စကခ (၉)

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သုံ့ပန်းအဖြစ်ဖမ်းခံထားရပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းသေဆုံး

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သုံ့ပန်းအဖြစ်ဖမ်းခံထားရပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းသေဆုံး

RNA_ဖေဖော်ဝါရီ(၁၅)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်စစ်မြေပြင်တွင် စစ်ကောင်စီလက်အောက်ခံများဖြစ်သည့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှာ သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရပြီး တပ်မ (၁၁) တပ်မမှူး - ဗိုလ်မှူးကြီး မင်းမင်းထွန်းမှာ တိုက်ပွဲအတွင်း အသေဖမ်းဆီးရမိသည်ဟု ရက္ခိုင့်တပ်တော် AA ထံမှ သိရသည်။ စစ်ကောင်စီတပ် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇/၈) ရက်များက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့စဉ် ၎င်းတို့တပ်ဖွဲ့ဝင်အချို့နှင့်အတူ ဖမ်းဆီးရမိထားကြောင်း၊ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ် တိုက်ပွဲကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။ (more…)
Read More