Tag: ရှမ်းမြောက်
-

ညီနောင်မဟာမိတ်များ၏အောင်မြင်မှုသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေဟု ဗိုလ်နဂါးပြော
RNA_ဇန်နဝါရီ(၃၀)၊၂၀၂၄ခုနှစ်။လက်နက်အားကိုးနှင့် အုပ်ချုပ်နေသည့် စစ်တပ် တစတစပြိုလာပြီး အလုံးစုံပြိုကျတော့မည့် အရိပ်အယောင်များ မြင်လာရပြီဖြစ်ကြောင်း၊ ညီနောင်မဟာမိတ်များ၏ အောင်မြင်မှုများသည် အညာသားများ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်စပ်နေကြောင်း BNRA မှ ဗိုလ်နဂါးက ယမန်နေ့ည Facebook Live တွင် ပြောကြားထားသည်။[embedyt] https://www.youtube.com/watch?v=jR94_an6zKQ[/embedyt]#RedNewsAgency -

စကခ (၁၆) ကို ပူးပေါင်းတပ်ဖွဲ့များ အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ချိန် ဟောင်ဝစ်ဇာ သံချပ်ကာကား ပွိုင့် 5 များပါ သိမ်းဆည်းရမိ
RNA_ဇန်နဝါရီ(၈)၊၂၀၂၃ခုနှစ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် စစ်ကောင်စီ၏ စကခ (၁၆) ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နှင့်အတူ PLA – ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ KNDF တို့ပါဝင်ကာအောင်မြင်စွာ အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိသည်ဟု PLA က ယနေ့ ထုတ်ပြန်ထားသည်။
စကခ (၁၆) ဧရိယာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၇ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ သိမ်းပိုက်ရရှိမှုအတွင်း လက်နက်ကြီးကုန်းများ၊ လေယာဥ်ကွင်းများ၊ လက်နက်ဂိုဒေါင်များ၊ သံချပ်ကာကားများ၊ ပွိုင့် 5 များ၊ ဟောင်ဝစ်ဇာများနှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းပိုက်ရရှိခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ထံမှ သိရသည်။
-
လောက်ကိုင် ဒကစ လက်နက်ချသည့်အတွက် လောက်ကိုင်ကို MNDAA အပြီးသတ်သိမ်းပိုက်
RNA_ဇန်နဝါရီ(၅)၊၂၀၂၄ခုနှစ်။ကိုးကန့်အထူးဒေသ (၁) လောက်ကိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ ယမန်နေ့ (ဇန်နဝါရီ ၄ ရက်) ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့်အတွက် MNDAA နှင့်ပူးပေါင်းတပ်ဖွဲ့များက လောက်ကိုင်မြို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။လောက်ကိုင်ရှိ စစ်ကောင်စီလက်အောက်ခံများကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအတွင်း နေ့စဉ်တိုက်ခိုက်လာခဲ့သည့်မှာ ဇန်နဝါရီလ ၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ်သွားနိုင်ပါက ရှမ်းပြည်နယ် အထူးဒေသ (၁) အားလုံး စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။[embedyt] https://www.youtube.com/watch?v=pbFLDmZ3dS4[/embedyt]ယမန်နေ့ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့် လောက်ကိုင် ဒကစ ပါအဝင် စစ်ကောင်စီလက်အောက်ခံများကို MNDAA ဦးဆောင်သည့် အဖွဲ့က ယနေ့ နံနက်ပိုင်းက လားရှိုးဘက်ပို့ဆောင်နေကြောင်း ဒေသတွင်းသတင်များအရ သိရသည်။#RedNewsAgency -

နမ္မတူမြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို PSLF/TNLA မှ တိုက်ခိုက်ပြီး မြို့ကိုသိမ်းပိုက်ထားနိုင်
RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၃ခုနှစ်။
နမ္မတူမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ဗျူဟာမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းတို့ကို တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း တိုက်ခိုက် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း TNLA သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
တအာင်းပြည်နယ် တပ်မဟာ(၄)စစ်ဒေသ၊ နမ္မတူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ်မတော်က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး (၄)ရက်ကြာ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စစ်ကောင်စီ ခမရ-၃၂၄ ဗျုဟာကုန်းအပါအဝင် တပ်စခန်းများဖြစ်သည့် မန်စံတပ်စခန်း၊ ပန်သပြေတပ်စခန်း၊ နောင်ဆိုင်ကင်းစခန်း၊ ရဲစခန်းနှင့် စကစ ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။
#RedNewsAgency
-

မြန်မာ့တပ်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ် သမိုင်းတွင် ကျန်ရစ်ခဲ့ပြီဟု ညီနောင်မဟာမိတ်များပြောကြား
RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၃ခုနှစ်။
မြန်မာတပ့်မတော်၏ “ငါမသေငါ့စခန်းမကျစေရ” ဆောင်ပုဒ်သည် သမိုင်းတွင်ကျန်ရစ်ကာ” ငါ့အသက်ကို ညီနောင်မဟာမိတ်(၃) ဖွဲ့က ဘယ်အချိန်လာယူမလဲ” ဆိုသော စိုးရိမ်ပူပန်မှုများနှင့်အတူ ခုခံစစ်ကို မည်သည့် စစ်ကူမျှမပါဘဲ ရင်ဆိုင်နေရသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ပြောကြားထားသည်။
မြန်မာ့တပ်မတော်သားများ အနေဖြင့် အသက်မသေလိုပါက ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံး ဝင်ရောက်ခိုလှုံကြရန် ထပ်မံ တိုက်တွန်းလိုက်ကြောင်း၊ “အသက်ကိုဉာဏ်စောင့်” ဆိုသည်ကိုလည်း စေတနာဖြင့် အသိပေးလိုက်ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေး ရက်ပေါင်းငါးဆယ်ကျော်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီသည် တိုက်ပွဲအများစုတွင် စစ်ကူမပေးနိုင်တော့သည်ကို အတိုင်းသား တွေ့မြင်ခဲ့ရပြီဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ညက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ : ရှမ်းမြောက်တိုက်ပွဲအတွင်း ယမန်နေ့က အောင်ပွဲခံနေသည့် တော်လှန်ရေးရဲဘော်များ။ -

နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆၀) ကျော်သေဆုံးပြီး သုံ့ပန်းအဖြစ် (၆၄) ဦး ဖမ်းဆီးရမိ
RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။
တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။
နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ အမြောက် (၄)စင်း၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရရှိခဲ့ကြောင်း၊ ရန်သူအလောင်း (၆၀)ကျော်နှင့် စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ် (၃၀)ဦး၊ မိသားစုဝင် (၃) ဦး၊ ရဲ (၆)ဦး၊ ရဲမိသားစုဝင် (၂၅) ဦး စုစုပေါင်း (၆၄) ဦး ဖမ်းဆီးရမိခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
-

မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား
“လက်ရှိအခြေအနေမှာ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့နေနေသာသာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေကိုယ်တိုင်က တော်လှန်ရေးအဖွဲ့တွေရဲ့ ဖြတ် (၄) ဖြတ် လုပ်ခြင်းကို ခံနေရ”
မောင်ဝိ
ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ၃ နှစ်ပြည့်ကာနီး ကာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာနဲ့ မြို့ကြီးတွေကိုပါ ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ တော်လှန်ရေး သိသိသာသာ တိုးတက်လာချိန်ကို အဓိကပြောပါဆိုရင် ရှမ်းမြောက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို မေ့ထားလို့မရပါဘူး။ ဒါ့ကြောင့်ပဲ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က ဦးဆောင်ခဲ့တဲ့ ရှမ်းမြောက်က စစ်ဆင်ရေးကို စစ်ခေါင်းဆောင်ကိုယ်တိုင် ထိတ်လန့်လာတဲ့အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။
၁၀၂၇ မစတင်ခင် ၂ ပတ်လောက်အလိုကတည်းကစစ်တပ်အနေနဲ့ စာထုတ်ပြီး သူ့တပ်ရင်းတွေကို အကြောင်းကြားထားခဲ့တာဖြစ်တယ်လို့ ရှမ်းမြောက်တိုက်ပွဲတွေအတွင်းမှာ ပါခဲ့တဲ့ အရာရှိဖြစ်သူထံမှ သိရပါတယ်။ ၁၀၂၇ မစတင်ခင် အောက်တိုဘာ ၇ ရက်နေ့လောက်ကတည်းက လုံထန်ဘက်မှာ တိုက်ပွဲအသေးစားလေးတွေ ဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မနက် ၂ နာရီလောက်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်ကို အရင်ဝင်သိမ်းခဲ့ပါတယ်။ ဒီနောက် ဟိုပန်နဲ့ ချင်းရွှေဟော်က ကားနဲ့ ၂၅ မိနစ်လောက်သွားရတဲ့ ဟိုပန် ဖောင်ဆိပ်စခန်းမှာကလည်း စစ်တပ်က တပ်စွဲထားတဲ့ အင်အား ၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်။
၁၀၂၇ စတင်ခဲ့တဲ့ မနက်ပိုင်း ၄ နာရီလောက်မှာ MNDAA နဲ့မဟာမိတ် ပူးပေါင်း အင်အား ၂၀၀၀ ခန့်ဟာ ဟိုပန်တံတားကို ဝင်စီးခဲ့ပါတယ်။ ဒီနောက် ဖောင်ဆိပ် စစ်ကောင်စီ စခန်းကျခဲ့တယ်။ အဲ့အချိန် ဟိုပန်ထဲက တပ်တွေက လက်နက်ကြီး တွေနဲ့ ဖောင်ဆိပ်တံတားဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့်၊ စစ်တပ်ကအင်အားနဲ့ ပြန်တိုက်နိုင်တာမျိုး မရှိခဲ့ပါဘူး။ ဟိုပန်ဖောင်ဆိပ်ကို သိမ်းပြီး မဟာမိတ်ပူးပေါင်းအဖွဲ့က တံတားကိုဖျက်ခဲ့ပါတယ်။ ဖောင်ဆိပ်ဘက်ကနေ ကွမ်လုံဘက်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဆက်တက်တယ်။ ကွမ်းလုံမရောက်ခင် ကောင်းကျဲဘက်မှာ မြောက်ပိုင်း ၃ ဖွဲမှ အဖွဲ့ ၄ နေရာလောက်ခွဲပြီး၊ ကွမ်လုံမှာရှိတဲ့တပ်တွေကို ဒရော့ဗုံးချတာ၊ ရနိုင်မယ်ထင်တဲ့နေရာတွေကိုဝင်ပစ်တယ်။
-

မျက်ဝါးထင်ထင်မြင်လာရတဲ့ စစ်တပ်ရဲ့ ပြိုလဲနေမှုများ
“လက်ရှိအချိန်မှာ စစ်တပ်ရဲ့တပ်ရင်းအလိုက် ရှုံးနိမ့် ထွက်ပြေး အညံ့ခံ လက်နက်ချအလင်းဝင်လာကြရတာ (ရဲတပ်ရင်းတွေမပါ) တပ်ရင်း (၁၀) ရင်း အထိရှိခဲ့ပါပြီ။ လက်နက်ချ အညံ့ခံခဲ့ရတဲ့ စစ်ကောင်စီ တပ်ရင်းတွေကတော့ ခလရ ၁၄၃၊ ခမရ ၃၃၉၊ ခမရ ၃၅၁၊ ခမရ ၃၅၈၊ ခမရ ၄၃၀၊ ခလရ ၈၁၊ ခလရ ၁၂၅၊ ခမရ ၄၂၅၊ ခမရ ၆၊ ခလရ ၁၂၉ တို့ဖြစ်ကြပါတယ်”
*************************
မောင်ဝိရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့အခြေစိုက် ခလရ(၁၂၅)တပ်ရင်းတစ်ရင်းလုံး အလံဖြူထောင်ကာ လက်နက်ချအလင်းဝင်လာတယ်လို့ MNDAA က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ အလင်းဝင်လာတဲ့ ခလရ (၁၂၅)ဟာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်လက်အောက်ခံဖြစ်ပြီး လောက်ကိုင်အခြေစိုက်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လောက်ကိုင်-ဒကစ) ကွပ်ကဲမှုအောက်ရှိ တပ်ရင်း (၇) ခုအနက်မှ တစ်ခုဖြစ်ပြီး နိုဝင်ဘာလ (၂၈) ရက်နေ့က လက်နက်ချအလင်းဝင်လာတာပဲ ဖြစ်ပါတယ်။ အဲဒီနေ့က အလင်းဝင်လာသူဟာ ၂၇၂ ဦးဖြစ်ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာလည်း လောက်ကိုင် (ဒကစ) လက်အောက်ခံ ခမရ(၁၂၉) တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၁၂၆ ဦးဟာ MNDAA နဲ့ မဟာမိတ်တပ်များထံ ပူးပေါင်း အလင်းဝင်ကာ ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြပါသေးတယ်။ ဒီဖြစ်စဥ်တွေက ဘာကိုပြသနေလဲဆိုတော့ စစ်ကောင်စီရဲ့ စစ်ရေးနဲ့ နိုင်ငံရေး အဖက်ဖက်က ရှုံးနိမ့်တယ်ဆိုတာထက် သူ့လက်အောက်ခံ တပ်ရင်းတွေ ကိုယ်တိုင်က စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိခြင်းဖြစ်တယ်။ တနည်းပြောရရင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကစလို့ လက်ရှိစစ်ဗိုလ်ချုပ်တွေရဲ့ အရည်အချင်းကို ပြသရာရောက်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ ထိုအချိန်က ပြည်သူတရပ်လုံးက မင်းအောက်လှိုင်ဦးဆောင်တဲ့ အုပ်ချုပ်သူတွေကို မုန်းတီးနေပေမယ့်၊ သူ့လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေရဲ့ လေးစားမှု၊ အားထားမှုကို အထိုက်အလျောက်ရရှိထားပါသေးတယ်။ နိုင်ငံတကာမှာလည်း တရုတ်၊ ရုရှားစတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အကာကွယ်ပေးမှု၊ ထောက်ပံ့မှုကို အထိုက်အလျောက်ရရှိခဲ့တာဖြစ်တယ်။
-

ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ပြီး တပ်ရင်းတရင်းလုံး ပြည်သူ့ရင်ခွင်ခိုလှုံ
RNA_နိုဝင်ဘာ(၁၄)၊ ၂၀၂၃ ခုနှစ်။
ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော စစ်ကောင်စီတပ် ဒကစ (လောက်ကိုင်) လက်အောက်ခံတပ်ရင်း ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး ညီနောင်မဟာမိတ် ၃ ဖွဲ့ထံဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၈) နာရီ (၃၀) မိနစ်အချိန်တွင် ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး နှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ထံသို့ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်အတွင်း ဝင်ရောက်လာကြသူ တစ်ဦးချင်းစီအား မြန်မာကျပ်ငွေ (၁၀ သိန်း)၊ မိသားစုဝင်တစ်ဦးချင်းစီအား တစ်ဦးလျှင် (၁) သိန်းစီ ချီးမြှင့်ပေးအပ်ခဲ့ပါသည်ဟု ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။
-

၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မမှူး တဦးသေဆုံးခဲ့ပြီး တပ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံနေရ
RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။
ညီနောင်မဟာမိတ် (၃) ဖွဲ့ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် သေဆုံးသူများထဲတွင် တပ်မမှူးတဦးပါရှိပြီး ယနေ့အထိ စစ်ကောင်စီစခန်းများ ဆက်လက်သိမ်းပိုက်ခံနေရကြောင်း၊ နမ့်ခမ်းမြို့ကိုလည်း TNLA က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

MNDAA၊ AA နှင့် ပူးပေါင်းတပ်ဖွဲ့များ ကိုးကန့်၊ မုံးကိုး နှင့် မူပန်(သိန္နီ) ဒေသများအတွင်း စစ်ကောင်စီတပ်စခန်း ယမန်နေ့က သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ တပ်မမှူး လက်နက်ကြီးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ကြောင်း၊ သံလွင်မြစ်အနောက်ဘက်ခြမ်း ကွမ်းလုံဒေသရှိ စစ်ကောင်စီ၏ လက်နက်ကြီးစခန်းနှင့် ဗျူဟာကုန်းများကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်သတင်းမှာ ဖော်ပြထားသည်။








