Tag: စစ်ကြောရေး

  • ၂၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် ဖားကန့်သတင်းထောက်(၂) ဦးကို KIA ပြန်လွှတ်

    ၂၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် ဖားကန့်သတင်းထောက်(၂) ဦးကို KIA ပြန်လွှတ်

    RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်သတင်းထောက်များဖြစ်သော ကိုတာလင်းမောင် (Red News Agency) နှင့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဖားကန့်တိုက်နယ် ထောက်လှမ်းရေးအဖွဲ့က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က သတင်းကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် (၂၈) ရက်အကြာ အောက်တိုဘာလ (၂၇) ရက်နေတွင် ပြန်လွှတ်ပေးခဲ့သည်။

    [embedyt] https://www.youtube.com/watch?v=ukRJf6fqYtQ[/embedyt]

    ဖားကန့်သတင်းထောက် (၂) ဦးပြန်လည်လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသော ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့အစည်းများ၊ သတင်းဌာနများ၊ သတင်းသမားများစသည်တို့ကို ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့က ကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။

    Red News Agency

  • စစ်ကောင်စီတပ် တိုင်းမှူးအဆင့်ထိ စစ်ရေးအမိန့် မနာခံမှုများ ပေါ်ပေါက်လာပြီ

    စစ်ကောင်စီတပ် တိုင်းမှူးအဆင့်ထိ စစ်ရေးအမိန့် မနာခံမှုများ ပေါ်ပေါက်လာပြီ

    RNA_ဇူလိုင်(၁၈)၊၂၀၂၃ ခုနှစ်။ 

    စစ်ကောင်စီတပ်မှာ ယခုတပတ်အတွင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကိုကိုမောင်နှင့်အဖွဲ့ ဖမ်းဆီးစစ်ဆေးခံနေရသည့် ကိစ္စများအပါအဝင် တပ်တွင်းအခြေအနေများကို CDM ဗိုလ်ကြီးထက်မြတ်က ပြောကြားထားသည်။ 

    [embedyt] https://www.youtube.com/watch?v=vBhTWo4OROA[/embedyt]

    Red News Agency

  • မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး စစ်ကြောရေးမှာ ကျဆုံး 

    မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး စစ်ကြောရေးမှာ ကျဆုံး 

    RNA_ဇူလိုင်၂၆၊၂၀၂၂ခုနှစ်။

    ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မြို့နယ်အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ် စစ်ကြောရေးမှာ (၂၄) နာရီအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။

    မင်္ဂလာတောင်ညွန့် မြို့နယ်၊ တောင်ညွန့်ကြီးရပ်ကွက်၊ သစ္စာလမ်း​နေအိမ်မှာ ဇူလိုင် ၂၃ ရက်နေ့ည (၁၁) နာရီ (၃၀) မိနစ်ဝန်းကျင်က ရန်ကုန်တိုင်း စရဖနှင့် သိပ်ဖြူကွင်းအထိုင်ချ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇူလိုင် ၂၄ ရက်‌ ‌နံနက် (၁၁) နာရီဝန်းကျင် စစ်ကြောရေးတွင် ကျဆုံးသွားခဲ့ကြောင်း သိရသည်။

    ” ညအဖမ်းခံရပြီး နောက်နေ့ သေသွားတယ်ဗျာ၊ က​လေးကအစ ​ခွေးက အဆုံး လှထူးဆို ချစ်ကြတယ်၊ တကယ်ကြီး စိတ်​ကောင်းရှိပြီး လူသားဆန်တယ်၊ လူ​တွေကို ကူညီတက်တဲ့ ပရဟိတစိတ်ရှိတဲ့လူပါ၊ ကျွန်တော်တို့ အတော်စိတ်မကောင်းဖြစ်ရတယ်၊ မိသားစုက သေတယ်ဆိုတာပဲသိရတာ အလောင်းတောင်မမြင်လိုက်ရဘူး ကြားတယ် ” ဟု မင်္ဂလာတောင်ညွန့် မြို့နယ်နေ ပြည်သူ တဦးက ပြောသည်။

    မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူးမှာ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ကြီးမားသောရောဂါမရှိကြောင်း၊ ကိုလှထူး၏ ရုပ်အလောင်းကို မိသားစုက တွေ့မြင်ခွင့်မရရှိလိုက်ရကြောင်း၊ စစ်ကောင်စီတပ်က သင်္ဂြိလ်လိုက်ပြီဟု မိသားစုကိုပြောထားကြောင်း သိရသည်။

    Red News Agency

  • ချင်းအမျိုးသား ဓမ္မဆရာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ အသက်အန္တရာယ် စိုးရိမ်ရ

    ချင်းအမျိုးသား ဓမ္မဆရာ ဖမ်းဆီးခံရပြီး စစ်ကြောရေးမှာ အသက်အန္တရာယ် စိုးရိမ်ရ

    RNA_ဇန်နဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။

    ပဲခူးတိုင်း၊ ပြည်- သာယာဝတီ သာသနယ်က အရှိုချင်းအမျိုးသား ဓမ္မဆရာ ဆလိုင်းဧလလုံးဝေ အဖမ်းခံရပြီး ပြည် စစ်ကြောရေးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားဖြစ်နေကြောင်း သိရသည်။

    ” အခုပြည်စစ်ကြောရေးမှာ ဖမ်းခံထားရတာ တပတ်ကျော်ပြီ၊ မိသားစုလိုက်ပေမဲ့ အဆက်အသွယ်လုံးဝ ပြတ်သွားတယ်၊ မိသားစုတွေကိုပါ အန္တရာယ်ဖြစ်နိုင်တဲ့ အဆင့်ရောက်နေတယ်၊ ဓမ္မဆရာ ဆလိုင်းဧလလုံးဝေက သူ့ဘာသာ သာသနာပဲ ပြုနေတာ၊ ဒါကို PDF လို့စွပ်စွဲဖမ်းခံရတာလို့ ကြားထားရတယ်၊ ပြည်စစ်ကြောရေးမှာ ဖြစ်ဖို့များတယ်” ဟု ဓမ္မဆရာ ဆလိုင်းဧလလုံးဝ၏ မိတ်ဆွေ တဦးက ပြောသည်။

    ဓမ္မဆရာ ဆလိုင်းဧလလုံးဝေသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပေါက်ခေါင်းမြို့ ထုံးတောင်အသင်းတော် ခရစ္စမတ်ပွဲမှ မင်းလှမြို့ဘက်သို့ အပြန် ပြည်မြို့အဝင်ဂိတ်မှာ စစ်ဆေးခံရစဉ် ဖုန်းထဲမှ ဓာတ်ပုံ၊ ဗွီဒီယို၊ သီချင်း တခုခုကို တွေ့ပြီး PDF ဟု စွပ်စွဲပြီး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

    ” အခုကဗျာ ဖုန်းထဲမှာ ကိုယ်ကြိုက်ရင် ပုံဆေ့ထားတာတွေတော့ ရှိနိုင်ပါတယ်၊ ဒါပေမဲ့ သူက PDF မဟုတ်တာ သေချာပါတယ်၊ ပြီးတော့ ရန်ကုန်က အလုံပိုးကရင်ကျောင်းမှာ ကျမ်းစာတက်နေတဲ့ ကျောင်းသားပါ” ဟု ဓမ္မဆရာ၏ မိတ်ဆွေက ထပ်မံပြောပြသည်။

    Red News Agency

  • ရန်ကုန်တက္ကသိုလ် ‌ကျောင်းသား ကိုအောင်ဘုန်းကျော် စစ်ကြောရေးတွင် ကျဆုံ

    ရန်ကုန်တက္ကသိုလ် ‌ကျောင်းသား ကိုအောင်ဘုန်းကျော် စစ်ကြောရေးတွင် ကျဆုံ

    RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

    ရန်ကုန်တက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ပညာရပ်သင် ကျောင်းသား ကိုအောင်ဘုန်းကျော်သည် တာမွေမြို့နယ်၌ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် ယနေ့ ( ဒီဇင်ဘာလ ၂၇ ရက်) ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

    Red News Agency

  • “ကျွန်တော်တို့ကို နှိပ်စက်သူတွေနဲ့ ပတ်သက်ပြီး ခွင့်လွှတ်ပေးလို့ရတယ်၊ ကျေအေးပေးဖို့တော့ အဆင်မပြေနိုင်ဘူး”

    “ကျွန်တော်တို့ကို နှိပ်စက်သူတွေနဲ့ ပတ်သက်ပြီး ခွင့်လွှတ်ပေးလို့ရတယ်၊ ကျေအေးပေးဖို့တော့ အဆင်မပြေနိုင်ဘူး”

    ဒေါ်အောင်ဆန်းစုကြည် ခြံဝန်းထဲတွင် နေထိုင်ခဲ့သူ၊ နိုင်ငံရေးလုပ်တဲ့အတွက် ထောင်တစ်သက်တကျွန်း ကျခံခဲ့ရသူ စစ်ကြောရေး နှိပ်စက်ခံရမှုများ စသည်တို့ကို ပြောဆိုထားတဲ့ ဘဝအတွေ့အကြုံတွေ ဖြစ်ပါတယ်။

    [embedyt] https://www.youtube.com/watch?v=FJWkGWQit3s[/embedyt]

    Red News Agency