အသက် (၅) နှစ်အရွယ် မိန်းကလေးအား မုဒိမ်းမှုကျူးလွန်သူကို KIO/KIA တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့

RNA_ဖားကန့်၊ ဇွန်( ၁၃)၊ ၂၀၂၄ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာ ၌ အသက် (၅) နှစ်အရွယ် မိန်းကလေးငယ်အား မုဒိမ်းမှုကျူးလွန်ခဲ့သူ အသက် (၁၇)နှစ် အရွယ် ယောင်္ကျားလေးအား KIO/KIA အုပ်ချုပ်ရေး တိုက်နယ်မှ ယနေ့ နံနက်ပိုင်းက ဖမ်းဆီးသွားပြီဖြစ်ကြောင်း သိရသည်။

ကလေးငယ်၏ မိဘများက KIO/KIA အုပ်ချုပ်ရေးထံ တိုင်ကြားခဲ့သော်လည်း အမှုဖြစ်စဉ်အတွင်းမှ ဆေးလက်မှတ်အပါအဝင် လိုအပ်သည့် သက်သေများ ပြည့်စုံနေသည့်အတွက် တိုင်ကြားခံရသူအား ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

ကျူးလွန်ခံရသူသည် အသက်(၅)နှစ်အရွယ်၊ မိန်းကလေးဖြစ်ပြီး လွန်ခဲ့သည့် နှစ်ရက်ကတည်းက မသင်္ကာသဖြင့် မိန်းကလေးမိဘများက ဆေးစစ်ခဲ့ရာ ဆေးလက်မှတ်တွင် ကျူးလွန်ခံထားရသည်ဟု ဖော်ပြကြောင်း၊ ယနေ့ နံနက်ပိုင်းက ဖမ်းဆီးခံရသည့် အသက် (၁၇) နှစ်အရွယ် ယောက်ျားလေးကလည်း ကျူးလွန်ကြောင်း ဝန်ခံထားသည်ဟု Red News Agency သတင်းရင်းမြစ်ထံမှ သိရသည်။

#RedNewsAgency

By Editor