လိုအပ်လာရင် လက်နက်ကိုင်တိုက်ပွဲ၀င်နိုင်ဖို့ ထီးလင်းPDFက သင်ကြားပေးတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၃တက်ရောက် ထားပါတယ်။ လက်နက်ကိုင်လမ်းစဉ်ရွေးရတာက ဆန္ဒပြနေရုံ PDFတွေအတွက် လိုအပ်တာလေးအလှူခံပေးနေရရုံနဲ့အားမရလို့ပါ
ယောနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တခုမှာ ပါဝင်ပြီးတော့ ဒေသလိုအပ်ချက်အရ တပ်တွင်းကျန်းမာရေးတာဝန်ခံနှင့် ဆေး၊ ဘဏ္ဍာငွေ ရှာဖွေရေး တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမလေးလဲဖြစ် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့် ဆရာမ Stella Wai ကို Red News Agency ကမေးမြန်းထားသည်။
RNA ။ ဆရာမ Stella Wai အနေနဲ့ အဏာမသိမ်းခင်က ဘာတွေလုပ်ခဲ့လဲ၊ အာဏာသိမ်းပြီးနောက် ဘယ်လို အခန်းကဏ္ဍတွေမှာ ပါဝင်ခဲ့လဲ အခု လက်ရှိ တော်လှန်ရေးမှာ ဘယ်နေရာက ပါဝင်နေလဲ ဆိုတာ ပြောပြပေးပါ။

Stella Wai ။ အရင်အာဏာမသိမ်းခင်က ပုဂ္ဂလိက ဆေးရုံတွေမှာ Case On ပါတယ်။ PKU သူနာပြုသားဖွား 6th batch midwifery ကျောင်းဆင်းပါ အာဏာသိမ်းပြီးနောက်မှ အာဏာဖီဆန်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ /ကိုယ်တတ်နိုင်သလောက် CDM Supportကိစ္စတွေ /PDFထဲမ၀င်ခင်က PDF အတွက် လိုအပ်တာတွေကို အလှူခံပေးတာစတဲ့ အနည်းအကျဉ်းကိစ္စလေးတွေမှာ ပါ၀င်ဆောင်ရွက်ဖူးပါတယ်။ ၂၀၂၁ ၊ ၁၀ လပိုင်း ၂၁ ရက်နေ့က ထီးလင်း PDFမှာ လိုအပ်ချက်အရ ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့ တောထဲစရောက်ခဲ့ပါတယ်၊ အခုကတော့ တပ်တွင်းကျန်းမာရေးတာ၀န်ခံနဲ့ ဆေး၊ ဘဏ္ဍာရှာဖွေရေး တာဝန်ထမ်းဆောင်နေပါတယ်။
RNA ။ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ထိ ပြင်ဆင်ထားလား။ ဘာ့ကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးရတာလဲ။
