ယောနယ်

ယောကာကွယ်ရေးတပ် – YDF (၂)နှစ်ပြည့် အခမ်းအနား ရဲ‌ဘော် အင်အားအများအပြားဖြင့် ကျင်းပ

ယောကာကွယ်ရေးတပ် – YDF (၂)နှစ်ပြည့် အခမ်းအနား ရဲ‌ဘော် အင်အားအများအပြားဖြင့် ကျင်းပ

RNA_မေ(၁၂)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ယောဒေသအခြေစိုက်၊ ယောကာကွယ်ရေးတပ် - YDF (၂)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို တပ်ဖွဲ့ဦးဆောင်သူ ကိုမြတ်သူကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားပြီး ရဲဘော်အင်အားအများအပြားဖြင့်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ယောကာကွယ်ရေးတပ်ဗဟိုဌာနချုပ်ရုံးမှာ ကျင်းပခဲ့သည့် (၂)နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် တပ်ဖွဲ့ဦးဆောင်သူ ကိုမြတ်သူမှ စစ်ရည်စစ်သွေးပြည့်၀ပြီး စည်းကမ်းကောင်းမွန်၍ တာ၀န်ကျေပွန်စွာ ထမ်းဆောင်နိုင်သော တော်လှန်ရေးရဲဘော်ကောင်းများဖြစ်ရန်၊ တိုင်းရင်းသား တန်းတူအခွင့်ရေးနှင့် အာဏာရှင်စနစ်အပြီးတိုင်ပျက်သုဉ်းသည့်တိုင်အောင် တော်လှန်တိုက်ထုတ်ကြရန်၊ တော်လှန်ရေးရည်မှန်းချက်များနှင့် လက်ရှိ တော်လှန်ရေးအောင်မြင်မှုများအား ရှင်းလင်းပြောကြခဲ့ကြားခဲ့ကြောင်း သိရသည်။ (more…)
Read More
ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး

ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး

ရဲဘော်များဆုတ်နိုင်ရန် ကာပစ်ပေးရင်း ကျဆုံးခဲ့ရသည့် YRA တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် RNA_မတ်(၂၁)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆေးမင်းတောရွာအနီးတွင် စစ်ကောင်စီတပ် တပ်မ (၇၇) နောက်ချန် စစ်ကြောင်းအား အနီးကပ်ဝင်တိုက်စဉ် လက်နက်အင်အားမမျှသည့်အတွက် ရဲဘော်များပြန်ဆုတ်နိုင်ရန် ကာပစ်ပေးစဉ် ဂန့်ဂေါခရိုင်တပ်ရင်း (၁၇) Yaw Revolution Army-ထီးလင်း တပ်ခွဲ ၃ မှ တပ်ခွဲမှူး ရဲဘော်ကျော်မင်းလွင် ကျဆုံးခဲ့ရသည်။ မကွေးတိုင်း၊ ပခုက္ကူ၊ ပေါက်၊ကျောက်ထုလမ်းပိုင်းအတိုင်းဖြတ်သန်းလာသော စစ်ကောင်စီတပ် ယာဥ်တန်းမှ ကား (၃၂) စီး၊ တပ်မ (၇၇ ) နှင့်အခြားတပ်မများပူးပေါင်းထားသောစခအင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းတို့မှ နောက်ချန်အင်အားကို မတ်လ (၁၈) ရက်နေ့က…
Read More
စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့

စစ်ကောင်စီတပ်စစ်ကြောင်းက ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့

ခလရ(၅၀) လက်အောက်ခံ တပ်သားနှင့်ပျူအဖွဲ့က ကျေးရွာ ၁၁ ရွာမှ (၁၆၈)အိမ် မီးရှို့ဖျက်ဆီးခဲ့   RNA_နိုဝင်ဘာ(၂၄)၊၂၀၂၂ ခုနှစ်။   မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း ကျေးရွာ (၁၁) ရွာမှ နေအိမ် (၁၆၈) လုံးကို စစ်ကောင်စီတပ် စစ်ကောင်စီတပ် ခလရ(၅၀) လက်အောက်ခံ တပ်သားများ၊ ပျူစောထီများက နှစ်လအတွင်းလှည့်လည် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ (more…)
Read More
လက်နက်ကြီးစမ်းသပ်ရင်း ရဲဘော် ဒဏ်ရာရ (ရုပ်သံ) 

လက်နက်ကြီးစမ်းသပ်ရင်း ရဲဘော် ဒဏ်ရာရ (ရုပ်သံ) 

RNA_ဇူလိုင် ၁၆၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသည့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တော်တော်များများအနေဖြင့် လက်နက်မလုံလောက်သည့်အတွက် လက်လုပ်မိုင်း၊ လက်လုပ်သေနတ်၊လက်လုပ် လက်နက်ကြီးများ ထုတ်လုပ်ရာတွင် ထိခိုက်ဒဏ်ရာအမျိုးမျိုးအပြင် အသက်သေဆုံးမှုများပါ ရှိနေသည်။ ခေတ်မှီလက်နက်များ မရှိသည့်အတွက် အန္တရာယ်များသော်လည်း လက်လုပ် လက်နက်များထုတ်လုပ်နေရသည့်အတွက် ဇူလိုင် ၁၅ ရက်နေ့က The Youth Force -Saw&Kyaukhtu မှအားထားရသော ရဲဘော် (၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More
ဆန္ဒပြနေရုံ PDFတွေအတွက် လိုအပ်တာလေး အလှူခံပေးနေရရုံနဲ့ အားမရလို့ လက်နက်ကိုင်လမ်းစဉ်ရွေးခဲ့သူ ယောနယ်က သူနာပြုဆရာမလေး 

ဆန္ဒပြနေရုံ PDFတွေအတွက် လိုအပ်တာလေး အလှူခံပေးနေရရုံနဲ့ အားမရလို့ လက်နက်ကိုင်လမ်းစဉ်ရွေးခဲ့သူ ယောနယ်က သူနာပြုဆရာမလေး 

လိုအပ်လာရင် လက်နက်ကိုင်တိုက်ပွဲ၀င်နိုင်ဖို့ ထီးလင်းPDFက သင်ကြားပေးတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၃တက်ရောက် ထားပါတယ်။ လက်နက်ကိုင်လမ်းစဉ်ရွေးရတာက ဆန္ဒပြနေရုံ PDFတွေအတွက် လိုအပ်တာလေးအလှူခံပေးနေရရုံနဲ့အားမရလို့ပါ ယောနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တခုမှာ ပါဝင်ပြီးတော့ ဒေသလိုအပ်ချက်အရ တပ်တွင်းကျန်းမာရေးတာဝန်ခံနှင့် ဆေး၊ ဘဏ္ဍာငွေ ရှာဖွေရေး တာဝန်ထမ်းဆောင်နေတဲ့ သူနာပြုဆရာမလေးလဲဖြစ် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည့် ဆရာမ Stella Wai ကို Red News Agency ကမေးမြန်းထားသည်။ RNA ။ ဆရာမ Stella Wai အနေနဲ့ အဏာမသိမ်းခင်က ဘာတွေလုပ်ခဲ့လဲ၊ အာဏာသိမ်းပြီးနောက် ဘယ်လို အခန်းကဏ္ဍတွေမှာ ပါဝင်ခဲ့လဲ အခု လက်ရှိ တော်လှန်ရေးမှာ ဘယ်နေရာက ပါဝင်နေလဲ…
Read More
တိုက်ပွဲက ပြန်လာသည့် PDF ရဲဘော်များကို ပြည်သူတွေ ကြိုဆို

တိုက်ပွဲက ပြန်လာသည့် PDF ရဲဘော်များကို ပြည်သူတွေ ကြိုဆို

RNA_ဖေဖော်ဝါရီ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ မကွေးတိုင်း၊ ဆောမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ပြန်လာသည့် ဆော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေကို ပြည်သူများက အားပါးတရ ကြိုဆို ဂုဏ်ပြုခဲ့ကြောင်း သိရသည်။ PDF-SAW ၊YDF SAW& Kyaukhtu၊ ညောင်ရမ်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်ဝန်းကျင်က ဆောမြို့တွင် တပ်စွဲနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ ဆောမြို့မရဲစခန်းအတွင်း ဂါတ်စာရေးရုံး ထိခိုက်ပျက်စီးခဲ့ပြီး၊ စစ်ကောင်စီတပ်သားများ အကြောက်လွန်ပြ မြို့တော်ခန်းမထဲမှ ထွက်မလာရဲကြကြောင်း ဆော/ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ကိုယ်ဝန်ဆောင်အမျိူသမီး အပါအဝင် ၅ ဦး စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီး ထီးလင်းမြို့နယ်ထဲမှာ သတ်ပစ် 

ကိုယ်ဝန်ဆောင်အမျိူသမီး အပါအဝင် ၅ ဦး စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီး ထီးလင်းမြို့နယ်ထဲမှာ သတ်ပစ် 

NA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ မကွေးတိုင်း ဂန့်ဂေါမြို့နယ် စမိတ်ရွာက ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးအပါအဝင် (၅) ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ထီးလင်းမြို့နယ်ထဲမှာ အသတ်ခံထားရကြောင်း သိရသည်။ in ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် (၆).နာရီ ဝန်းကျင်က စမိတ်ရွာကို စစ်ကားများနှင့် စစ်ကောင်စီတပ်သား (၃၀) ဝန်းကျင်ရောက်ရှိလာပြီး ပြည်သူ (၅) ဦးကို ဖမ်းဆီးသွားကြောင်း၊ သတင်းအရ ရှာဖွေရာတွင် ထီးလင်းမြို့နယ် တောမရွာလမ်းခွဲအနီး အာရှပတ်လမ်း မိုင်တိုင်အမှတ် ၇၄/၆နှင့် ၇၄/၇ ကြား တောအတွင်းမှာ ရက်စက်စွာ အသတ်ခံထားရသည့် ရုပ်အလောင်း‌ (၅) ဦးတွေ့ရှိရပြီးဒီဇင်ဘာလ…
Read More