03
Feb
RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၅ခုနှစ်။ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် မွန်ပြည်နယ်စစ်ဆင်ရေးများတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးစစ်ဆင်ရေးသင်တန်းသား (၂၅၀) ဦးသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် သင်တန်းဆင်းခဲ့ကြကြောင်း သိရသည်။ NUG/MOD - PDF တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ အပတ်စဥ် (၇)၊ အထူးစစ်ဆင်ရေးသင်တန်းသား (၂၅၀) ဦးသည် KNLA နည်းပြများ၊ SOF သင်တန်းနည်းပြများနှင့် US မရိမ်းသင်တန်းဆရာဟောင်း (မြန်မာနိုင်ငံသား)များ၏ နည်းစနစ်များ၊ လမ်းညွှန်ကွပ်ကဲမှုများဖြင့် လက်တွေ့ပစ်ခတ်မှုအများဆုံးနှင့် အကောင်းဆုံး ၄လခွဲကြာ လေ့ကျင့်ခဲ့ကြသော အထူးတပ်ဖွဲ့ဝင်များအဖြစ် မွေးထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု SOF ကယနေ့ ထုတ်ပြန်ထားသည်။ (more…)