25
Aug
RNA_ဩဂုတ်(၂၅)၊၂၀၂၄ ခုနှစ်။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ တက်လာသည့် အင်အား (၁၀၀) ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ဆင်တလင်းကျေးရွာအုပ်စု၊ အုပ်ဖိုစုရွာထိပ်၌ ဩဂုတ်လ (၂၄) ရက်နေ့ နံနက် (၁၀) နာရီ (၄၅) မိနစ်ခန့်က တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီလက်အောက်ခံ (၂၀) ကျော်သေဆုံးပြီး (၁၀) ဦးခန့် အဖမ်းအဆီးခံခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂မှ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ၅၊ တပ်ခွဲ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေး ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း၊ G-3 (၁၉)လက်၊ G-4 စက်လက် (၁)လက်၊ 40 mm (၂)လက်၊ MA-1 (၃)လက်၊…