Tag: PDF

  • မြေပြင် တိုက်ခိုက်ရေး သမားများပူးပေါင်းပြီး လူငယ်သူရဲကောင်းတပ် ဖွဲ့စည်း

    မြေပြင် တိုက်ခိုက်ရေး သမားများပူးပေါင်းပြီး လူငယ်သူရဲကောင်းတပ် ဖွဲ့စည်း

    RNA_ဇွန် ၃၀၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ကနီမြို့နယ်၊ မင်းကင်းမြို့နယ်၊ ဆားလင်းကြီးမြို့နယ်နှင့် မကွေးတိုင်း မြိုင်မြို့နယ်တို့တွင် တိုက်ပွဲများစွာ ဖော်ဆောင်ခဲ့သော တိုက်ခိုက်ရေးလှုပ်ရှားသူများက NUG ကာကွယ်ရေးဝန်ကြီးဌာန ( MOD) နှင့် လက်တွဲဆောင်ရွက်နိုင်ရေး လူငယ်သူရဲကောင်းတပ် ( YOUNG RANGERS FORCE-YRF ) ဖွဲ့စည်းကာ တိုက်ပွဲဝင်နေပြီဖြစ်ကြောင်း သိရသည်။

    ဇွန်လ ၂၉ ရက်နေ့က လူငယ်သူရဲကောင်းတပ်ဖွဲ့ကို မြို့နယ်အတွင်းရှိ ပကဖ၊ ပအဖ တို့နှင့် တွေ့ဆုံစဉ်

    အညာမြေထူးပျောက်ကြားတပ်ဖွဲ့၊ ကျားသစ်နက်၊ Future Generation၊ PRA ခွဲ ၃၁ ၊မြိုင်PDF၊ နောက်မြောက်တိုင်း PDF တပ်ဖွဲ့ များနှင့်အတူ လူငယ်သူရဲကောင်းတပ် ( YOUNG RANGERS FORCE -YRF ) တို့က ဇွန်လ ၁၅ ရက်နေ့က မြိုင်မြို့နယ် ကန်နီကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို တိုက်ခိုက်ခဲ့ကြသည်။

    (more…)

  • “အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် ” ဟု ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာက ရဲဘော်ကြွေးကြော် 

    “အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် ” ဟု ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာက ရဲဘော်ကြွေးကြော် 

    RNA_ဇွန်၃၀၊၂၀၂၂ခုနှစ်။

    KNDO ဗိုလ်စလုံးနှင့်အဖွဲ့ ဥကရစ်ထစခန်းတိုက်ပွဲ ရှေ့တန်းစစ်မျက်နှာမှ နောက်တန်းရဲဘော်များထံ ရုပ်သံ ပေးပို့ရာတွင် “အာဏာရူး မကျမချင်း တိုက်ပွဲဝင်နေမယ် “ဟု ရဲဘော်တဦးက ကြွေးကြော်ထားသည်။

    အများပြည်သူ သိရှိစေရန် ဗိုလ်စလုံးအဖွဲ့ဝင် ရဲဘော်တဦး ရိုက်ကူးပြီး လူမှုကွန်ယက်တွင် ယနေ့နံနက်ပိုင်းက ဖြန့်ချိထားခြင်း ဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=FIRRJxoS_fs[/embedyt]

    ” စခတွေက ဥကရစ်ထစခန်းကို အသေခံကွာကွယ်မှာ မင်းအောင်လှိုင်က သူသေတာမှမဟုတ်တာ၊ အောက်ခြေကကောင်တွေ သေခိုင်းတာလေ၊ သူတို့က ဒီစခန်းကျလို့မရဘူးလို သတ်မှတ်ထားပုံပဲ၊ ကျသွားရင် ကရင်ပြည်နယ်မှာ အခိုင်အမာစခန်းတခု ကျသွားရင် ကျန်တဲ့စခန်းတွေက လွယ်သွားပြီ အခုအသေအလဲ အသေခံ တိုက်ခိုင်းတယ်၊ လေယာဉ်တွေနဲ့ အင်တိုက်အားတိုက်သုံးချနေတယ်လို့ ယူဆပါတယ်” ဟု PDF ရဲဘော်တဦးက ပြောသည်။

    ကရင်ပြည်နယ် ဝေါလေဒေသရှိ စစ်ကောင်စီတပ်၏ ဥကရစ်ထစခန်းကို KNLA၊KNDO၊PDF ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်နေသည်မှာ ယနေ့အပါအဝင် (၅) ရက်ရှိပြီဖြစ်ကြောင်း၊ နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိကြောင်း၊ စစ်ကောင်စီတပ်သည် စခန်းမကျရေးအတွက် လေယာဉ်ပစ်ကူ အလွန်အကျွံအသုံးပြုကာ တိုက်ခိုက်နေရကြောင်း၊ စစ်ကောင်စီတပ်ဘက်က အကျအဆုံး ပိုများနေကြောင်း သိရသည်။

    ဝေါလေဒေသ ဥကရစ်ထ စစ်ကောင်စီ စစ်ဆင်ရေးခြေကုတ်စခန်းသည် မြဝတီ ၊ သေ့ဘောဘိုး၊ ဝေါလေမြို့သစ်အဝင် မုလအိ၊ စုကလိလမ်းပိုင်း ထိပ်လမ်းဆုံနေရာတွင် တည်ရှိကြောင်း သိရသည်။

    Red News Agency

  • မြို့သိမ်းတိုက်ပွဲတွေအတွက် ဘာတွေလိုအပ်နေသလဲ

    မြို့သိမ်းတိုက်ပွဲတွေအတွက် ဘာတွေလိုအပ်နေသလဲ

    မကွေးတိုင်းမှာ မြို့သိမ်းတိုက်ပွဲ စခန်းသိမ်းတိုက်ပွဲတွေ လုပ်နိုင်ပေမဲ့ ဘာတွေလုပ်ဖို့လိုအပ်နေသလဲ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဘာတွေလုပ်ပေးဖို့လိုအပ်နေသလဲဆိုတဲ့ အခြေအနေတွေကို Red News Agency သတင်းဌာနက ရေစကြို PDF က တပ်ရင်းမှူး ဗိုလ်မှိုင်းတေဇကို ဆက်သွယ်မေးမြန်းထားသည်။

    [embedyt] https://www.youtube.com/watch?v=Gb8ZrpoHSX8[/embedyt]

    Red News Agency

  • ကျည်ကုန်သည်အထိ အသက်သေခံ ပြန်ပစ်ခဲ့သူ ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စစ်ကောင်စီစွပ်စွဲ 

    ကျည်ကုန်သည်အထိ အသက်သေခံ ပြန်ပစ်ခဲ့သူ ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စစ်ကောင်စီစွပ်စွဲ 

    RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။

    မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီတပ်သားများက ဖမ်းဆီးစဉ် ကျည်ကုန်သည်အထိ အသက်အသေခံ ပစ်ခတ်ခဲ့သူ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့က ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စွပ်စွဲကာ စစ်ကောင်စီက ယနေ့ ထုတ်ပြန်ခဲ့သည်။

    ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့က ဆရာစွမ်းအပါအဝင် ရဲဘော်များနှင့် ဆက်စပ်သူ (၇) ဦးသည် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၆ လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ KBZ ဘဏ်ခွဲ(၉)မှ ငွေကျပ် ၄၄၉ သိန်းအား ဓားပြတိုက်ယူဆောင်သွားခဲ့သူများဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ထုတ်ပြန်ထားပြီး၊ (၆) ဦးကို အရှင်ဖမ်းမိပြီး ဆရာစွမ်းကို လမ်းမပေါ်တွင် စစ်ကောင်စီတပ်ကို ခုခံရင်း ကျဆုံးခဲ့ရကြောင်း သိရသည်။

    (more…)

  • ရပ်ကွက်က ဝိုင်းဖမ်းစဉ် ” ကျနော်ကို သတ်လိုက်ကြပါတော့ဗျာ” ဟု ပြောဆို‌ခဲ့ 

    ရပ်ကွက်က ဝိုင်းဖမ်းစဉ် ” ကျနော်ကို သတ်လိုက်ကြပါတော့ဗျာ” ဟု ပြောဆို‌ခဲ့ 

    RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။

    ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၄ရပ်ကွက်-ယုဇနဥယျာဉ်မြို့တော်၊ ၁၀လမ်း(A)ဘလောက် တိုက် (၁၆) ရှိ အခန်းမှာ ပေါက်ကွဲမှုဖြစ်အပြီး တယောက်ပြေးဆင်းလာရာ ရပ်ကွက်လမ်းထိပ်က လူများဝိုင်းဖမ်းစဉ် ” ကျနော်ကို သတ်လိုက်ကြပါတော့ဗျာ” ဖမ်းဆီးခံရသည့် လူငယ်က အော်ဟစ်ပြောဆိုခဲ့ကြောင်း ရပ်ကွက်အတွင်းမှ ပြည်သူတဦးက အသိပေးလာသည်။

    (more…)

  • ကရင်ပြည်နယ် ဥကရစ်ထ စခန်းအနီးတိုက်ပွဲတွင် CDM တပ်ကြပ်ဝေလင်းအောင် ကျဆုံး

    ကရင်ပြည်နယ် ဥကရစ်ထ စခန်းအနီးတိုက်ပွဲတွင် CDM တပ်ကြပ်ဝေလင်းအောင် ကျဆုံး

    RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။

    ကရင်ပြည်နယ်၊ ဝေါလေဒေသရှိ စစ်ကောင်စီစစ်ဆင်ရေးခြေကုတ်စခန်းတစ်ခုဖြစ်သည့် ဥကရစ်ထစခန်းအနီးတွင် ယနေ့ ညနေ(၅)နာရီအထိ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်းမှာ BGFမှ CDM ပြုလုပ်လာပြီး မဟာမိတ်တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသည့် တပ်ကြပ် ဝေလင်းအောင် ကျဆုံးသွားကြောင်း သိရသည်။

    “CDM စစ်သားဖြစ်သူ တပ်ကြပ် ဝေလင်းအောင်ဥကရစ်ထမှာ ကျဆုံး အလေးပြုပါတယ်။ ပေးဆပ်မှုက CDM ဝင်တဲ့အချိန်မှာတောင် တာဝန်ကျေနေပြီမို့ တိုင်းပြည်အတွက်ပါ အသက်ပေးသွားတဲ့အတွက်ပြောစရာ စကားတောင်မရှိပါဘူး ” ဟု စသည်ဖြင့် CDM ရေတပ်သားတဦးက လူမှုကွန်ယက်တွင် ရေးသားထားသည်။

    ယနေ့ နှင့် ပြီးခဲ့သည့် ညပိုင်းကတည်းက KNLA ၊ KNDO စသည့် ပူးပေါင်းတပ်များက ဥကရစ်ထစခန်းအနီးတွင် စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုပ်နေကြောင်း၊ ယနေ့ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်က လေယာဉ် အသုံးပြု ပစ်ခတ်နေကြောင်း သိရသည်။

    RedNewsAgency

  • သမ္မတအတုနှင့် ကိုယ့်မင်းကိုယ့်ချင်း စစ်ကောင်စီက ကိုဂျင်မီတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမလား

    သမ္မတအတုနှင့် ကိုယ့်မင်းကိုယ့်ချင်း စစ်ကောင်စီက ကိုဂျင်မီတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမလား

    အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားပြီး သေဒဏ်အတည်ပြုထားသည့် ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာ်သော်ပါအဝင် ၄ ဦးကို သေဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပြုရမည်ဖြစ်သော်လည်း တကယ်စီရင်လိုက်ပါက မ မျှော်မှန်းနိုင်သည့် နစ်နာဆုံးရှုံးမှု၊ ပြင်းထန်ရက်စက်သည့် လက်တုန့်ပြန်မှုများ၊ ကမ္ဘာကြီးက  လက်ခံမည်မဟုတ်ကြောင်း စသည်တို့ကို တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောထားသည်။

    [embedyt] https://www.youtube.com/watch?v=U0m_YE6fZTo[/embedyt]

    RedNewsAgency

  • PDF လက်နက်ထုတ်လုပ်ရေးစခန်းတခု မီးလောင်ပေါက်ကွဲမှုဖြစ် 

    PDF လက်နက်ထုတ်လုပ်ရေးစခန်းတခု မီးလောင်ပေါက်ကွဲမှုဖြစ် 

    RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။

    ?????????? ??????’? ??????? ?????-?? လက်နက်ထုတ်လုပ်ရေးစခန်း တခု ဇွန်လ ၂၅ ရက်နေ့က မတော်ဆ ထိခိုက်ကာ မီးလောင်ပေါက်ကွဲမှုဖြစ်ပြီး လက်နက်ပစ္စည်း အများအပြား ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

    ” ထုတ်လုပ်ရေးလုပ်နေစဉ် မတော်တဆဖြစ်ခဲ့ပြီး ထုတ်လုပ်ရေးစခန်းထဲမှာ ယမ်းစတွေ ကျည်တွေ ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။ မီးစတွေ လက်နက် တိုက်ဘက်ဘက်ကူးသွားခဲ့ပြီး ပစ္စည်းတွေ မီးလောင်ပေါက်ကွဲနေတာကြောင့် ကျွန်တော်တို့လည်း ဘာလက်နက်တစ်ခုမှ သယ်ထုတ်လို့ မရခဲ့ပါဘူး။အဖွဲ့က စုဆောင်းထားသမျှ လက်နက်တွေ အကုန် ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ ရဲဘော်လေးတွေလည်း အတော်လေးကြေကွဲ စိတ်အားငယ်နေကြပါတယ်။ ကျွန်တော်တို့ ဆုံးရှုံးခဲ့ရတဲ့ ပစ္စည်းလေးတွေ ပြန်လည်ဝယ်ယူနိုင်ဖို့အတွက် ကျွန်တော်တို့ကို ကူညီကြပါဦးလို့ အားနာနာနဲ့ပဲ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ” ဟု ?????????? ??????’? ??????? ?????-?? သတင်းထုတ်ပြန်ရေးနှင့် ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုပိန်က ပြည်သူများကို အသိပေးထားသည်။

    ထုတ်လုပ်ရေးစခန်း ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ရက်ရှည်လများ စုဆောင်းထားသည့် လက်နက်ပစ္စည်းများ ဆုံးရှုံးခဲ့ရကြောင်း၊ တော်လှန်ရေး အောင်နိုင်ရေး စစ်အာဏာရှင်ကို တိုက်ထုတ်နိုင်ရေးအတွက် လှူဒါန်ကြမည်ဆိုပါက ?????????? ??????’? ??????? ?????-?? Facebook Page သို့ ဆက်သွယ်ကာ တိုက်ရိုက်လှူဒါန်းရမည်ဟု သိရသည်။

    Red News Agency

  • တစ်ခွန်းပြောမယ်ဗျာ မင်းအောင်လှိုင်တပ်က တပ်ပျက်နေပြီ ဒါက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပဲ

    တစ်ခွန်းပြောမယ်ဗျာ မင်းအောင်လှိုင်တပ်က တပ်ပျက်နေပြီ ဒါက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပဲ

    ” စစ်ကောင်စီက ကျွန်တော်တို့ကို အမြစ်ဖြတ်ဖို့ မနှစ်ကတည်းက ကြိုးစားနေခဲ့တာ၊ သူတို့တွေ ထိထိရောက်ရောက်ဘာမှ မလုပ်နိုင်ဘူး၊ ကျွန်တော်တို့ တစ်နေ့ထက်တစ်နေ့ နေရာတွေ ထပ်တိုးပြီး တပ်တွေဖြန့်ထားနိုင်လာပါပြီ။ မကြာခင်လိုချင်တဲ့ အောင်ပွဲမျိုးကိုလည်း ယူဆောင်ဖို့ ကြိုးစားနေပါတယ်”  

    *****************************

    အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်းကြီးဌာနလက်အောက် တပ်မဟာ (၇)၊ တပ်ရင်း ၇၀၃၊ ဒု-တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်ကို နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး စစ်ရေး နိုင်ငံရေး အခြေအနေများကို Red News Agency သတင်းဌာနက မေးမြန်းထားတာ ဖြစ်ပါတယ်။

    RNA ။ ဗိုလ်မှူးအနေနဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မှရမယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်ရှိပါ့သလားခင်ဗျာ၊ လက်နက်ကိုင်တိုက်ပွဲက ဘယ်လောက်ရှည်ကြာနိုင်မလဲ လက်နက်ကိုင်တိုက်ပွဲရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ သိချင်ပါတယ်ခင်ဗျာ။

    TZA ။ တော်လှန်ရေးတစ်ခုမှာ စစ်ရေးနဲ့ နိုင်ငံရေးမျှခြေရှိပါတယ်။ ဒီနှစ်ခုက ဆုံမှတ်ရောက်သွားရင် တော်လှန်ရေးက အောင်ကို အောင်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲက ဘယ်လောက်ရှည်ကြာမလဲဆိုတာ ပြည်သူလူထုပါဝင်မှုအပေါ်မှာ အများကြီး မူတည်ပါတယ်။ ပြည်သူလူထုကိုယ်တိုင်က လက်နက်ကိုင်တော်လှန်ကို ရွေးချယ်ခဲ့တာ။ အခုချိန်ထိလည်း ပြည်သူလူထုကြီး တောင့်ခံပြီး အာဏာရှင်ကို တွန်းလှန်နေဆဲပါ။ ဒါကြောင့် ဒီတော်လှန်ရေးက နိုင်ကို နိုင်ရမယ်။

    (more…)

  • စစ်​ကောင်စီတပ် စစ်စခန်း​၊ မြို့သိမ်းတိုက်ပွဲ​နှင့် အထူးစစ်ဆင်​ရေး​တွေ ဖော်ဆောင်ဖို့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်းမည်

    စစ်​ကောင်စီတပ် စစ်စခန်း​၊ မြို့သိမ်းတိုက်ပွဲ​နှင့် အထူးစစ်ဆင်​ရေး​တွေ ဖော်ဆောင်ဖို့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ ဖွဲ့စည်းမည်

    RNA_ဇွန် ၁၆၊ ၂၀၂၂ ခုနှစ်။

    စစ်ကောင်စီတပ်စခန်းများနှင့် မြို့သိမ်းတိုက်ပွဲများ၊ အထူးစစ်ဆင်ရေးဖော်ဆောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ ၇၊ တပ်ရင်း ၇၀၃ မှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ ပြည်သူများကို အသိပေးထားသည်။

    “ရွာ​တွေကို မီးရှို့၊လုယက်ပြီး အပြစ်မဲ့ပြည်သူ​တွေကို သတ်ဖြတ်​နေတဲ့ စစ်​ကောင်စီကို အမြစ်ပြတ်နှိမ်နင်းဖို့ ကျွန်​တော်တို့တပ်ရင်းက ကွန်မန်ဒိုအထူးတပ်ဖွဲ့တစ်ခု ဖွဲ့စည်းသွားမှာပါ။ ဒီတပ်ဖွဲ့က စစ်​ကောင်စီတပ်ရဲ့ စစ်စခန်း​တွေ၊ မြို့သိမ်း တိုက်ပွဲ​တွေနဲ့ အထူးစစ်ဆင်​ရေး​တွေကို အဓိက​ ဖော်​ဆောင်သွားဖို့ ဖြစ်ပါတယ်။” ဟု ဒု-တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်က အသိပေးထားသည်။

    Red News Agency