05
Feb
RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၅ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို KIA၊ ABSDF၊ KPDF နှင့် အင်းတော်အထူးတိုက်ခိုက်ရေးတပ်များက ပိတ်ဆို့တိုက်ခိုက်ထားမှုအတွင်း စစ်ကောင်စီတပ်စွဲထားသည့် ဂျပန်လှိုက်ဂူ၏ ကာကင်းတစ်ခုဖြစ်သည့် ကြာအင်းကုန်းစခန်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ အင်းတော်ဒေသရှိ စစ်ကောင်စီ တပ်စခန်းများကို KIA ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်ကစတင်ပြီး အပြင်းအထန် တစ်ကျော့ပြန် ထိုးစစ်ဆင်ခဲ့ပြီးပြီး နောက်နေ့မှာပင် ကြာအင်းကုန်းစခန်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ (more…)