RNA_ဩဂုတ်(၂၆)၊၂၀၂၅ခုနှစ်။
အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် လူငယ်များကို အဓမ္မစစ်မှုထမ်းရှေ့တန်းပို့နေသည့်အပြင် စစ်မှုထမ်းဟောင်းကိုပါ မတရားဖမ်းဆီးပြီး စစ်မှုပြန်ထမ်းခိုင်းပြီး ရှေ့တန်းပို့သည့်အတွက် အခြားအဓမ္မစစ်မှုထမ်းခဲ့ရသူတစ်ဦးနှင့်အတူ PDF ထံ အလင်းဝင်လိုက်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကျောက္ကာဘက်ကို အဓမ္မစစ်မှုထမ်းပြည်သူ့စစ်အများအပြားအသုံးပြုပြီး ၂၀၂၅ ခုဩဂုတ်လအစပိုင်းမှစတင်ကာ စစ်ကြောင်းထိုးလာသည့်အတွက် ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားကြောင်း၊ ယင်းတိုက်ပွဲများအတွင်း စစ်မှုထမ်းဟောင်းတစ်ဦးအား မတရားဖမ်းဆီးပြီး ပြန်လည်စစ်မှုထမ်းခိုင်းသည့်အတွက် အခြားမတရားဖမ်းဆီး စစ်မှုထမ်းခဲ့ရသူတစ်ဦးနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် မုံရွာခရိုင်တပ်ရင်း(၂)တပ်ခွဲ(၃) ထံ အလင်းဝင်ခဲ့သည်ဟု သိရသည်။


