မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေ

မြို့ပြစစ်ဆင်ရေးတွေမှာ ဘာအခက်အခဲတွေ ရှိခဲ့လဲ၊ မြို့ပြစစ်ဆင်ရေးဘာကြောင့် စွန့်ခွါခဲ့ရလဲ၊ နယ်မြေသိမ်းတိုက်ပွဲတွေနှင့် မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေသည်ဟု မြေပြင်အခြေအနေများကို တပ်ခွဲမှူးကိုဝေလင်း​က ပြောပြထားသည်။

” ကျွန်တော်တို့အားလုံး အတူတူစခဲ့ကြတယ် ဒီဟာက၊ ကျွန်တော်တို့ တဖွဲ့တည်းက စခဲ့တာလည်းမဟုတ်ဘူး၊ ကျွန်တော်တို့ သမဂ္ဂကတဖွဲ့တည်းက စခဲ့လို့ ဖြစ်တာလည်း မဟုတ်ဘူး၊ ဘယ်သူစခဲ့လို့ ဖြစ်ခဲ့တာလည်းမဟုတ်ဘူး၊ အားလုံးက ဒီလမ်းကို မတရားမှုကို တွန်းလှန်မယ်ဆိုပြီး ရွေးချယ်ခဲ့ကြတဲ့ လမ်းဖြစ်တယ်၊ စခဲ့ပြီးမှတော့ အားလုံးအဆုံးထိ ပါဝင်စေချင်ပါတယ်” ဟု NPRF တပ်ခွဲမှူး ကိုဝေလင်းက ပြည်သူများကို အမှာစကားပါးထားသည်။

” ကျွန်တော်တို့အနေနဲ့ စွန့်လွှတ်ခဲ့တယ်၊ ကျွန်တော်တို့ရဲ့ အလုပ်တွေ ကျွန်တော်တို့ရဲ့ ကျောင်းတွေ ဒါတွေကို စွန့်လွှတ်ခဲ့တယ်၊ ဒီကိစ္စတွေကို ငါစွန့်လွှတ်ခဲ့ရတာကွ ဆိုတဲ့ စိတ်တော့ မဝင်စေချင်ဘူး။ ငါတို့ စွန့်လွှတ်ခဲ့ရလို့ ငါတို့ ပိုလုပ်ရလို့ အနစ်နာခံခဲ့ရလို့ ဆိုတဲ့ စိတ်တွေဝင်ခဲ့ရင် ကျွန်တော်တို့အားလုံးဟာ တဖြည်း​ဖြည်း တဖြည်းဖြည်းနဲ့ ခွေးမသား မင်းအောင်လှိုင်နဲ့ တူလာလိမ့်မယ်” NPRF တပ်ခွဲမှူး ကိုဝေလင်းက PDF တွေကိုလည်း ပြောထားသည်။

Red News Agency အနေဖြင့် မုံရွာခရိုင်အခြေစိုက် မုံရွာခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၃) အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစု NPRF-တပ်ခွဲမှူး ကိုဝေလင်းကို မြေပြင်အခြေအနေတွေ ကြုံတွေ့နေရတာတွေနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

Red News Agency

By Editor