ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းမှ တပ်ရင်းမှူး ဒုတပ်ရင်းမှူးအပါအဝင် အများအပြားသေဆုံး

RNA_ဇူလိုင်၁၂၊၂၀၂၂ ခုနှစ်။

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) နယ်မြေ၊ မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်​ကွေ့နှင့် သရက်တစ်ပင်ရွာကြား နေရာတစ်ခုတွင် စစ်ကောင်စီတပ် တပ်မ (၄၄) လက်အောက်ခံ ခလရ (၈) စစ်ကြောင်းနှင့် ကော်ဘရာ စစ်ကြောင်းတို့ ယနေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်စစ်ကြောင်းက တပ်ရင်းဖွဲ့စည်းပုံပျက်လောက်သည်အထိ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် အရာရှိများ၊ တပ်သားအများအပြားသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

ယနေ့ တိုက်ပွဲတွင် ကော်ဘရာစစ်သည် (၃)ဦးသာ ” ပွန်းပဲ့ဒဏ်ရာ ” ရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ် ခလရ (၈)မှ တပ်ရင်းမှူးအပါအဝင် အများအပြားသေဆုံးပြီး RPG အသီး -၂၆ လုံး၊ RPG ပို့ယမ်း – ၂၁ တောင့်၊ ရှေ့ထွက်မိုင်း – ၁လုံး၊ နင်းမိုင်း – ၂၁ လုံး၊ လက်ပစ်ဗုံး – ၁၇ လုံး၊ စကုတ် – ၂ ခု၊ မိုင်းရှာစက် – ၁ ခု၊ ၄၀ မမ – ၃၁ လုံး၊ အမျိုးအမည်မသိ ၇၉ – ၃ လုံး၊ မိတ်ကပ် – ၂ ဗူး၊ ဖြိုခွင်းရေး ယမ်းမဲ – ၇ချောင်း၊ ၆၀ မမ -၂၉ လုံး၊ အီနာဂါ – ၂၂လုံး၊ ကီးပတ်ဖုန်း – ၇လုံး၊ Touch screen ဖုန်း – ၄လုံး၊ ငွေ – သိန်း၂၀ ၊ ၅.၅၆ ကျည် – ၅၀၀၀၊ စက်လတ်ကျည် – ၃၀၀၀၊ MA – 1 – ၁လက်၊ ဂျန်ဘာစက် – ၁ခု ၊ ဓား၊ ပေါက်တူး၊ ပေါက်ပြား၊ ဂေါ်ပြားများ၊ စစ်အသုံးအဆောင် ပစ္စည်းများပြားစွာ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Red News Agency

By Editor