပိုက်ရရှိထားသည်ဟု ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။
-

ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ ဆက်လက်ကျဆုံးနေ
RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။
ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်- AA တို့ ယမန်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများ စခန်းသိမ်းခံရမှုနှင့် သေဆုံးမှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။
ရက္ခိုင့်တပ်တော်ထိုးစစ်ဆင်တိုက်နေသည့် မောင်တောဒေသရှိ ဗောဓိကုန်းစခန်းကိုလည်း ယမန်နေ့က သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ (၁၄) လောင်းတွေ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ၏ အရှေ့တောင်ဖက် တောင်ကြောတွင်လည်း ခမရ (၅၃၆) တပ်ရင်း နှစ်ဖက်ရင်ဆိုင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ (၄) ဦးသေဆုံးပြီး ဒဏ်ရာရသူ (၁၀) ဦးခန့်အထိရှိသည်ဟု AA ကထုတ်ပြန်ထားသည်။
-

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သုံ့ပန်းအဖြစ်ဖမ်းခံထားရပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းသေဆုံး
RNA_ဖေဖော်ဝါရီ(၁၅)၊၂၀၂၄ခုနှစ်။
ရက္ခိုင်ပြည်စစ်မြေပြင်တွင် စစ်ကောင်စီလက်အောက်ခံများဖြစ်သည့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှာ သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရပြီး တပ်မ (၁၁) တပ်မမှူး – ဗိုလ်မှူးကြီး မင်းမင်းထွန်းမှာ တိုက်ပွဲအတွင်း အသေဖမ်းဆီးရမိသည်ဟု ရက္ခိုင့်တပ်တော် AA ထံမှ သိရသည်။

စစ်ကောင်စီတပ် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇/၈) ရက်များက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့စဉ် ၎င်းတို့တပ်ဖွဲ့ဝင်အချို့နှင့်အတူ ဖမ်းဆီးရမိထားကြောင်း၊ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ် တိုက်ပွဲကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။ -

စစ်ကောင်စီအတွက် အိမ်မက်ဆိုးများပေးနေသော AA
“ရှမ်းမြောက်တွင် စစ်ရေးခဏ ငြိမ်သက်သွားသော်လည်း ရခိုင်ဒေသတွင် စစ်ကောင်စီ၏ စခန်းကုန်းများ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခံနေရပြီး ယခု မင်းပြားမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မကြာမီတွင် မင်းပြားမြို့ကိုပါ စစ်ကောင်စီမှ လက်လွှတ် ဆုံးရှူံးရတော့မည်”
***********************
သူရိန်၁၀၂၇ စစ်ဆင်ရေး ရှမ်းမြောက်မှာ တိုက်ပွဲတွေ ရပ်တန့်ပြီးနောက်ပိုင်းတွင် ရခိုင်ဒေသအတွင်း စစ်ကောင်စီအထိနာပြီး စစ်စခန်းများလက်လွှတ် ဆုံးရှုံးမှုများနှင့် စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ အလုံးအရင်းလိုက် လက်နက်ချပြီး ထွက်ပြေးမှုများနှင့် သိမ်းဆည်းရရှိသည့် ဗျူဟာကုန်း များ၊ အဓိကစစ်စခန်းများကို တဟုန်းထိုး တိုက်ခိုက်သိမ်းပိုက်ပြီး ကျန်ရှိသည့် စစ်စခန်းများကိုလဲ တိုက်ခိုက်လျက်ရှိပြီး ဆက်လက်တိုက်ခိုက်သွားမည်ဟု ကြေငြာချက်ထုတ်ထားသည်။
ရက္ခိုင့်တပ်တော် AA သည် အာဏာသိမ်းပြီးနောက် လှုပ်ရှားမှုမရှိ ငြိမ်သက်နေခြင်းကို တစ်နိုင်ငံလုံးမှ ပြည်သူများအနေဖြင့် အထင်အမြင် လွဲမှားမှုများရှိခဲ့သည်။ စစ်တပ်နှင့် အပစ်ရပ်ခဲ့ချိန်က တကယ်မြေပြင် သတင်းအမှန်ကို မသိခြင်းကြောင့် ဖြစ်လိမ့်မည်။ အာဏာသိမ်းပြီးအချိန်ကာလကတည်းက ရက္ခိုင့်တပ်တော် AA သည် ထွက်ပြေးလာသောမြို့ပြမှ လူငယ်များကို လက်ခံခဲ့ပြီး စစ်သင်တန်း သင်ကြားပေးခြင်းများကို လုပ်ဆောင်ပေးလျက်ရှိပြီး ဆိုရှယ် မီဒီယာ ပေါ်သို့ သတင်းမပြန့်စေရန် လုပ်ဆောင်နေသည့် လုပ်ဆောင်ချက်များ လျိုဝှတ်စွာ လုပ်ဆောင်သင့်သဖြင့် အာဏသိမ်းဖြစ်စဉ်တွင် ပါဝင်မပတ်သက်သည့် ပုံစံမျိုးဖြင့် တိုးတိတ်စွာ လုပ်ဆောင်လာခဲ့သည်။
ရက္ခိုင့်တပ်တော် AA သည် ညီနောင်မဟာမိတ် အဖွဲ့အစည်း (၃) ဖွဲ့သည် ဆယ်စုနှစ်နီးပါး အချိန်ကာလတစ်ခုကို နိုင်ငံရေးစားပွဲဝိုင်းတွင်သာမက စစ်မြေပြင်၌ပါ တစ်ယောက်ကိုတစ်ယောက် အသက်၊ သွေး၊ ချွေး ပေးဆပ်မှုများစွာဖြင့် စည်းစည်းလုံးလုံး အတူတကွ လက်တွဲတိုက်ပွဲဝင်ခဲ့ကြသော စစ်ရေး၊ နိုင်ငံရေး ညီနောင်မဟာမိတ်များဖြစ်ကြသည့်အပြင် တစ်ဖွဲ၏ နိုင်ငံရေးရည်မှန်းချက်ကို တစ်ဖွဲက လေးစား အသိအမှတ်ပြုပြီး မည်သည့်ကိစ္စတွင်မဆို စိတ်ရင်းစေတနာမှန်ဖြင့် အကောင်းဆုံးဖေးမကူညီခဲ့ကြသည်။

“တစ်ဖွဲ့၏ပြဿနာသည် သုံးဖွဲစလုံး၏ ပြဿနာဖြစ်သည်” ဟူသော မူဝါဒကို ချမှတ်ပြီး ယနေ့အချိန်အထိ ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ချက်ထားသည်။ -

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောတဲ့ “မသေချင် အလံဖြူထောင်” ဆိုတဲ့ ရခိုင်စစ်မျက်နှာ
ရခိုင်-ချင်းဒေသအစပ်ရှိ ပလက်ဝဒေသကို ထိန်းချုပ်လိုက်နိုင်တဲ့နောက်မှာ မကွေးတိုင်းအတွင်းရှိ အညာတပ်ပေါင်းစုတွေဆီကို လက်နက်ခဲယမ်းစီးဆင်းဖို့ လမ်းကြောင်း ပိုမိုပွင့်လာနိုင်ပါတယ်။ လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီအခြေစိုက် တပ်ရင်းတပ်ဖွဲ့များ၊ စခန်းကုန်းများကို ရက္ခိုင့်တပ်တော် AA မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေ………….
မောင်ဝိ
စစ်ကောင်စီတပ်စွဲထားတဲ့ မီးဝဗျူဟာစခန်းကုန်းကို ဇန်နဝါရီ ၉ ရက်နေ့မှာ ရက္ခိုင့်တပ်တော် AAမှ စတင်တိုက်ခိုက်ခဲ့ပြီး၊ ဇန်နဝါရီ ၁၄ ရက်နေ့မှာအပြီးသတ် သိမ်းပိုက်ရရှိခဲ့တာ ဖြစ်တယ်။ ဒီနောက်တော့ ပလက်ဝ ဒေသတခုလုံး စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AAမှ ထုတ်ပြန်ထားတား အားလုံးအသိဖြစ်ပါလိမ့်မယ်။
ရက္ခိုင့်တပ်တော် AA အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလပိုင်းမှစတင်ပြီး ပလက်ဝဒေသတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီရဲ့ စစ်ရေးအရ အရေးပါတဲ့ ထရွန်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာ ၂ ခုစလုံးကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး၊ ဒီဇင်ဘာလ အစပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တာဖြစ်တယ်။
တဆက်တည်းမှာပဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်နေ့မှာ ပလက်ဝ အထက်ပိုင်းရှိ ရှင်းလက်ဝဗျူဟာစခန်းကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်။ လက်ရှိမှာတော AA တပ်ဖွဲ့မှ ပလက်ဝဒေသတခုလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်။ ပလက်ဝဒေသအတွင်း စစ်ကောင်စီရဲ့ စခန်းကုန်းတချို့ ပြန့်ကျဲ ရှိနေသေးပေမယ့် ပထဝီအရ အရေးပါတဲ့ ကုလားတန်မြစ်ကြောင်း တလျှောက်မှာတော့ စစ်ကောင်စီရဲ့ အချက်အချာကျတဲ့ ဗျူဟာကုန်းတွေကို ထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်တယ်။
-

“ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို သိမ်းပိုက်ပြီးနောက် ပလက်ဝဒေသတခုလုံးကို AA သိမ်းပိုက်နိုင်ခဲ့
RNA_ဇန်နဝါရီ(၁၅)၊၂၀၂၄ခုနှစ်။
စစ်ကောင်စီ၏ တပ်မမှူးများ ပူးတွဲကြီးကြပ်ကွပ်ကဲနေသည့် “စစ်ဗျူဟာ ကုန်းကြီး” တခုဖြစ်သည့် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်”ကို သိမ်းပိုက်ပြီးနောက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အစပ် ပလက်ဝဒေသတခုလုံးကို ရက္ခိုင့်တပ်တော်-AA မှ အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။
ပလက်ဝဒေသတစ်ခုလုံးရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးကွပ်ကဲနေသော “စစ်ဗျူဟာ ကုန်းကြီး” ဖြစ်သည့် “ခလရ (၂၈၉) တပ်ရင်းဌာနချုပ်” ကို ဇန်နဝါရီ (၁၀) နံနက် (၇) နာရီ (၁၀) မိနစ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ “ခန်ခတောင်ဗျူဟာ” စခန်းကိုလည်း ဇန်နဝါရီလ (၁၃) ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် “နှမဒါဗျူဟာ” မှကိုလည်း ဇန်နဝါရီလ (၁၄) ရက်၊ နေ့လည် (၃) နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် လက်ဝဒေသတစ်ခုလုံး “စစ်ကောင်စီလုံးဝကင်စင်သောဒေသ” ဖြစ်လာခဲ့ပြီဟု AA ကထုတ်ပြန်ထားသည်။
-

စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာစခန်း တခုလုံး (၂၀၀ ခန့် ) AAထံ လက်နက်ချ အညံ့ခံ
RNA_ဇန်နဝါရီ(၈)၊၂၀၂၄ခုနှစ်။
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ စစ်ကောင်စီ၏ တောင်ရှည်ဗျူဟာ စခန်းတခုလုံး ( အင်အား ၂၀၀ ခန့်) သည် ရက္ခိုင့်တပ်တော် – AA ထံ လက်နက်ချအညံ့ခံခဲ့သည်ဟု ယနေ့ AA ကထုတ်ပြန်ထားသည်။

တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း AA နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းအချို့မှ ရဲဘော်များလည်း စစ်ရေးအတွေ့အကြုံယူရင်း တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ အခြားသော တပ်စခန်းများမှလည်း လက်နက်ချ အညံ့ခံရန် (သို့မဟုတ်) ပြည်သူ့ရင်ခွင် ခိုလှုံရန် ဆက်သွယ်မှုများရရှိထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-

စစ်ကောင်စီလက်အောက်ခံ ၂ ထောင်ကျော် အလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီ
ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦးနှင့် ရဲဘော်အဆင့် (၁၈၉၅) ဦးအလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီဟု ညီနောင်မဟာမိတ်အဖွဲ့ကြေညာ
RNA_ဇန်နဝါရီ(၆)၊၂၀၂၃ခုနှစ်။
လောက်ကိုင်မြို့မှ ဒကစ အပါအဝင် ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦး၊ ရဲဘော်အဆင့် (၁၈၉၅) ဦးနှင့် “နမ်ထင်းမိန်ရှန်း” မှ (၂၆၆) ဦး အလင်းဝင်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီးဖြစ်သည့်အတွက် ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
[embedyt] https://www.youtube.com/watch?v=O8D01r0ID_g[/embedyt]
လောက်ကိုင်မြို့တွင် လက်နက်ချအညံ့ခံခဲ့ရသည့် အထဲတွင် မိသားစုဝင် (၁၆၀၁)ဦးရှိကြောင်း၊ MNDAA နှင့် မဟာမိတ်များထံ စစ်ကောင်စီလက်အောက်ခံ နောက်ဆုံးအသုတ်အနေ ဖြင့်လက်နက်ချခဲ့သောကြောင့် လက်နက်ချအလင်းဝင်သူ စုစုပေါင်းမှာ (၂၃၈၉) ယောက်အထိရှိခဲ့ပြီဖြစ်ကြောင်း၊ လက်နက်ချအညံ့ခံသောသူများနှင့် ပြည်သူ့ရင်ခွင်ခိုလှုံကြသောသူများကို မြန်မာပြည်သူလူထုတစ်ရပ်လုံးမှ သူရဲကောင်းများအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီလက်အောက်ခံ ၂၃၈၉ ဦး လက်နက်ချအညံ့ခံပြီးနောက် ဖက်ဆစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်သက် နေ့ရက်များအတွက် နှစ်သစ်အကြိုနိဒါန်းပင်ဖြစ်််််််််ကြောင်း၊ အလင်းဝင်သူများကို သွားလိုသည့်နေရာနှင့် လုံခြုံသည့်နေရာများကို ပို့ဆောင်ထားပြီဖြစ်ကြောင်း၊ အလင်းဝင်လာသည့်သူများကိုလည်း ထပ်မံကြိုဆိုကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။
#RedNewsAgency




