Tag: ဖားကန့်

  • စစ်ကောင်စီ၏ အခိုင်အမာစခန်းတစ်ခုဖြစ်သည့် ဖားကန့် ဝှေခါဗျူဟာကုန်းကို KIA/KPDF သိမ်းပိုက်ရရှိ၊ ဗိုလ်မှူးထွက်ပြေး

    စစ်ကောင်စီ၏ အခိုင်အမာစခန်းတစ်ခုဖြစ်သည့် ဖားကန့် ဝှေခါဗျူဟာကုန်းကို KIA/KPDF သိမ်းပိုက်ရရှိ၊ ဗိုလ်မှူးထွက်ပြေး

    RNA_ဖားကန့် ဇန်နဝါရီလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာရှိ ဝှေခါဗျူဟာကုန်းကို ယနေ့ နံနက် (၇)နာရီ ဝန်းကျင်က KIA/KPDF မှ သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း၊ ဗျူဟာကုန်းကို ဦးဆောင်နေသည့် ဗိုလ်မှူးထွက်ပြေးသွားကြောင်း Red News Agency သတင်းရင်းမြစ်ထံမှ သိရသည်။

    “ဒီလ (၆)ရက်နေ့ကနေ စခန်းကုန်းရဖို့ ကြိုးစားခဲ့ကြတာ၊ (၁၅) ရက်မြောက်မှာ အောင်မြင်စွာ သိမ်းနိုင်ခဲ့တာပါ၊ ဝှေခါဗျူဟာဆိုတာ ဖားကန့်နဲ့အင်းတော်ကြီးဒေသကို ချိတ်ဆက်ထားတဲ့ အရေးပါတဲ့ စခန်းကုန်းတစ်ခုပါ၊ ‌ဗျူဟာက ဗိုလ်မှူးနဲ့အဖွဲ့တွေ ထွက်ပြေးတာကို လိုက်ဖမ်းတာနဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတာမို့ အခြေအနေအသေးစိတ်ကိုတော့ မထုတ်ပြန်နိုင်သေးပါဘူး”လို့ သတင်းရင်းမြစ်က ပြောထားသည်။

    (more…)

  • ဖားကန့်ရှိ စစ်ကောင်စီ၏ အဓိကကျသည့်စခန်းနှစ်ခုအား KIA/KPDF များ သိမ်းပိုက်ရရှိထား

    ဖားကန့်ရှိ စစ်ကောင်စီ၏ အဓိကကျသည့်စခန်းနှစ်ခုအား KIA/KPDF များ သိမ်းပိုက်ရရှိထား

    RNA_ဖားကန့် ဇန်နဝါရီလ ၆ ရက်၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ အထိုင်စခန်းများဖြစ်သည့် ဖားကန့်-မိုးကောင်း ကားလမ်းမကြီးပေါ်ရှိ နမ့်တိန်း‌ကျေးရွာ စခန်းကုန်းနှင့် ဝှေခါ‌ကျေးရွာအပိုင်းရှိ ဗျူဟာကုန်းနှင့်ရဲစခန်းကုန်းတို့အား KIA/KPDF များက တိုက်ခိုက်ခဲ့ပြီး နမ့်တိန်းစစ်တပ်စခန်းကုန်းနှင့် ဝှေခါကျေးရွာမှ ရဲစခန်းကုန်းတို့အား သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

    “နမ့်တိန်းက စစ်ကောင်စီရဲ့ အဓိကကျတဲ့အထိုင်စခန်းကို ရထားပါပြီ၊ ဝှေခါအပိုင်းက ရဲစခန်းကုန်းရထားပါပြီ၊ ရဲစခန်းမှူးကို အရှင်မိပါတယ်”ဟု KPDF ရဲဘော်တစ်ဦးက အတည်ပြုသည်။

    (more…)

  • ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

    ဓါးပြမှုအချို့မှ သံသယရှိသူအချို့ကို KIA တပ်ရင်း(၆)က ဖမ်းဆီးစစ်ဆေးနေ

    RNA_ဖားကန့် နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရွာလယ်လမ်းမပေါ်ရှိ ဂျာနူး ဆေးဆိုင်နှင့် ငွေလွှဲ ငွေထုတ်လုပ်ကိုင်သည့်ဆိုင်အား အောက်တိုဘာ ၃၁ ရက်နေ့ နေ့ခင်းက ဓါးပြတိုက်ခံရပြီး သိန်းတစ်ထောင်ကျော် ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ်အပါ အခြားဓါးပြတိုက်မှုတို့မှ သံသယရှိသူများကို KIA တပ်မဟာ(၉)၊ တပ်ရင်း(၆)မှ ဖော်ထုတ်ရမိသော ကွင်းဆက်များအရ ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

    ဆက်စပ်ဖမ်းဆီးစစ်ဆေးခံရသူများထဲ၌ KPDF မှ ဖားကန့်မြို့နယ် မှော်စီစာ အပိုင်းတာဝန်ခံ ဝမ်းဘက် (ခ) ရင်သွေးဦး နှင့် လက်ထောက်ဖြစ်သူ ဇွဲကိုတို့ပါဝင်နေပြီး KIA အရာရှိအချို့လည်းပါဝင်နေကြောင်း သိရသည်။

    “လက်ရှိက စစ်ဆေးနေဆဲကာလပါ ဝမ်းဘက်ကို လက်နက်ဖြုတ် ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်၊ အပြင်မှာပြောနေကြသလို အခြား KPDF ခေါင်းဆောင်တွေဖြစ်တဲ့ ကိုတင်ကိုတို့ ကိုရန်နိုင်စိုးတို့ကို ဓါးပြမှုနဲ့ပါတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံရတယ်ဆိုတာ မဟုတ်ပါဘူး၊ အမှုအားလုံး စစ်ဆေးပြီးတဲ့အခါ ပြည်သူကို ချပြပါမယ်”ဟု KPDF မှ တာဝန်ရှိသူက ပြောသည်။

    ဓာတ်ပုံ: အင်တာနက်- လုံးခင်းကျေးရွာ

    (more…)

  • မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/KPDF များ စီးနင်းတိုက်ခိုက်

    မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA/KPDF များ စီးနင်းတိုက်ခိုက်

    RNA_ဖားကန့်၊ အောက်တိုဘာ(၂၆)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ နမ္မဖြစ်ကျေးရွာအပိုင်း ဖားကန့်-လုံးခင်းသွားကားလမ်းမကြီးပေါ်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို KIA/KPDF ရဲဘော်များက ယမန်နေ့ (အောက်တိုဘာလ ၂၅ ရက်) ညပိုင်းက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    မြန်မာသူရကျောက်မျက်ကုမ္ပဏီ CEO ဦးကျော်သူရကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ဖမ်းဆီးခဲ့ပြီး ပိုင်ဆိုင်မှုများအား ချိပ်ပိတ်သိမ်းဆည်းခဲ့ချိန်မှစပြီး ဖားကန့်ရှိ မြန်မာသူရကျောက်မျက်ကုမ္ပဏီရုံးချုပ်အတွင်း စစ်ကောင်စီ လက်အောက်ခံရဲနှင့်စစ်သားများ နေရာယူတပ်စွဲထားခဲ့ခြင်း ဖြစ်သည်။

    ယမန်နေ့ည KIA/KPDF များ ကုမ္ပဏီဝန်းအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ချိန် စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သား ၂၀ ဝန်းကျင်ခန့် ရှိနေနိုင်ကြောင်း ဒေသခံများထံမှ သိရပြီး၊ တိုက်ခိုက်မှုအတွင်း လုံးခင်းရဲစခန်းမှ ကုမ္ပဏီဝန်းအတွင်း တာဝန်ကျနေသည့် ရဲတစ်ဦး သေဆုံးကြောင်း အတည်ပြုထားနိုင်သည်။

    (more…)

  • လုံခြုံရေး တင်းကြပ်သည့် ကျောက်လုပ်ကွက်တခု မြေပြိုပြီး ရေမဆေးကျောက်ရှာသူတချို့သေဆုံးပြီး

    လုံခြုံရေး တင်းကြပ်သည့် ကျောက်လုပ်ကွက်တခု မြေပြိုပြီး ရေမဆေးကျောက်ရှာသူတချို့သေဆုံးပြီး

    ဖားကန့် အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီး အောက်တိုဘာလ ၁၈ ရက်နေ့ ည (၉)နာရီ ကျော်ခန့်က လုံခြုံရေးတင်းကြပ်ထားသည့် နေမင်းကမ္ဘာကုမ္ပဏီ လုပ်ကွက်အတွင်း ‌အမြင့်ပေ (၇၀) ခန့်တွင်ရှိသည့် ခေါင်းပေါင်းမြေစာအား ဖယ်ရှားရာမှ မြေပြိုပြီး အောက်တွင်ရေမဆေးကျောက်ရှာနေသည့် ပြည်သူတချို့သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    မြေပြိုဖြစ်စဉ်တွင် ရေမဆေးကျောက်ရှာသူ လှကျော်စံ (၁၈)နှစ် သေဆုံးပြီး မှော်ပုံကျေးရွာနေသူ ကိုစိုးမိုးနှင့် ဆန်ခါကျေးရွာနေသူ ကိုကျော်ထက်တို့ အပြင်းအထန်ဒဏ်ရာများရရှိခဲ့ကြောင်း ကနဦး သိရသည်။

    မြေပြိုဖြစ်စဉ် ဖြစ်ပွားခဲ့သည့် ကျေးရွာမှ ဒေသခံတစ်ဦးက “သေဆုံးသူက ဒီထက်များနိုင်တယ်ဗျ၊ သတင်းဖုံးချင်တာဖြစ်မယ်၊ ရေမဆေးကလည်း နေရာတိုင်းရှာခွင့်မပြုဘူးဗျ၊ ခုတောင် ခေါင်းပေါင်းကျင်းလို့ ရှာရတာ၊ ဘက်ဟိုးကလည်း မရှာပေးဘူး၊ မြေတောင်ပြန်ဖို့တာ”ဟု ပြောသည်။

    (more…)

  • လုံးခင်းကျေးရွာရှိ ရွှေဆိုင် ကျပ်သိန်းခြောက်ထောင်ခန့် ဓားပြတိုက်ခံရ

    လုံးခင်းကျေးရွာရှိ ရွှေဆိုင် ကျပ်သိန်းခြောက်ထောင်ခန့် ဓားပြတိုက်ခံရ

    RNA_ဖားကန့်၊ အောက်တိုဘာ (၅)၊၂၀၂၃ ခုနှစ်။

    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၂)ရှိ မိုးရတနာ ရွှေဆိုင် ဓါးပြတိုက်ခံရမှု ယနေ့နေ့ခင်း ၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ပြီး ကာလတန်ဖိုး ကျပ်သိန်းခြောက်ထောင်ဖိုးခန့် ပါသွားကြောင်း သိရသည်။

    “လူလေးယောက်လာတယ်၊ အသက်က (၂၇)၊ (၂၈) အရွယ်တွေ၊ Mask တပ်ထားတယ် ဦးထုပ်ဆောင်းထားတယ် သေနတ်ပါတယ်ဗျ။ ဆိုင်ထဲတန်းဝင်လာပြီး အကုန် ကလစ်ကြိုးနဲ့လက်ပြန်ကြိုးချည်ပြီး ထိုင်ခိုင်းထားတယ်၊ မှန်ကိုရိုက်ခွဲပြီး ယူသွားတာပါ”ဟု ရွှေဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပြသည်။

    “ရွှေသားက တစ်ပိဿာလောက်ရှိတယ်၊ ကျောက်လက်ဝတ်ရတနာ အချောထည်ကလည်း သိန်းသုံးထောင်ဖိုးလောက်ရှိတယ်၊ ရွှေနဲ့ကျောက်ပေါင်းရင် ကာလတန်ဖိုး ကျပ်သိန်းခြောက်ထောင်ဖိုးလောက်ပါသွားတာ”ဟု ရွှေဆိုင်ပိုင်ရှင်က ပြောသည်။

    (more…)

  • ဖားကန့်၌ ယနေ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

    ဖားကန့်၌ ယနေ့ အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

    RNA_ဖားကန့်၊ အောက်တိုဘာ (၅)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မနကျေးရွာအဝင်နားတွင် ‌မုန့်ပို့သည့် အမျိုးသားတစ်ဦး ပစ်သတ်ခံရသလို၊ မမုံကျေးရွာရှိ ထွန်းဦးဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်နေသည့် အမျိုးသားတစ်ဦး ယနေ့ နေ့လယ် ၂ နာရီခန့်က သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

    “မုန့်ပို့တဲ့သူဟုတ်တယ်၊ အာလူးကြော်တို့ ဝက်ခေါက်တို့ပို့တဲ့သူ၊ မနကျေးရွာနဲ့ ဖားပြင်ကျေးရွာ အဝင်ဆိုင်ဘုတ်နား၊ နောက်တစ်ယောက်က မမုံရွာပြင်ဘက်က ထွန်းဦးဆီဆိုင်မှာ ဆိုင်ကယ်ဆီဖြည့်နေတဲ့တစ်ယောက် လေးချက်ပစ်သွားတာ၊ တစ်ချိန်တည်းလောက်ကျမှာ ဖြစ်တာက”ဟု မမုံကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

    မနကျေးရွာအဝင် ဆိုင်ဘုတ်နား ပစ်သတ်ခံရသည့် အကြော်မုန့်ပို့သူသည် ဖားကန့် မှော်ဝမ်းရပ်ကွက်တွင်နေထိုင်သူ စန်းမြင့် အသက်(၄၃)နှစ် ဖြစ်ပြီး ဇနီးနှင့် သားသမီးသုံးယောက်ကျန်ရစ်ခဲ့ကာ ယခင်မြင်းမူမြို့နယ်တွင် နေထိုင်ခဲ့သူဖြစ်ကြောင်း၊ မမုံကျေးရွာ ထွန်းဦးဆီဆိုင်တွင် ဆိုင်ကယ်ဆီဖြည့်နေစဉ် ပစ်သတ်ခံရသူမှာ မည်သူဖြစ်သည်ကိုမသိရှိရသေးကြောင်း ဒေသခံများထံမှ သိရသည်။

    (more…)

  • ဆိပ်မူကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် KPDF တို့ ၂ နာရီခန့် တိုက်ပွဲဖြစ်

    ဆိပ်မူကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် KPDF တို့ ၂ နာရီခန့် တိုက်ပွဲဖြစ်

    RNA_အောက်တိုဘာ(၃)၊၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ ဗျူဟာကုန်းမှ စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်သားများနှင့် ဒေသတွင်း လှုပ်ရှားနေသည့် KPDF တို့ ဆိပ်မူ(အ.ထ.က)ကျောင်းအနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီခန့်က ၂ နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    အပြန်အလှန်ပစ်ခတ်သည့် တိုက်ပွဲဖြစ်ပွားချိန်သည် ၂ နာရီကျော်ကြာမြင့်ကြာချိန်တွင်း စစ်ကောင်စီတပ်၏ ဆိပ်မူဗျူဟာကုန်းမှ ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    (more…)

  • ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည့် စရဖ အကြီးအကဲနှင့်အရာရှိ ၂ ဦး ဆေးရုံတွင် ပစ်ခတ်ခံရ

    ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည့် စရဖ အကြီးအကဲနှင့်အရာရှိ ၂ ဦး ဆေးရုံတွင် ပစ်ခတ်ခံရ

    RNA_ ဖားကန့်၊ စက်တင်ဘာလ ၂၅ ရက်၊၂၀၂၃ ခုနှစ်။

    ယနေ့ နံနက် (၄)နာရီ ဝန်းကျင်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့)ရုံးကို KIA/KPDF များက ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ်အတွင်း ဒဏ်ရာဖြင့်ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဖားကန့် ပြည်သူ့ဆေးရုံတွင် လုံခြုံရေးဖြင့် ဆေးကုသနေသည့် စရဖ အကြီးအကဲ ဦးစိုးနိုင်ဝင်းနှင့် အရာရှိ ၂ ဦး ယနေ့ နေ့လယ် (၂)နာရီကျော်ခန့်က ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

    စရဖ အကြီးအကဲကို လက်နက်ကိုင်ရဲ ဆယ်ဦးထက်မနည်း လုံခြုံရေးပေးပြီး ဆေးဝါးကုသနေသည့်အချိန် KPDF မှ ကားသုံးစီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

    (more…)

  • ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ၏ စရဖရုံး စီးနင်းခံရ

    ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ၏ စရဖရုံး စီးနင်းခံရ

    RNA_ဖားကန့်၊ စက်တင်ဘာ (၂၅)၊ ၂၀၂၃ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ စစ်ကောင်စီ၏ စရဖ (စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့) ရုံးအား ယနေ့ နံနက် (၄)နာရီခန့်က KIA/KPDF များက ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

    စီးနင်းခံရသည့် စဖရရုံး

    “ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိပါဘူး၊ အရှင်မိတာရှိတယ်၊ အသက်(၂၅)ဝန်းကျင် အမျိုးသား၊ သူ့အမျိုးသမီးနဲ့ကလေး၊ နောက်အမျိုးသမီးတစ်ယောက်၊ အကုန်လုံးကို ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါတယ်၊ စာရွက်စာတမ်းတွေသိမ်းဆည်းတယ်ပေါ့”ဟု KPDF ရဲဘော်တစ်ဦးက ပြောသည်။

    ဆပ်မူကျေးရွာမြင်ကွင်း

    စက်တင်ဘာ ၂၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ ဆိပ်မူဗျူဟာကုန်းမှ စစ်ကောင်စီတပ် ပါတ်ကင်းလှည့်ရန်ထွက်လာသည့်ရဲကားကို KPDF က ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ရဲတစ်ဦးသေဆုံးခဲ့သည်။

    #RedNewsAgency