ရှမ်းမြောက်

မိုးဗြဲ PDF တပ်ရင်းတိုးချဲ့တည်ထောင်ခြင်း (၁) နှစ်ပြည့် အခမ်းအနားကျင်းပ 

မိုးဗြဲ PDF တပ်ရင်းတိုးချဲ့တည်ထောင်ခြင်း (၁) နှစ်ပြည့် အခမ်းအနားကျင်းပ 

RNA_ဇွန်(၇)၊၂၀၂၃ ခုနှစ်။ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်းအမှတ် ၁၀၀၇ (မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂) တိုးချဲ့ တည်ထောင်ခြင်း ( ၁) နှစ်ပြည့်အခမ်းအနား ယနေ့ ကျင်းပခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၇ ရက်နေ့သည် စစ်အာဏာရှင်ကို လက်နက်ကိုင်ခုခံသည့်တွန်းလှန်ခြင်း ၂ နှစ်ပြည့်နှင့် မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ရင်း ၂တိုးချဲ့တည်ထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားကို အခြေအနေအရ အကျဥ်းချုပ်ပြုလုပ်ခဲ့ရကြောင်း၊ တပ်ရင်းအမှတ် ၁၀၀၁ ( ယမိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၁) မှအဖြစ်မှ စစ်မြေပြင်တည်နေရာ အနေအထားအရ ခွဲထွက်ကာ တိုးချဲ့ဖွဲ့စည်းခဲ့ရခြင်း ဖြစ်သည်ဟု MOBYE PDF ၂ သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ကျောက်မောရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ တိုက်ခိုက်သိမ်းပိုက်

ကျောက်မောရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ တိုက်ခိုက်သိမ်းပိုက်

RNA_မေ(၂၅)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ် ကျောက်မောကျေးရွာရှိ ရဲကင်းစခန်းကို ABSDF ရဲဘော်များ မေလ (၂၄) ရက်နေ့ နံနက်(၆) နာရီ (၁၅) မိနစ်က ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ မိနစ် (၃၀) ဝန်းကျင်ကြာ ရဲကင်းစခန်းစီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်ကြီး အပါအဝင် (၄) ဦးသေဆုံးပြီး၊ BA- 63 (G-3) ၄ လက်၊ BA-64 (G-4)၁ လက်၊ BA-93 Uzi ၁ လက်၊ ကျည်ကဒ် ၉ ကဒ်၊ ကျည် ၆၅၀ နှင့် လက်ပစ်ဗုံး ၃ လုံးအပါအဝင် ရဲ…
Read More
စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

စစ်ကောင်စီတပ် ခလရ (၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်း သေဆုံး 

RNA_ဧပြီ( ၂၃)၊၂၀၂၃ ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသရှိ ခလရ (၁၄၇) စခန်းကုန်းကို ဧပြီလ (၂၂) ရက်နေ့ နံနက် (၃)နာရီခန့်တွင် မန္တလေး PDF ရဲဘော်များ တိုက်ခိုက်မှုအပြီး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းရောက်ရှိလာချိန် ကားရပ်မပေးသည့်အတွက် ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရသည်။   "မိမိတို့တပ်ဖွဲ့များ အခြေပြုနေရာ ယူထားရာ နေရာသို့ အိမ်စီးကား(၂) စီး ရောက်ရှိလာရာ အိမ်စီးကားပေါ်တွင် ရန်သူ့တပ် ယူနီဖောင်းဝတ်တဦး ပါလာသဖြင့် တားမြစ်စစ်ဆေးရာ မရပ်ပေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ Toyota Corolla အိမ်စီးကားတစီး ရပ်တန့်သွားပြီး ကားပေါ်မှ ခလရ(၁၄၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မင်းထွန်းအား…
Read More
စစ်ကောင်စီတပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၇) ဦးသေ 

စစ်ကောင်စီတပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၇) ဦးသေ 

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်- ပြင်ဦးလွင် - ကျောက်မဲ ဆက်သွယ်ရေး လမ်းမပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲများအထိုင်ချသည့် လယ်ကြီးဂိတ်စခန်းကို KIA နှင့် ပူးပေါင်းများဟာမိတ်များ သွားရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့်ရဲ (၇) ဦးသေဆုံးပြီး (၇) ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။ KIA၊ K- PDF ( Kachin Region )၊ PDF( NUG )၊ ကျောင်းသားတပ်မတော်( A.B.S.D.F )၊ ရှမ်းမြောက်ဒေသ မဟာမိတ်တပ်ပေါင်းစုတို့မှ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဧပြီလ (၇) ရက်နေ့ နံနက် (၇) နာရီ (၄၀) မိနစ်ဝန်းကျင်က လယ်ကြီး…
Read More
ပြည်သူစစ်တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် တအာင်းလူမျိုး (၁၂၇)ဦးကို TNLA မှ ကယ်ထုတ်နိုင်ခဲ့

ပြည်သူစစ်တပ်ဖွဲ့မှ ဖမ်းဆီးသွားသည့် တအာင်းလူမျိုး (၁၂၇)ဦးကို TNLA မှ ကယ်ထုတ်နိုင်ခဲ့

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၃ ခုနှစ်။ စစ်ကောင်စီလက်အောက်ခံ ဂျာယန်ကျေးရွာ ဂျာယန်ပြည်သူ့စစ်အဖွဲ့မှ စစ်မှုထမ်းရန် မတရားဖမ်းဆီးထားပြီး စစ်သင်ဆန်းပေးခံနေရသည့် တအာင်းလူမျိုး (၁၂၇)ဦိးအား TNLA မှသွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။ တအာင်းပြည်နယ်၊ တပ်မဟာ (၆) စစ်ဒေသအတွင်း အဓမ္မဖမ်းဆီးခံထားရသည့် တအာင်းလူမျိုး(၁၂၇)ဦိးတွင် အသက်မပြည့်သေးသည့် ကျောင်းနေအရွယ်ကလေး (၂၀)ဦီး၊ အမျိုးသမီးငယ်(၁၅)ဦီး၊ အခြားအရွယ် (၉၂)ဦီး ပါဝင်ကြောင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAမှ ဖေဖော်ဝါရီလ ၄ ရက်နေ့က ကယ်ထုတ်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများစွာပြုလုပ်ကာ ဟန့်တားခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ (more…)
Read More
ညီညွတ်ရေးနှင့် အောင်ပွဲခံမည့် မဟာဗျူဟာများဖြင့် တိုက်ပွဲဝင်ရမည့် အချိန်ဟု TNLA ကြေညာ

ညီညွတ်ရေးနှင့် အောင်ပွဲခံမည့် မဟာဗျူဟာများဖြင့် တိုက်ပွဲဝင်ရမည့် အချိန်ဟု TNLA ကြေညာ

RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ နွေဦးတော်လှန်ရေးမှပေါက်ဖွားလာသည့် အင်အားစုအသီးသီးမှအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသည် အမျိုးမျိုးသော ဝိဝါဒကွဲပြားမှုကို ကျော်လွှားပြီး ပိုမိုခိုင်မာသည့် ညီညွတ်ရေးနှင့် အောင်ပွဲခံမည့်မဟာဗျူဟာများဖြင့် တော်လှန်တိုက်ပွဲဝင်ရန် အရေးကြီးသော အချိန်ကာလဖြစ်သည်ဟု PSLF/TNLA က ကြေညာထားသည်။ (more…)
Read More
TNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ဝန်းကျင် သေဆုံးပြီး ၂၇ ဦး အရှင်ဖမ်းခံရ 

TNLA နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ဝန်းကျင် သေဆုံးပြီး ၂၇ ဦး အရှင်ဖမ်းခံရ 

RNA_ဒီဇင်ဘာ(၁၄)၊၂၀၂၂ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ(၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာ(ရဝ်ဘြာန်း) ကျေးရွာဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅၀ ဝန်းကျင်သေဆုံးပြီး ၂၇ ဦး အရှင်ဖမ်းခံခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ် အင်အားအများအပြားနှင့် လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အပါအဝင် ကုန်းသာကျေးရွာ ဝန်းကျင်မှာ TNLA နှင့် ဒီဇင်ဘာ (၇) ရက်နေ့ နေ့လည်မှစတင်ကာ ဒီဇင်ဘာလ (၁၁) ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားမှု မရှိပေမဲ့ စစ်ကောင်စီတပ် လေကြောင်းမှတဆင့် ပျံသန်းကြည့်ရှုမှုများရှိကြောင်း သိရသည်။ " တိုက်ပွဲကြီး အောင်မြင်စွာပြီးဆုံး စကစ အလောင်း ၄၇…
Read More
ရှမ်းမြောက်မှာ PDF အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး (၅) ဦးကျဆုံး၊ ၆ ဦးပျောက်နေ

ရှမ်းမြောက်မှာ PDF အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး (၅) ဦးကျဆုံး၊ ၆ ဦးပျောက်နေ

RNA_နိုဝင်ဘာ(၂၅)၊၂၀၂၂ ခုနှစ်။  ရှမ်းပြည်နယ် မြောက်မိုင်း မူဆယ်မြို့နယ်အခြေစိုက် People Security Defemse Army - Northern Shan State အဖွဲ့က ခွဲထွက်သည့် PDF ၁၄ ဦးရှိ စခန်းကို ဝင်ရောက်တိုက်ခိုက်သည့်အတွက် နေရာတွင် PDF (၅) ဦးကျဆုံးကာ ဒဏ်ရာရ (၂) ဦးအပါအဝင် (၃) ဦးလွတ်မြောက်ပြီး (၆) ဦးပျောက်ဆုံးနေကြောင်း သိရသည်။ PDF အဖွဲ့ဝင် ၁၄ ဦးရှိနေသည့် မူဆယ်မြို့နယ်၊ ကျေးရွာတရွာအနီးဝန်းကျင်ရှိ စခန်းကို People Security Defemse Army - Northern Shan State အဖွဲ့ဝင် (၁၀) ဦးဝန်းကျင်က…
Read More
စစ်ဘေးရှောင်ရာမှ ပြန်လာစဉ် လမ်းမှာ လက်နက်ကြီးမှန်ကာ အမျိုးသမီး ၄ ဦးသေဆုံး

စစ်ဘေးရှောင်ရာမှ ပြန်လာစဉ် လမ်းမှာ လက်နက်ကြီးမှန်ကာ အမျိုးသမီး ၄ ဦးသေဆုံး

RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်ယော်တိုက်နယ်၊ ပန်နန်းကျေးရွာ ပြည်သူများ စစ်ဘေးရှောင်ရာမှာ ပြန်လာစဉ် လမ်းတွင်လက်နက်ကြီး ထိမှန်ကာ အမျိုးသမီး (၄) ဦးသေဆုံးခဲ့ရကြောင်း ဒေသခံတဦးက ပြောသည်။ ဒေသခံတဦး လက်နက်ကြီး ကျရောက်သည့် ဖြစ်စဉ်အတွင်း ရိုက်ကူးထားသည့်ရုပ်သံတွင် ကိုးကန့်တပ်ဖွဲ့က ပစ်လိုက်သည့် လက်နက်ကြီးဖြစ်ကြောင်း ပစ်ခံရသည့် စစ်ဘေးရှောင်များက ပြောကြားထားသည်။ မိုင်းယော်ဒေသတွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲတို့ တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ဘေးရှောင်ရာမှပြန်လာစဉ် လက်နက်ကြီးကျကာ နေရာတွင် အမျိုးသမီး (၃) ဦးသေဆုံးပြီး ဆေးကုသခံယူ‌နေစဉ် အသက် ၂၀ အရွယ် လွေးအေးမန် ထပ်မံသေဆုံးကြောင်း၊ အမျိုးသား…
Read More
ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီကျွန်များကို မကြာမီ တိုက်ခိုက်ချေမှုန်းမည် 

ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီကျွန်များကို မကြာမီ တိုက်ခိုက်ချေမှုန်းမည် 

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( NSSDF) ကအကြမ်းဖက်စစ်ကောင်စီတပ်ကို အမြစ်ဖြတ်ချေမှုန်းရေးနှင့် စစ်ကောင်စီကျွန်များကို မကြာမီ တိုက်ခိုက်တော့မည်ဖြစ်ကြောင်း သိရသည်။ " အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရေးတွင် အခက်ခဲများစွာကြောင့် တိုက်ပွဲဝင်ရန်နှောင့်နှေးနေပေမယ့် မကြာခင်အချိန်မှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အသေခံကျွန်တော်ကြီးများ အားတိုက်ခိုက်‌ ချေမှုန်းနိုင်မည့် အချိန်ကိုရောက်ရှိလာတော့မည်ဖြစ်ကြောင်း အများပြည်သူများအား အသိပေးတင်ပြအပ်ပါသည်" ဟု NSSDF ကထုတ်ပြန်ထားသည်။ ရှမ်းမြောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အနာဂတ်မှာ စစ်မှန်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံထူထောင်ရေးအတွက် ရည်ရွယ်ချက်တူသော အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။ Red News Agency
Read More