PDF

မကွေးတိုင်း ကမ္မမြို့ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ (၂) ဦးသေဆုံး

မကွေးတိုင်း ကမ္မမြို့ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ (၂) ဦးသေဆုံး

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၂ ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရဲစခန်းကို Pakokku People Defense Force-PPDF အဖွဲ့က ယနေ့ နံနက် (၈) နာရီ ၃၀ မိနစ်ဝန်းကျင်က ကားပေါ်မှနေ၍ ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးပြီး Pakokku People Defense Force-PPDF တပ်ဖွဲ့မှ ရဲဘော်တဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ #RedNewsAgency 
Read More
ဝက်လက် GZ အဖွဲ့ဝင် ၁၀ ဦးကို ရွှေဘိုခရိုင် PDF တပ်ရင်း (၂) ကဖမ်းဆီး

ဝက်လက် GZ အဖွဲ့ဝင် ၁၀ ဦးကို ရွှေဘိုခရိုင် PDF တပ်ရင်း (၂) ကဖမ်းဆီး

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်း အခြေစိုက် GZ Special Task Force-Watlet တပ်ဖွဲ့ဝင် (၁၀) ဦးကို ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းမှ ဒီဇင်ဘာလ (၁၉) ရက်နေ့က ဖမ်းဆီးသွားကြောင်း သိရသည်။ GZ Special Task Force-Watlet တပ်ဖွဲ့ဝင် (၁၀) ကို ဖမ်းဆီးရခြင်းနှင့်ပတ်သက်ပြီး ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းက မည်သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးသော်လည်း GZ Special Task Force-Watlet မဟာမိတ်ရဲဘော်တဦးကတော့ ဆားတောင်ကျေးရွာမှာ အခြေချနေထိုင်သည် GZ Special Task Force-Watlet…
Read More
ကိုင်းလယ်တိုက်ပွဲအပြီး စစ်ဘေးရှောင်များကို ပွင့်ဖြူ PDF ဆေးကုသမှုများပြုလုပ်ခဲ့

ကိုင်းလယ်တိုက်ပွဲအပြီး စစ်ဘေးရှောင်များကို ပွင့်ဖြူ PDF ဆေးကုသမှုများပြုလုပ်ခဲ့

RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၂ ခုနှစ်။   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်လက်အောက်ခံများနှင့်လေယာဉ်သုံးပစ်ခတ်မှုများအပြီီး ရှောင်တိမ်းနေကြရသည့် ဒေသခံစစ်ဘေးရှောင်ပြည်သူများကို ပွင့်ဖြူပြည်သူ့ကာကွယ်ရေးတပ် - People's Defence Force Pwintbyu က စောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။   ကိုယ်လယ်ကျေးရွာ ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်များက နိုဝင်ဘာလ ၂၂ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီလက်အောက်ခံများ ကျဆုံးမှုများရှိကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူယူခဲ့သည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ (more…)
Read More
တိုက်ပွဲတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြီး ကျားဖြူစစ်ကြောင်းမှ ရဲဘော်တဦးကျ

တိုက်ပွဲတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြီး ကျားဖြူစစ်ကြောင်းမှ ရဲဘော်တဦးကျ

RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရှိ စစ်ကောင်စီတပ် တပ်ရင်းအ ကျားဖြူစစ်ကြောင်းမှဦးဆောင်ပြီး ပူးပေါင်းတပိဖွဲ့များဖြင့် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်အကျအဆုံးများပြီး ကျားဖြူတပ်ခွဲမှ ရဲဘော်တဦး ကျဆုံးခဲ့ရကြောင်း သိရသည်။ (more…)
Read More
ပျူစောထီးရွာ ဈေးရောင်သွားသူများကို ကြိမ်ဒဏ်အပြစ်ပေး

ပျူစောထီးရွာ ဈေးရောင်သွားသူများကို ကြိမ်ဒဏ်အပြစ်ပေး

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ် တပ်စွဲထားသည့် ရွှေဘိုမြို့နယ် ကော့ရွာကျေးရွာ(ပျူစောထီးရွာ) ကိုဈေးရောင်းသွားသူများကို Burma Rangers (ShweBo) အဖွဲ့က ကြိမ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။ " ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သတိပေးခြင်းကို မသိကျိုးကျင်ပြု၍ ထပ်မံဝင်ရောက်ဈေးရောင်းချနေသော ပြင်ပဈေးသည်များအား ဒုတိယအကြိမ် ကြိမ်ဒဏ်အပြစ်ပေး၍ ထပ်မံသတိပေးခြင်း။ အထက်ပါကိစ္စနှင့်စပ်လျှင်း၍ ပျူစောထီးနှင့်စစ်ခွေးများ တပ်စွဲထားသော ဟံလင်းကျေးရွာနှင့် ကော့ရွာကျေးရွာတို့အား ပြင်ပဈေးသည်များ ထပ်မံဝင်ရောက်ဈေးရောင်းချခြင်းမပြုရန် နောက်ဆုံးအကြိမ်သတိပေး ထုတ်ပြန်လိုက်ပါသည်" ဟု Burma Rangers (ShweBo) အဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်အတွင်းထိ ကြားခဲ့ရသည့် ပေါက်ကွဲသံသည် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်၊ အမှတ် (၂)လမ်းမကြီးနှင့် ကျန်စစ်သားလမ်းဆုံမီးပွိုင့်အရောက် ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က Generation Z Defense Force & Supply Army (GZDF) မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များသည် အခွင့်ရတိုင်း စစ်ကောင်စီတပ်သားများနှင့်လက်အောက်ခံများကို တိုက်ခိုက်မှုများရှိကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကလည်း လမ်းမထွက်ပြီး ဆန္ဒပြမှုများရှိကြောင်း…
Read More
စစ်ကောင်စီ တပ်သားများက ၁၉ နှစ်အရွယ် PDF ရဲဘော်ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်

စစ်ကောင်စီ တပ်သားများက ၁၉ နှစ်အရွယ် PDF ရဲဘော်ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်သားများက ဖမ်းဆီးရမိသည့် အသက် (၁၉) နှစ်အရွယ် PDF ရဲဘော်ကိုဝင်းနိုင်မြင့် ကို လူမဆန်စွာ ညှဉ်းပမ်းနှိပ်စက်သည့် ရုပ်သံမှတ်တမ်းကို ယနေ့ CDF- KKG ကထုတ်ပြန်ထားသည်။ PDF ရဲဘော်အား ညှဉ်းပမ်းနှိပ်စက်နေသည့် ရုပ်သံမှတ်တမ်းကို စစ်ကိုင်းတိုင်း၊ ကလေးနယ်တောင်ပိုင်း၊ ရှားဖိုကျေးရွာ၌ ပြီးခဲ့သည့် မေလအတွင်း တိုက်ပွဲတခုတွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖုန်းတလုံးအား သိမ်းဆည်းရမိစဉ် ဖုန်းအတွင်းပါရှိလာသည့် ရုပ်သံဖိုင်ဖြစ်ကြောင်း Chinland Defense Force - Kalay Kabaw Gangaw - CDF- KKG က ထုတ်ပြန်ထားသည်။ PDF ရဲဘော်သည် အသက် (၁၉) နှစ်ဖြစ်ပြီး အမည် ဝင်းနိုင်မြင့်၊…
Read More
“အမေ့ရင်တွေ ကျိုးပါပြီ” PDF သူရဲကောင်း မိခင် 

“အမေ့ရင်တွေ ကျိုးပါပြီ” PDF သူရဲကောင်း မိခင် 

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရသည့် ယင်းမာပင်ခရိုင် တပ်ရင်း၂၈ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းတပ်မတော်မှ ရဲဘော် မောင်အောင်ပိုင်စိုး (ကိုယ်ပိုင်အမှတ် -P13028 073) ၏ ဈာပနတွင် မိခင်ဖြစ်သူမှာ ရင်ကွဲမတက် ခံစားငိုကြွေးခဲ့ရသည်။ " သား အမေ့ရင်တွေ ကျိုးပါပြီ ငါ့သားရယ်" ဟု စသဖြင့် တမ်းတမ်းတတ ပြောဆို ငိုကြွေးနေခဲ့သည်။ (more…)
Read More
ကလေး PDF အမျိုးသမီးနေအိမ် ချိပ်ပိတ်လာသည့် စစ်ကောင်စီလက်အောက်ခံများ မိုင်းခွဲတိုက်ခိုက်ခံရ

ကလေး PDF အမျိုးသမီးနေအိမ် ချိပ်ပိတ်လာသည့် စစ်ကောင်စီလက်အောက်ခံများ မိုင်းခွဲတိုက်ခိုက်ခံရ

RNA_ဒီဇင်ဘာ(၈)၊၂၀၂၂ ခုနှစ်။   အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကလေးခရိုင် အမှတ် (၆) PDF တပ်ရင်းမှ မချောစုအောင်၏ ကလေးမြို့မှ နေအိမ်ကို စစ်ကောင်စီလက်အောက်ခံများက ချိပ်ပိတ်သိမ်းဆည်းရန် လာသည့် ယမန်နေ့( ဒီဇင်ဘာလ ၇ ရက်)က မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံများ သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။   မချောစုအောင် PDF တပ်ဖွဲ့ဝင်ဖြစ်ကြောင်း စစ်ကောင်စီဘက်က သိရှိပြီးနောက် အိမ်ချိပ်ပိတ်နိုင်ရေး ဆောင်ရွက်နေစဉ်အတွင်း မချောစုအောင်က “ အိမ်မီးရှို့ခံရမဲ့ အတူတူမိုင်းထောင်လိုက်မယ်” ဟုဆုံးဖြတ်ကာ အိမ်မှာ မိုင်းထောင်ခိုင်းထားပြီး လာချိပ်ပိတ်ချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ချိပ်ပိတ်လာသည့် စစ်ကောင်စီဘက်တော်သားများ သေဆုံးအရေတွက်ကို ကလေး PDF ဌာနချုပ် ထုတ်ပြန်မှသာ အတည်ပြုနိုင်မည်ဟု မချောစုအောင်၏…
Read More
စစ်ရုံးချုပ်များ ရှိနေပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်

စစ်ရုံးချုပ်များ ရှိနေပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်

စစ်တိုင်းသုံးခုမှာ စစ်ရုံးချုပ်များ ရှိနေပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော   RNA_ဒီဇင်ဘာ(၈)၊၂၀၂၂ ခုနှစ်။   မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ တောင်ပိုင်းတိုင်းတို့တွင် စစ်ရုံးချုပ်များ ရှိလာပြီဖြစ်သည့်အတွက် စစ်ဆင်ရေးများ ပိုမိုအောင်မြင်လာမည်ဖြစ်ပြီး Chain of Command ( အမိန့်ပေးစနစ်ယန္တရား) တည်ဆောက်မှု စနစ်တကျရှိလာပြီဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးရည်မွန်က ပြောသည်။   NUG ကာကွယ်ရေးဝန်ကြီးဌာနတွင် စစ်ဆင်ရေးဌာန၊ စစ်ထောက်လှမ်း ရေးဌာန၊ စစ်ရေးဌာန၊ စစ်ထောက်ဌာနနှင့် ပြည်သူ့လုံခြုံရေးဌာနတို့ဖြင့် လုပ်ဆောင်နေကြောင်း၊ ပြည်သူနှင့်ပူးပေါင်းလာသည့် တပ်မတော်သားများအနေဖြင့်လည်း ကျွမ်းကျင်မှုနှင့်အတွေ့အကြုံပေါ်မူတည်ပြီး သက်ဆိုင်ရာဌာနခွဲများတွင် တာဝန်ထမ်းဆောင်နေကြောင်း…
Read More