Tag: သာယာဝတီခရိုင်

  • ပဲခူးရိုးမအစပ် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသောစခန်းအား ပြောက်ကျားတပ်ဖွဲ့ သိမ်းပိုက်

    ပဲခူးရိုးမအစပ် စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားသောစခန်းအား ပြောက်ကျားတပ်ဖွဲ့ သိမ်းပိုက်

    RNA_မေ(၂၇)၊၂၀၂၅ခုနှစ်။

    ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ ထန်းပင်ကုန်းကျေးရွာ၊ ဗိုလ်ရုံစုတွင် အင်အား (၃၀) ကျော်ဖြင့် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံ စခန်းကို မေလ ၂၅ ရက်နေ့တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖို ရဲဘော်များက သွားရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    (more…)

  • ဂမုန်းရေလှောင်တမံ ကျိုးပေါက်ပေါက်နိုင်သည့်အခြေအနေကို PDF ရဲဘော်များထိန်းချုပ်ပြီး ပြည်သူများ ရေဘေးမကြုံရရေး ဆောင်ရွက်နေ

    ဂမုန်းရေလှောင်တမံ ကျိုးပေါက်ပေါက်နိုင်သည့်အခြေအနေကို PDF ရဲဘော်များထိန်းချုပ်ပြီး ပြည်သူများ ရေဘေးမကြုံရရေး ဆောင်ရွက်နေ

    RNA_စက်တင်ဘာ(၂၆)၊၂၀၂၄ခုနှစ်။

    ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင်၊ ပဲခူးရိုးမအတွင်းရှိ ဂမုန်းရေလှောင်တမံတွင် စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းဝန်ထမ်းများ မရှိတော့သည့်အတွက် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ရဲဘော်များက ထိန်းချုပ်ပြီး ရေလှောင်တမံ ကျိုးပေါက်နိုင်သည့် အခြေအနေတွင် ရှိသော်လည်း ပြည်သူများ ရေဘေးမကြုံရရေးအတွက် နေ့စဉ်ထိန်းညှိ လုပ်ဆောင်နေသည်ဟု သိရသည်။

    (more…)

  • ပဲခူးရိုးမပေါ်တက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ဦးခန့်သေဆုံးပြီး (၁၀) ဦးခန့်အရှင်ဖမ်းခံရ

    ပဲခူးရိုးမပေါ်တက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂၀ ဦးခန့်သေဆုံးပြီး (၁၀) ဦးခန့်အရှင်ဖမ်းခံရ

    RNA_ဩဂုတ်(၂၅)၊၂၀၂၄ ခုနှစ်။

    ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမပေါ်သို့ တက်လာသည့်  အင်အား (၁၀၀) ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်း ဆင်တလင်းကျေးရွာအုပ်စု၊ အုပ်ဖိုစုရွာထိပ်၌ ဩဂုတ်လ (၂၄) ရက်နေ့ နံနက် (၁၀) နာရီ (၄၅) မိနစ်ခန့်က တိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီလက်အောက်ခံ (၂၀) ကျော်သေဆုံးပြီး (၁၀) ဦးခန့် အဖမ်းအဆီးခံခဲ့ရကြောင်း သိရသည်။

    စစ်ကောင်စီတပ်စစ်ကြောင်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂မှ တပ်ခွဲ၂၊ တပ်ခွဲ၃၊ တပ်ခွဲ၅၊ တပ်ခွဲ၆ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေး ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း၊ G-3 (၁၉)လက်၊ G-4 စက်လက် (၁)လက်၊ 40 mm (၂)လက်၊ MA-1 (၃)လက်၊ MA-3 (၂)လက်၊ MA-12 (၁)လက်၊ MA-2 (MK-11) (၁)လက်၊ ပစ္စတို MA-5 (၁)လက်၊ G-3 ကျည် (၁၉၆၃)တောင့်၊ MA ကျည် (၁၇၈)တောင့်၊ 9mm ကျည် (၂၀၀)တောင့်၊ ကျည်ဘောက်မျိုးစုံ (၆၅)ခု၊ ငွေသား (၂၅)သိန်းကျော်၊ ဖုန်း (၈) လုံးတို့အား သိမ်းဆည်းရမိခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅က ထုတ်ပြန်ထားသည်။

    #RedNewsAgency #RNA