ရှမ်းမြောက်

မျက်ဝါးထင်ထင်မြင်လာရတဲ့ စစ်တပ်ရဲ့ ပြိုလဲနေမှုများ

မျက်ဝါးထင်ထင်မြင်လာရတဲ့ စစ်တပ်ရဲ့ ပြိုလဲနေမှုများ

"လက်ရှိအချိန်မှာ စစ်တပ်ရဲ့တပ်ရင်းအလိုက် ရှုံးနိမ့် ထွက်ပြေး အညံ့ခံ လက်နက်ချအလင်းဝင်လာကြရတာ (ရဲတပ်ရင်းတွေမပါ) တပ်ရင်း (၁၀) ရင်း အထိရှိခဲ့ပါပြီ။ လက်နက်ချ အညံ့ခံခဲ့ရတဲ့ စစ်​ကောင်စီ တပ်ရင်းတွေကတော့ ခလရ ၁၄၃၊ ခမရ ၃၃၉၊ ခမရ ၃၅၁၊ ခမရ ၃၅၈၊ ခမရ ၄၃၀၊ ခလရ ၈၁၊ ခလရ ၁၂၅၊ ခမရ ၄၂၅၊ ခမရ ၆၊ ခလရ ၁၂၉ တို့ဖြစ်ကြပါတယ်" ************************* မောင်ဝိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့အခြေစိုက် ခလရ(၁၂၅)တပ်ရင်းတစ်ရင်းလုံး အလံဖြူထောင်ကာ လက်နက်ချအလင်းဝင်လာတယ်လို့ MNDAA က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။…
Read More
ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ပြီး တပ်ရင်းတရင်းလုံး ပြည်သူ့ရင်ခွင်ခိုလှုံ

ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်ပြီး တပ်ရင်းတရင်းလုံး ပြည်သူ့ရင်ခွင်ခိုလှုံ

RNA_နိုဝင်ဘာ(၁၄)၊ ၂၀၂၃ ခုနှစ်။ ကိုးကန့် အထူး (၁)၊ ရှီးရှမ်းဒေသ၊ မန်လော်ရွာအုပ်စု၊ ရန်ခွမ့်ရွာတွင် အခြေချတပ်ရင်းတစ်ခုဖြစ်သော စစ်ကောင်စီတပ် ဒကစ (လောက်ကိုင်) လက်အောက်ခံတပ်ရင်း ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူး ကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး ညီနောင်မဟာမိတ် ၃ ဖွဲ့ထံဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့၊ ညနေ (၈) နာရီ (၃၀) မိနစ်အချိန်တွင် ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းတစ်ရင်းလုံး နှင့် တပ်မိသားစုဝင်များအားလုံးကို ခေါ်ဆောင်ကာ မိမိတို့ ညီနောင်မဟာမိတ်…
Read More
၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မမှူး တဦးသေဆုံးခဲ့ပြီး တပ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံနေရ

၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မမှူး တဦးသေဆုံးခဲ့ပြီး တပ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံနေရ

RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။ ညီနောင်မဟာမိတ် (၃) ဖွဲ့ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် သေဆုံးသူများထဲတွင် တပ်မမှူးတဦးပါရှိပြီး ယနေ့အထိ စစ်ကောင်စီစခန်းများ ဆက်လက်သိမ်းပိုက်ခံနေရကြောင်း၊ နမ့်ခမ်းမြို့ကိုလည်း TNLA က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ MNDAA၊ AA နှင့် ပူးပေါင်းတပ်ဖွဲ့များ ကိုးကန့်၊ မုံးကိုး နှင့် မူပန်(သိန္နီ) ဒေသများအတွင်း စစ်ကောင်စီတပ်စခန်း ယမန်နေ့က သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ တပ်မမှူး လက်နက်ကြီးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ကြောင်း၊ သံလွင်မြစ်အနောက်ဘက်ခြမ်း ကွမ်းလုံဒေသရှိ စစ်ကောင်စီ၏ လက်နက်ကြီးစခန်းနှင့် ဗျူဟာကုန်းများကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်သတင်းမှာ ဖော်ပြထားသည်။ (more…)
Read More
“၁၀၂၇ စစ်ဆင်ရေး” စခန်းသိမ်းတိုက်ပွဲများတွင် KNDF ရဲဘော်များ ပူးပေါင်းပါဝင်နေ

“၁၀၂၇ စစ်ဆင်ရေး” စခန်းသိမ်းတိုက်ပွဲများတွင် KNDF ရဲဘော်များ ပူးပေါင်းပါဝင်နေ

RNA_နိုဝင်ဘာ(၃)၊၂၀၂၃ ခုနှစ်။ ညီနောင် မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် ကိုးကန့် (MNT JP/ MNDAA)၊ တအောင်း (PSLF / TNLA)၊ ရက္ခိုင် (ULA/ AA) တို့ ဦးဆောင်၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆောင်ရွက်နေသော "၁၀၂၇ စစ်ဆင်ရေး "တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ တပ်ရင်းအမှတ် (၆၀၆) ရဲဘော်များ စခန်းသိမ်းတိုက်ပွဲများတွင် ပူးပေါင်းပါဝင်နေကြောင်း သိရသည်။ ညီနောင် မဟာမိတ် (၃)ဖွဲ့မှ ဦးဆောင်၍ အောက်တိုဘာလ (၂၇) ရက်နေ့တွင် စတင်ခဲ့သော Operation 1027 (၁၀၂၇ စစ်ဆင်ရေး) အား KNDF အနေဖြင့်ထောက်ခံကြိုဆိုပြီး လက်ရှိတွင်လည်း…
Read More
၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်နေ့အထိ စစ်ကောင်စီတပ် စခန်း ၈၇ ခုကျော်အား တိုက်ခိုက်သိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်နေ့အထိ စစ်ကောင်စီတပ် စခန်း ၈၇ ခုကျော်အား တိုက်ခိုက်သိမ်းပိုက်

RNA_နိုတင်ဘာ(၁)၊၂၀၂၃ ခုနှစ်။ ညီ​နောင်မဟာမိတ် (၃) ဖွဲ့ ဦးဆောင်နေသည့် “Operation 1027” ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့ (၆) ရက်မြောက်နေ့အထိ စစ်ကောက်စီတပ်စခန်း (၈၇) ခုကျော်အား သိမ်းဆည်းရမိပြီး ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်မြို့၊ သိန္နိမြို့တို့ကို ထိန်းချုပ်ထားကြောင်း သိရသည်။ ညီနောက်မဟာမိတ် ရဲဘော်များက စစ်ကောင်စီ၏ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ “မန်တုံပတပ်စခန်း”၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယု- နမ့်ဖတ်ကာကြားရှိ“ရင်ကွဲတောင်တပ်စခန်း”၊ မူဆယ်-နမ့်ခမ်းမြို့အဝင်တွင်ရှိသော စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းအခြေစိုက် “မန်ခမ်းတပ်စခန်း” အား ယနေ့ ထပ်မံတိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
“ချင်းရွှေဟော်” နှင့် “ဖောင်းဆိုင်” မြို့ကို အပြီးသတ်ထိမ်းချုပ်နိုင်ပြီး သိန္နီမြို့ကိုလည်း ထိန်းချုပ်ထား

“ချင်းရွှေဟော်” နှင့် “ဖောင်းဆိုင်” မြို့ကို အပြီးသတ်ထိမ်းချုပ်နိုင်ပြီး သိန္နီမြို့ကိုလည်း ထိန်းချုပ်ထား

RNA_အောက်တိုဘာ(၃၁)၊၂၀၂၃ ခုနှစ်။ ညီနောင်မဟာမိတ် (၃) ဖွဲ့၏ Operation 1027 (၁၀၂၇ စစ်ဆင်‌ရေး)သည် ယနေ့ ၅ ရက်မြောက်နေ့အတွင်း ကိုးကန့်ပြည်နယ်၊ အထူးဒေသ (၁) အတွင်းမှ အဓိကမြို့များထဲမှ "ချင်းရွှေဟော်" နှင့် "ဖောင်းဆိုင်" မြို့များကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လုံးဝထိန်းချုပ်ထားနိုင်ခဲ့ပြီး၊ သိန္နီမြို့ကိုလည်း ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။ ၁၀၂၇ စစ်ဆင်‌ရေး နှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသောမဟာမိတ်များအနေဖြင့်လည်း တပြိုင်နက်တည်း ဆင်နွှဲလာခဲ့ကြသည်ကိုတွေ့ရှိနေရကြောင်း၊ ယနေ့တွင်လည်း လားရှိုးနှင့် သိန္နီမြို့နယ်ကြား စစ်ကောင်စီ၏ “မိုင်းပါးတပ်စခန်း” ကို အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း၊ AA နှင့် KIA တို့ ပူးပေါင်းပြီး နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီလက်အောက်ခံ…
Read More
ရက္ခိုင့်တပ်တော် ရဲဘော်များ မြောက်ပိုင်းတိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းမှာပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ

ရက္ခိုင့်တပ်တော် ရဲဘော်များ မြောက်ပိုင်းတိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းမှာပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ

RNA_အောက်တိုဘာ(၃၀)၊၂၀၂၃ ခုနှစ်။ ရက္ခိုင့်တပ်တော် (Arakan Army) ရဲဘော်များသည် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) တွင် ပါဝင်ပြီး ရှမ်းမြောက်တိုက်ပွဲများအပြင် ကချင် တော်လှန်ရေးအင်အားစုများနှင့် အခြား မဟာမိတ်များပူးပေါင်းကာ စစ်ကိုင်းတိုင်းအတွင်းမှာပင် တိုက်ပွဲဝင်နေကြောင်း ညီနောင်မဟာမိတ်၃ဖွဲ့ထံမှသိရသည်။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျောက်တွင် ဒေသခံတော်လှန်ရေးအင်အားစုများနှင့်အတူ ရက္ခိုင့်တပ်တော် (Arakan Army) ရဲဘော်များက အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ကို အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး ယနေ့ ( အောက်တိုဘာ ၃၀ ရက်) နံနက် ၈ နာရီထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီ လက်အောက်ခံ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး နေလင်းအောင်ကို အရှင်ဖမ်းဆီးခံရမိ

စစ်ကောင်စီ လက်အောက်ခံ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး နေလင်းအောင်ကို အရှင်ဖမ်းဆီးခံရမိ

RNA_အောက်တိုဘာ(၂၉)၊၂၀၂၃ ခုနှစ်။ ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့များနှင့် BPLA တို့ပူးတွဲ ထိန်းချုပ်နေရာတစ်ခုသို့ စစ်ကောင်စီ၏ တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၃) မှ အင်အား(၇၀)ခန့်ဖြင့် ချဥ်းကပ်လာသဖြင့် တိုက်ပွဲဖြစ်ပြီး ခမရ (၁၃) မှ ၄၀ ကျော်​သေဆုံးကာ ဗိုလ်ကြီးနေလင်းအောင် အပါအဝင် (၃) ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းအခြေစိုက် ခမရ (၁၃) နှင့် ၁ နာရီကြာ တိုက်ပွဲဖြစ်ပွါးပြီးနောက် စစ်​ကောင်စီ လက်အောက်ခံ (၂၀) ကျော်သေဆုံကာ တချို့မှာနီးစပ်ရာ ကျေးရွာများအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ မဟာမိတ်တပ်ဖွဲ့မှ စစ်ကူတချို့ရောက်လာပြီး တပ်ပေါင်းစုကာ ရွာထဲအိမ်များတွင် ပြည်သူများကို…
Read More
သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်

သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်

RNA_အောက်တိုဘာ(၂၉)၊၂၀၂၃ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberaion Army - PLA တပ်ရင်းများသည် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ ဦးဆောင်မှုဖြင့် အခြားမဟာမိတ်တပ်များ၊ Drone တပ်ဖွဲ့များနှင့်အတူ သိန္နီမြို့ မြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ကာ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဆင်နွှဲလျက်ရှိကြောင်း သိရသည်။ "PLA ဟာ မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအောက်မှာ သိန္နီမြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို စီးမိထားတယ်။ တောင်ပိုင်းမှာတော့ တိုက်ပွဲတွေ ဆက်နေဆဲဖြစ်ပါတယ်” ဟု PLA ကထုတ်ပြန်ထားသည်။ (more…)
Read More
“သိန္နီ” ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက် ဆက်လက်တိုက်ခိုက်သိမ်းပိုက်

“သိန္နီ” ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက် ဆက်လက်တိုက်ခိုက်သိမ်းပိုက်

RNA_အောက်တိုဘာ(၇)၊၂၀၂၃ ခုနှစ်။ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် မဟာမိတ်များ ပူးပေါင်းဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး "Operation 1027" တတိယနေ့ ယနေ့ နံနက် ၁၁ နာရီအထိ သိန္နီ ရဲစခန်းအပါအဝင် စစ်ကောင်စိတပ် စခန်းများကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။ စစ်ဆင်ရေး တတိယနေ့တွင် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်များအတွင်း၌ စစ်ကောင်စီတပ် စခန်းသိမ်း တိုက်ပွဲများကို ပြုလုပ်လျက်ရှိကြောင်း၊ စစ်ကောင်စီလက်အောက်ခံ အလောင်းအမြောက်အမြားနှင့်အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More