Tag: ULA/AA

  • လောက်ကိုင် ဒကစ လက်နက်ချသည့်အတွက် လောက်ကိုင်ကို MNDAA အပြီးသတ်သိမ်းပိုက်

    RNA_ဇန်နဝါရီ(၅)၊၂၀၂၄ခုနှစ်။
     
    ကိုးကန့်အထူးဒေသ (၁) လောက်ကိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ ယမန်နေ့ (ဇန်နဝါရီ ၄ ရက်) ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့်အတွက် MNDAA နှင့်ပူးပေါင်းတပ်ဖွဲ့များက လောက်ကိုင်မြို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။
     
    လောက်ကိုင်ရှိ စစ်ကောင်စီလက်အောက်ခံများကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအတွင်း နေ့စဉ်တိုက်ခိုက်လာခဲ့သည့်မှာ ဇန်နဝါရီလ ၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ်သွားနိုင်ပါက ရှမ်းပြည်နယ် အထူးဒေသ (၁) အားလုံး စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
    [embedyt] https://www.youtube.com/watch?v=pbFLDmZ3dS4[/embedyt]
    ယမန်နေ့ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့် လောက်ကိုင် ဒကစ ပါအဝင် စစ်ကောင်စီလက်အောက်ခံများကို MNDAA ဦးဆောင်သည့် အဖွဲ့က ယနေ့ နံနက်ပိုင်းက လားရှိုးဘက်ပို့ဆောင်နေကြောင်း ဒေသတွင်းသတင်များအရ သိရသည်။
     
    #RedNewsAgency

  • စစ်ကောင်စီအပေါ် ဖိအားပေး ခြိမ်းခြောက်လာတဲ့ ရခိုင်စစ်မျက်နှာ

    စစ်ကောင်စီအပေါ် ဖိအားပေး ခြိမ်းခြောက်လာတဲ့ ရခိုင်စစ်မျက်နှာ

    “အင်အားကြီးထွားလာတဲ့ ရက္ခိုင့်တပ်တော် AA ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ကြုံတွေ့လာရချိန်မှာတော့ ခံစစ်အသွင်ကို တဖြေးဖြေးပြောင်းလဲလာပြီး မကြာခင်မှာ ရခိုင်စစ်မျက်နှာအများအပြားကို စစ်ကောင်စီအနေနဲ့ လက်လွှတ်ဆုံးရှုံးလာရမှာ”

    မောင်ဝိ

    နွေဦးတော်လှန်ရေးကာလ အတွင်း စစ်ရေးတိုးတက်လာမှု၊ စစ်ကောင်စီအပေါ် ပြင်းပြင်းထန်ထန်ထိုးနှက်နိုင်ခဲ့တဲ့ စစ်ဆင်ရေးကိုပြောပါဆိုရင် “၁၀၂၇” စစ်ဆင်ရေးကို ပြောရပါမယ်။ အဲ့ဒီစစ်ဆင်ရေးတွေဟာ စစ်ကောင်စီတပ်တွေကို ကြုံသလိုတိုက်ခိုက်တာမဟုတ်ပဲ ဗျူဟာမြောက် ထိုးစစ်ဆင်နေခဲ့တာတွေကို တွေ့ရပါတယ်။ ဒါ့အပြင်

    ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ ပိတ်ဆို့ ထိန်းချုပ်ထားနိုင်ခဲ့တဲ့ နယ်မြေတွေကိုကြည့်မယ်ဆိုရင် စစ်ကောင်စီရဲ့ ကုန်သွယ်ရေး ထွက်ပေါက်ဖြစ်တဲ့ အိန္ဒိယ-မြန်မာနယ်စပ်၊ ရှမ်းမြောက်ဒေသရှိ တရုတ်- မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းများအပြင်၊ မြဝတီ- ကော့ကရိတ် လမ်းမတွေကိုပါ ထိန်းချုပ်လာနိုင်တာတွေ့ရတယ်။

    ဒီနေရာမှာ မေ့ထားလို့မရတာက စစ်ကောင်စီတပ်တွေ ကြောက်ရွံ့လာတဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့အတွင်းက ရက္ခိုင့်တပ်တော်- AA အကြောင်းပဲ ဖြစ်တယ်။ ဒီထဲကမှ စစ်တပ်အာဏာမသိမ်းခင်က ရခိုင်ပြည်အတွင်းက တိုက်ပွဲ အခြေအနေတချို့ကို ခလရ (၃၅) ရဲ့ တပ်ကြပ်ကြီး ပြောပြလို့ သိခွင့်ရခဲ့တယ်။

    ဖြစ်စဥ်က၂၀၂၀ ပြည့်နှစ်၊ ၁၂ လပိုင်း ၊၂၆ ရက်နေ့မှာ ခလရ (၃၅)၊ ခလရ (၁) နဲ့ နယ်မြေခံ စစ်ကောင်စီတပ်ရင်း (၁)ရင်းတို့ဟာ အမ်းမြို့နယ်ကနေ AA တပ်ဖွဲ့ဝင်တွေရှိနိုင်တဲ့ နေရာတွေကို ချီစစ်ဆင်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန် အမ်းမြို့နယ်နဲ့ စညှင်းရွာကြား၊ မြေပုံမြို့နယ်အစပ်မှာ AA တပ်ဖွဲ့ဝင်တွေရဲ့ ခြုံခိုတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။

    အဲဒီ တိုက်ပွဲအတွင်း ရှေ့ဆုံးကနေ ချီစစ်ဆင်တဲ့ ခလရ (၁) တပ်ရင်း တစ်ရင်းလုံးဟာ အဆက်အသွယ်ပြတ်တောက်သွားပြီး ကစဥ့်ကလျားထွက်ပြေးသွားခဲ့ကြတယ်။ ဒါဟာ အာဏာမသိမ်းခင်အချိန် စစ်ကြောင်း တခါထိုးရင် တပ်ရင်း (၃) ရင်းခန့်နဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေခဲ့တဲ့ အချိန်က စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းအခြေအနေပဲဖြစ်တယ်။

    (more…)

  • ရက္ခိုင့်တပ်တော်မှ မြောက်ဦးရဲစခန်းအပါအဝင် စစ်ရေးပစ်မှတ်များကို ဆက်တိုက်သိမ်းပိုက်

    ရက္ခိုင့်တပ်တော်မှ မြောက်ဦးရဲစခန်းအပါအဝင် စစ်ရေးပစ်မှတ်များကို ဆက်တိုက်သိမ်းပိုက်

    RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၃ခုနှစ်။

    အာဏာသိမ်း စစ်ကောင်စီတပ်အခြေစိုက် ရခိုင်ပြည်နယ်၊ မြောက်ဦးရဲစခန်း၊ ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝဒေသအတွင်းရှိ ပွိုင့် (၃၇၇) စစ်ဆင်ရေး အခြေကုပ်စခန်းကုန်းတို့အား ရက္ခိုင့်တပ်တော်-AA မှ ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့သည်။

    ဒီဇင်ဘာလ (၂၆) ရက်နေ့ ည (၉) နာရီခန့်က မြောက်ဦးမြို့ ခရိုင်ရဲစခန်း၊ ဒီဇင်ဘာလ (၂၇) ရက်နေ့ နံနက် (၆) နာရီ (၁၀) မိနစ်တွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်း၊ ဒီဇင်ဘာလ (၂၈) ရက်နေ့ နံနက် (၉) နာရီ (၂၀) မိနစ်ခန့်က အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိုင့် (၃၇၇) စစ်ဆင်ရေး ခြေကုပ်စခန်းကုန်းတို့အား သိမ်းပိုက်ခဲ့ကြောင်း၊ ကျန်ရှိနေသေးသော စစ်ရေးပစ်မှတ်များကိုလည်း ဆက်လက်သိမ်းပိုက် ရယူသွားမည်ဟု AA က ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

    (more…)

  • မြန်မာ့တပ်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီဟု ညီနောင်မဟာမိတ်များပြောကြား

    မြန်မာ့တပ်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီဟု ညီနောင်မဟာမိတ်များပြောကြား

    RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၃ခုနှစ်။

    မြန်မာတပ့်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ်သည် သမိုင်းတွင်ကျန်ရစ်ကာ” ငါ့အသက်ကို ညီနောင်မဟာမိတ်(၃) ဖွဲ့က ဘယ်အချိန်လာယူမလဲ” ဆိုသော စိုးရိမ်ပူပန်မှုများနှင့်အတူ ခုခံစစ်ကို မည်သည့် စစ်ကူမျှမပါဘဲ ရင်ဆိုင်နေရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။

    မြန်မာ့တပ်မတော်သားများ အနေဖြင့် အသက်မသေလိုပါက ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဝင်ရောက်ခိုလှုံကြရန် ထပ်မံ တိုက်တွန်းလိုက်ကြောင်း၊ “အသက်ကိုဉာဏ်စောင့်” ဆိုသည်ကိုလည်း စေတနာဖြင့် အသိပေးလိုက်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်းငါးဆယ်ကျော်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီသည် တိုက်ပွဲအများစုတွင် စစ်ကူမပေးနိုင်တော့သည်ကို အတိုင်းသား တွေ့မြင်ခဲ့ရပြီဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ညက ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ : ရှမ်းမြောက်တိုက်ပွဲအတွင်း ယမန်နေ့က အောင်ပွဲခံနေသည့် တော်လှန်ရေးရဲဘော်များ။

    (more…)

  • စစ်တပ်အသည်းအသန်ခုခံနေရတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်-ချင်းလမ်းကြောင်း

    စစ်တပ်အသည်းအသန်ခုခံနေရတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်-ချင်းလမ်းကြောင်း

    “AA ဟာ ရှင်းဝစခန်းကို ဝင်ရောက်တိုက်ခိုက်နေပါပြီ။ ပလက်ဝမှာဆိုရင်လည်း တပ်ရင်းကတစ်ရင်းပဲ ရှိပါတယ်။ နောက်ဆုံးမှာ မီးဝဗျူဟာကုန်းကို AA က ရသွားရင်တော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အပြင်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့ကိုပါ ဆက်သွယ်နိုင်မယ့်လမ်းကြောင်းကို စိုးမိုးနိုင်တော့မှာ”

    လှဆောင်

    မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက်မှာ စစ်တပ်အတွက် အရေးကြီးတဲ့ နေရာ ၅ ခု ရှိပါတယ်။အဲဒါတွေကတော့ ကုလားတန်မြစ်ဘေးက တရွန်အိုင်ဗျူဟာကုန်း၊ နှုံးဘူးဗျူဟာကုန်း၊ ရှင်းဝစခန်း၊ ပလက်ဝမြို့နဲ့ မီးဝဗျူဟာကုန်းတို့ ဖြစ်ပါတယ်။

    အဲဒီနေရာ ၄ ခုလုံးဟာ ကုလားတန်မြစ်ဘေးတလျှောက်မှာ တည်ရှိနေတာဖြစ်ပြီး အိန္ဒိယ-ရခိုင်ပြည်နယ်-ချင်းပြည်နယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာပါ။

    ကုလားတန်ဘက်စုံစီမံကိန်းကိုတော့ ဦးသိန်းစိန်အစိုးရမတိုင်ခင်ကတည်းက နှစ်နိုင်ငံ အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး အခုအချိန် စစ်တွေက နိုင်ငံတကာသင်္ဘောတွေဆိုက်ကပ်နိုင်တဲ့ ဆိမ်ကမ်းဟာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပါပြီ။ အဲဒီကုန်သွယ်ရေးလမ်းကြောင်းဟာ အိန္ဒိယနိုင်ငံအတွက် အရေးကြီးသလို ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တိုးတက်ဖို့အတွက်လည်း အရေးပါတဲ့ဒေသဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရတုန်းက အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး နှစ်နိုင်ငံခွဲထွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပါကစ္စတန်ဟာ ဒေသနှစ်ခုအဖြစ်ကွဲထွက်ပြီး အိန္ဒိယနိုင်ငံကိုခွသွားတဲ့ ပုံစံမျိုးဖြစ်တာကြောင့် နှစ်နိုင်ငံလုံးဟာ နှစ်ပိုင်းဆီကွဲသွားခဲ့ပါတယ်။

    (more…)

  • မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

    မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

    “လက်ရှိအခြေအနေမှာ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့နေနေသာသာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေကိုယ်တိုင်က တော်လှန်ရေးအဖွဲ့တွေရဲ့ ဖြတ် (၄) ဖြတ် လုပ်ခြင်းကို ခံနေရ”

    မောင်ဝိ 

    ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ၃ နှစ်ပြည့်ကာနီး ကာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာနဲ့ မြို့ကြီးတွေကိုပါ ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ တော်လှန်ရေး သိသိသာသာ တိုးတက်လာချိန်ကို အဓိကပြောပါဆိုရင် ရှမ်းမြောက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို မေ့ထားလို့မရပါဘူး။ ဒါ့ကြောင့်ပဲ မြောက်ပိုင်းမဟာမိတ် () ဖွဲ့က ဦးဆောင်ခဲ့တဲ့ ရှမ်းမြောက်က စစ်ဆင်ရေးကို စစ်ခေါင်းဆောင်ကိုယ်တိုင် ထိတ်လန့်လာတဲ့အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။ 

    ၁၀၂၇ မစတင်ခင် ၂ ပတ်လောက်အလိုကတည်းကစစ်တပ်အနေနဲ့ စာထုတ်ပြီး သူ့တပ်ရင်းတွေကို အကြောင်းကြားထားခဲ့တာဖြစ်တယ်လို့ ရှမ်းမြောက်တိုက်ပွဲတွေအတွင်းမှာ ပါခဲ့တဲ့ အရာရှိဖြစ်သူထံမှ သိရပါတယ်။ ၁၀၂၇ မစတင်ခင် အောက်တိုဘာ ၇ ရက်နေ့လောက်ကတည်းက လုံထန်ဘက်မှာ တိုက်ပွဲအသေးစားလေးတွေ ဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မနက် ၂ နာရီလောက်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်ကို အရင်ဝင်သိမ်းခဲ့ပါတယ်။ ဒီနောက် ဟိုပန်နဲ့ ချင်းရွှေဟော်က ကားနဲ့ ၂၅ မိနစ်လောက်သွားရတဲ့ ဟိုပန် ဖောင်ဆိပ်စခန်းမှာကလည်း စစ်တပ်က တပ်စွဲထားတဲ့ အင်အား ၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    ၁၀၂၇ စတင်ခဲ့တဲ့ မနက်ပိုင်း ၄ နာရီလောက်မှာ MNDAA နဲ့မဟာမိတ် ပူးပေါင်း အင်အား ၂၀၀၀ ခန့်ဟာ ဟိုပန်တံတားကို ဝင်စီးခဲ့ပါတယ်။ ဒီနောက် ဖောင်ဆိပ် စစ်ကောင်စီ စခန်းကျခဲ့တယ်။ အဲ့အချိန် ဟိုပန်ထဲက တပ်တွေက လက်နက်ကြီး တွေနဲ့ ဖောင်ဆိပ်တံတားဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့်၊ စစ်တပ်ကအင်အားနဲ့ ပြန်တိုက်နိုင်တာမျိုး မရှိခဲ့ပါဘူး။ ဟိုပန်ဖောင်ဆိပ်ကို သိမ်းပြီး မဟာမိတ်ပူးပေါင်းအဖွဲ့က တံတားကိုဖျက်ခဲ့ပါတယ်။ ဖောင်ဆိပ်ဘက်ကနေ ကွမ်လုံဘက်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဆက်တက်တယ်။ ကွမ်းလုံမရောက်ခင် ကောင်းကျဲဘက်မှာ မြောက်ပိုင်း ၃ ဖွဲမှ အဖွဲ့ ၄ နေရာလောက်ခွဲပြီး၊ ကွမ်လုံမှာရှိတဲ့တပ်တွေကို ဒရော့ဗုံးချတာ၊ ရနိုင်မယ်ထင်တဲ့နေရာတွေကိုဝင်ပစ်တယ်။

    (more…)

  • ပြည်သူတစ်ရပ်လုံး မျှော်လင့်နေသည့် နိုင်ငံရေးရည်မှန်းချက်များကို လျစ်လျူရှုကာ နောက်လှည့်သွားမည်မဟုတ်ဟု ညီနောင် ၃ ဖွဲ့ အသိပေး 

    ပြည်သူတစ်ရပ်လုံး မျှော်လင့်နေသည့် နိုင်ငံရေးရည်မှန်းချက်များကို လျစ်လျူရှုကာ နောက်လှည့်သွားမည်မဟုတ်ဟု ညီနောင် ၃ ဖွဲ့ အသိပေး 

    RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။ 

    စစ်တပ်၏ ဖိနှိပ်မှုဒဏ်ကို မျိုးဆက်တစ်ခုပြီးတစ်ခု ခံစားခဲ့ကြရသော မြန်မာပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေသည့် နိင်ငံရေး ရည်မှန်းချက်များကို မည်သည့်အခါမှ လျစ်လျူရှုသွားမည်မဟုတ်သည့်အပြင် နောက်လှည်သွားမည့်သူများမဟုတ်ကြောင်း မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က အသိပေးထားသည်။ 

    လတ်တလောတွင် တွေ့မြင်နေရသော သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို မိမိတို့အနေဖြင့် သိရှိရ၍ အဆိုပါကိစ္စရပ်အပေါ် များစွာစိုးရိမ်ပူပန်မှု မရှိကြစေရန် ပြောကြားလိုပါသည်။ ထို့အတူ မိမိတို့အနေဖြင့် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မာပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း လေးစားစွာ အသိပေးအပ်ပါသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။ 

    ၁၀၂၇ စစ်ဆင်ရေးစတင်သည့်နေ့မှစ၍ ယနေ့အထိ စစ်ကောင်စီတပ်စခန်းများနှင့် စစ်ရေးပစ်မှတ်များကို နေ့စဉ်တိုက်ခိုက်နေကြောင်း၊ MNDAA TNLA AA တို့သည် ကိုးကန့်ဒေသနှင့် တအာင်းဒေသ၊ ရခိုင်ဒေသတွင်း အကြမ်းဖက်စစ်ကောင်စီကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့အထိ စစ်ဆင်ရေး ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

    Red News Agency

  • စစ်ကောင်စီနဲ့ မြောက်ပိုင်း ညီနောင် ၃ဖွဲ့တွေ့ဆုံမှု ဘာလဲ ဘယ်လဲ

    စစ်ကောင်စီနဲ့ မြောက်ပိုင်း ညီနောင် ၃ဖွဲ့တွေ့ဆုံမှု ဘာလဲ ဘယ်လဲ

    “မြောက်ပိုင်းညီနောင် ၃ဖွဲ့ကို ရှုံးခဲ့ရင် စစ်ကောင်စီအနေနဲ့ နယ်မြေဆုံးရှုံးတာတစ်ခုကလွဲပြီး လက်ရှိထိုင်ခုံပေါ်ကနေ ဆင်းပေးစရာ မရှိနိုင်တာကိုတွေ့ရှိရပါတယ်။ သို့သော် NUG ကိုသာ ရှုံးနိမ့်ခဲ့ရင် စစ်ကောင်စီအနေနဲ့ ခုံပေါ်က ခွေးကျ ကျမှာဖြစ်သလို နောက်ကြောင်းပြန်အရေးယူမှုတွေကြောင့် အာဏာသိမ်းမှုမှာ ပါ၀င်တဲ့ မင်းအောင်လှိုင်မှ အစ အောက်ခြေ တိုင်းမှူး၊ဗိုလ်မှူးတွေအထိ ကြိုးစင်တက်ရမှာ”
    ************************************
    ရာဟု ( Simon)

    အောက်တိုဘာ ၂၇ရက်နေ့တွင် MNDAA ၊ TNLA နှင့် AA အစရှိတဲ့ ညီနောင် ၃ ဖော်မှ ၁၀၂၇ စစ်ဆင်ရေးအမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတစ်ခွင်မှာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး သမိုင်းဝင်တိုက်ပွဲတွေကို စတင်ဖော်ဆောင်ခဲ့ပါတယ်။

    တိုက်ပွဲစတင်လျှင် စတင်ခြင်းနေ့မှာပဲ ဖွဲ့စည်းပုံနဲ့ စည်းကမ်းပိုင်း၊ တိုက်ခိုက်ရေးပိုင်းလျော့ရဲနေတဲ့ စစ်ကောင်စီရဲ့ တပ်တွေဟာ ညီနောင် ၃ဖော်ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုအောက်မှာ အထိနာခဲ့ပြီး ရုတ်ချည်းဆိုသလို ချင်းရွှေဟော်အပြင် စစ်ကောင်စီ၏ အရေးပါသည့် ခံစစ်စခန်းများကို လက်လွှတ်ဆုံးရှုံးခဲ့ရသလို သေဆုံး၊ ဒဏ်ရာရရှိသူများနှင့် လက်နက်ချ အညံ့ခံသူတွေလည်း ရှိခဲ့ပြီး လက်နက်ခဲယမ်းမျိုးစုံကိုလည်း ဆုံးရှုံးခဲ့ရတာကိုတွေ့ရှိရပါတယ် ။

    အခုဆို ၁၀၂၇ စစ်ဆင်ရေးရဲ့ တစ်လကျော်အချိန်ကာလတစ်ခုကိုရောက်လာတဲ့ အချိန်မှာတော့ စစ်ကောင်စီဘက်မှ မြို့​ပေါင်း ၅ မြို့၊ စစ်စခန်း​ပေါင်း ၂၀၀ ​ကျော်နဲ့ မြန်မာ-တရုတ်နယ်စပ်ဂိတ် ၅ ဂိတ်နှင့် လက်နက်ခဲယမ်းများစွာကို ညီ​နောင်မဟာမိတ် ၃ ဖွဲ့ကသိမ်းပိုက်နိုင်ခဲ့သလို နယ်စပ်ဒေသမှာရှိတဲ့ စစ်ကောင်စီရဲ့ အာဏာစက်နဲ့ ထိန်းချုပ်မှုဟာလည်း တစ်စစီပြိုလဲသွားတာကို တွေ့မြင်ခဲ့ရပါတယ်။

    ဒီလို စစ်ရေးအရရော ၊ နယ်မြေစိုးမိုးမှုအရပါ ဆုံးရှုံးခဲ့ရတဲ့ စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ၁လကျော်ကြာတဲ့အချိန်မှာပဲ တရုတ်ရဲ့ ကြား၀င်စေ့စပ်ပေးမှုနဲ့အတူ ညီနောင် ၃ဖော်နဲ့ ကနဦးညှိနှိုင်းဆွေးနွေးရေးလုပ်ပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူညီမှု တစ်ခုလုပ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ထုတ်ဖော်ပြောကြားခဲ့သလို၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Mao Ning’s မှလည်း ပြောကြားခဲ့ပါတယ်။

    စစ်ကောင်စီ၏ အကြံအစည်
    ~~~~~~~~~~~~~~~~~

    အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ၂၀၂၁ ဖေဖော်ဝါရီလကနေစပြီး အာဏာသိမ်းဖြစ်စဥ်ကိုကျူးလွန်ပြီးတဲ့နောက်ပိုင်း ပြည်သူလူထုရဲ့ လက်နက်ကိုင်တော်လှန်မှုကို အလူးအလဲခံနေရတဲ့အပြင် နိုင်ငံတကာဖိအားတွေရဲ့ ဒဏ်၊ စီးပွားရေး၊ နိုင်ငံရေး ၊ သံတမန်ရေး အစရှိတဲ့ ကဏ္ဍပေါင်းစုံအသီးသီးမှာလည်း သမိုင်းတလျောက်မကြုံဘူးလောက်အောင်ကို ရင်ဆိုင်ကြုံတွေ့နေရတာကိုလည်း မြင်နေရပါတယ်။

    (more…)

  • မြန်မာပြည်မြောက်ပိုင်းပဋိပက္ခပအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှု အပြုသဘောဆောင်သည့်ရလဒ် ရရှိခဲ့သည်ဟု တရုတ်အစိုးရပြော

    မြန်မာပြည်မြောက်ပိုင်းပဋိပက္ခပအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှု အပြုသဘောဆောင်သည့်ရလဒ် ရရှိခဲ့သည်ဟု တရုတ်အစိုးရပြော

    မောင်လူအေး(လှည်းတန်း)_RNA_ဒီဇင်ဘာ(၁၂)၊၂၀၂၃ခုနှစ်။

    မြန်မာနိုင်ငံမြောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား သီတင်းတစ်ပတ်အကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက်မှာ ပဋိပက္ခများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြောကြားထားသည်။

    မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့တို့ ယမန်နေ့က တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရေ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှုတွင် အပြုသဘောဆောင်သည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတပ် “နှုံးဘူးဗျူဟာ” ကို AA သိမ်းပိုက်နိုင်ပြီး “နှုံးဘူး”ဗျူဟာမှူး သေဆုံး

    စစ်ကောင်စီတပ် “နှုံးဘူးဗျူဟာ” ကို AA သိမ်းပိုက်နိုင်ပြီး “နှုံးဘူး”ဗျူဟာမှူး သေဆုံး

    RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။

    ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခိုင်အမာစခန်းချထားသော ဗျူဟာကုန်း (၂) ခု ဖြစ်သည့် “တရွန်အိုင်ဗျူဟာ” နှင့် “နှုံးဘူးဗျူဟာ” စခန်းနှစ်ခုစလုံးအား ရက္ခိုင့်တပ်တော် -AA မှ တိုက်ခိုက် သိမ်းပိုက်နိုင်ဖြစ်ဖြစ်ကြောင်း၊ “နှုံးဘူး” ဗျူဟာမှူးအလောင်းပါ သိမ်းဆည်းရမိဟု ယနေ့ AA က ထုတ်ပြန်လိုက်သည်။

    AA မှ တစ်ရက်မျှ ရပ်နားခဲ့ခြင်းမရှိသော ထိုးစစ်အား လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် စစ်ကောင်စီမှ အပြင်းအထန် ခုခံခဲ့သော်လည်း ဗျူဟာကုန်းစခန်းအား မရရအောင် အပြင်းအထန်တိုက်ခိုက်ခဲ့ပြီးနောက် ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ “နှုံးဘူး” ဗျူဟာမှူးအလောင်းအပါအဝင် ရန်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းအမြောက်အမြားတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

    ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့၌ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး “တရွန်အိုင်ဗျူဟာ” ကုန်းတစ်ခုလုံးအား ထိုးစစ် (၂၁) ရက်အကြာ၊ ဒီဇင်ဘာလ (၄) ရက်နေ့၌ အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ကြောင်း၊ အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော “နှုံးဘူးဗျူဟာ” အား ဒီဇင်ဘာလ (၁၀) ရက်နေ့၊ ည (၁၁) နာရီ (၄၅) မိနစ် အချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    #RedNewsAgency