ပဲခူးရိုးမပေါ်တက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ဦးခန့်သေဆုံးပြီး (၁၀) ဦးခန့်အရှင်ဖမ်းခံရ

RNA_ဩဂုတ်(၂၅)၊၂၀၂၄ ခုနှစ်။

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ တက်လာသည့်  အင်အား (၁၀၀) ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ဆင်တလင်းကျေးရွာအုပ်စု၊ အုပ်ဖိုစုရွာထိပ်၌ ဩဂုတ်လ (၂၄) ရက်နေ့ နံနက် (၁၀) နာရီ (၄၅) မိနစ်ခန့်က တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီလက်အောက်ခံ (၂၀) ကျော်သေဆုံးပြီး (၁၀) ဦးခန့် အဖမ်းအဆီးခံခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂မှ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ၅၊ တပ်ခွဲ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေး ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း၊ G-3 (၁၉)လက်၊ G-4 စက်လက် (၁)လက်၊ 40 mm (၂)လက်၊ MA-1 (၃)လက်၊ MA-3 (၂)လက်၊ MA-12 (၁)လက်၊ MA-2 (MK-11) (၁)လက်၊ ပစ္စတို MA-5 (၁)လက်၊ G-3 ကျည် (၁၉၆၃)တောင့်၊ MA ကျည် (၁၇၈)တောင့်၊ 9mm ကျည် (၂၀၀)တောင့်၊ ကျည်ဘောက်မျိုးစုံ (၆၅)ခု၊ ငွေသား (၂၅)သိန်းကျော်၊ ဖုန်း (၈) လုံးတို့အား သိမ်းဆည်းရမိခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅က ထုတ်ပြန်ထားသည်။

#RedNewsAgency #RNA

By RNA Editor