ကနီအခြေစိုက် Kani Guerrilla Force အဖွဲ့မှ တာဝေးပစ်လက်နက်ကြီး ထုတ်လုပ်အောင်မြင်

RNA_ဇူလိုင်၁၂၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ပြည့်သူ့ကာကွယ်ရေး တပ်ဖွဲ့တခုဖြစ်သည့် Kani Guerrilla Force (KGF) အဖွဲ့ရဲ‌ဘော်များ၏ တီထွင်ကြံဆမှုကြောင့် တာဝေးပစ် လက်နက်ကြီး ထုတ်လုပ်အောင်မြင်ပြီဟု ယနေ့ ပြည်သူများကို အသိပေးထားသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် လက်နက်လုံလောက်မှု မရှိသည့်အတွက် လက်လုပ်မိုင်းများ၊ လက်လုပ်သေနတ်များ၊ လက်လုပ် လက်နက်ကြီးများ ထုတ်လုပ်ကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေကြရကြောင်း၊ အလှူရှင်များ၏ ငွေများဖြင့် လက်နက်ထုတ်လုပ်နေကြသူများရှိကြောင်း သိရသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ -NUG ကာကွယ်ရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ ခုနှစ်မေလအထိ နေရာအသီးသီးမှ ရှာဖွေရရှိသည့် အလှူငွေ အမေရိကန်ဒေါ်လာ (၄၄) သန်းကျော် ခွဲဝေသုံးစွဲမှုရာ လက်နက်ထုတ်လုပ်မှုတွင် ၂၂.၄၉ ရာခိုင်နှုန်း အသုံးပြုထားကြောင်း သိရသည်။

Red News Agency

By Editor