လက်နက်ကြီးစမ်းသပ်ရင်း ရဲဘော် ဒဏ်ရာရ (ရုပ်သံ) 

RNA_ဇူလိုင် ၁၆၊၂၀၂၂ခုနှစ်။

စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသည့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တော်တော်များများအနေဖြင့် လက်နက်မလုံလောက်သည့်အတွက် လက်လုပ်မိုင်း၊ လက်လုပ်သေနတ်၊လက်လုပ် လက်နက်ကြီးများ ထုတ်လုပ်ရာတွင် ထိခိုက်ဒဏ်ရာအမျိုးမျိုးအပြင် အသက်သေဆုံးမှုများပါ ရှိနေသည်။

ခေတ်မှီလက်နက်များ မရှိသည့်အတွက် အန္တရာယ်များသော်လည်း လက်လုပ် လက်နက်များထုတ်လုပ်နေရသည့်အတွက် ဇူလိုင် ၁၅ ရက်နေ့က The Youth Force -Saw&Kyaukhtu မှအားထားရသော ရဲဘော် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#RedNewsAgency

By Editor