ရှရှော်ခကျေးရွာ

အသက် (၅) နှစ်အရွယ် မိန်းကလေးအား မုဒိမ်းမှုကျူးလွန်သူကို KIO/KIA တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့

အသက် (၅) နှစ်အရွယ် မိန်းကလေးအား မုဒိမ်းမှုကျူးလွန်သူကို KIO/KIA တိုက်နယ်အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးနိုင်ခဲ့

RNA_ဖားကန့်၊ ဇွန်( ၁၃)၊ ၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာ ၌ အသက် (၅) နှစ်အရွယ် မိန်းကလေးငယ်အား မုဒိမ်းမှုကျူးလွန်ခဲ့သူ အသက် (၁၇)နှစ် အရွယ် ယောင်္ကျားလေးအား KIO/KIA အုပ်ချုပ်ရေး တိုက်နယ်မှ ယနေ့ နံနက်ပိုင်းက ဖမ်းဆီးသွားပြီဖြစ်ကြောင်း သိရသည်။ ကလေးငယ်၏ မိဘများက KIO/KIA အုပ်ချုပ်ရေးထံ တိုင်ကြားခဲ့သော်လည်း အမှုဖြစ်စဉ်အတွင်းမှ ဆေးလက်မှတ်အပါအဝင် လိုအပ်သည့် သက်သေများ ပြည့်စုံနေသည့်အတွက် တိုင်ကြားခံရသူအား ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။ ကျူးလွန်ခံရသူသည် အသက်(၅)နှစ်အရွယ်၊ မိန်းကလေးဖြစ်ပြီး လွန်ခဲ့သည့် နှစ်ရက်ကတည်းက မသင်္ကာသဖြင့် မိန်းကလေးမိဘများက ဆေးစစ်ခဲ့ရာ ဆေးလက်မှတ်တွင် ကျူးလွန်ခံထားရသည်ဟု ဖော်ပြကြောင်း၊…
Read More