Tag: ဖားကန့်

  • ဖားကန့်မြေပြိုကျ သေဆုံးသူများနှင့်ပတ်သက်ပြီး သေဆုံးသူများမှာသာ တာဝန်ရှိဟု လွှတ်တော်ကိုယ်စားလှယ်ပြော

    ဖားကန့်မြေပြိုကျ သေဆုံးသူများနှင့်ပတ်သက်ပြီး သေဆုံးသူများမှာသာ တာဝန်ရှိဟု လွှတ်တော်ကိုယ်စားလှယ်ပြော

    တာလင်းမောင် ၊ ဖားကန့်၊ ဇူလိုင် ၄ ရက်။

    ”တာဝန်အရှိဆုံးက အဲဒီကျင်းကို တူးတဲ့လူတွေ တာဝန်အရှိဆုံးဘဲ။ သူတို့ဘာသာ သူတို့တူးတဲ့ ကိစ္စ။ ကျန်တဲ့သူ ဘယ်သူ့မှာတာဝန်ရှိတယ် ဘယ်အဖွဲ့အစည်းမှာ ဘယ်လို ပြောစရာမလိုဘူး ဒီတူးတဲ့လူတွေ တာဝန်အရှိဆုံးဘဲ” ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောကြားထားပါတယ်။

    ဖားကန့်မြို့နယ်၊ ဝှေခါရပ်ကွက် လခူးချောင်ရှိ ကျောက်မျက်ရွှေပြည်ကုမ္ဗဏီ လုပ်ကွက်အတွင်း ဇူလိုင်လ ၂ ရက်နေ့က ကမ်းပါးပြိုကျခဲ့ရာတွင် ဇူလိုင်လ ၃ ရက်နေ့ထိ သေဆုံးသူ ရုပ်အလောင်း ၁၆၉ လောင်း ဆယ်ယူနိုင်ခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၄၃ ဦးရှိခဲ့သည်။[embedyt] https://www.youtube.com/watch?v=1GBYhMBbhNs[/embedyt]

    Red News Agency

  • ရတနာ မြေစာပုံပေါ်က ဈေးသည်များ (သို့မဟုတ်) သူတို့ဘဝ သူတို့ အလှ

    ရတနာ မြေစာပုံပေါ်က ဈေးသည်များ (သို့မဟုတ်) သူတို့ဘဝ သူတို့ အလှ

    ရိုက်ကူး၊ တာလင်းမောင် (ဖားကန့်) ဘဝမျှော်လင့်ချက်တွေနဲ့ ဖားကန့်ကို ကျောက်တူး တက်ကြပေမဲ့ မြေစာပုံပေါ်က ရေမဆေးကျောက် ရှာဖွေသူတွေဟာ မြန်မာနိုင်ငံ အနှံ့အပြားက ဖြစ်ပါတယ်။ ဒီအထဲမှာ ယောက်ျားတွေနဲ့ တန်းတူ စီးပွားရှာနေကြတဲ့ ဈေးသည်တွေ ရှိနေပါတယ်။ မြေစာပုံက ဈေးသည်တွေဟာ သူတို့ဘဝနဲ့ သူတို့တော့ သူရဲကောင်းများဖြစ်ပါတယ်။[embedyt] https://www.youtube.com/watch?v=zt4h-cjxKW0[/embedyt]Red News Agency

  • ဖားကန့်၌ ကိုဗစ်-၁၉ ကာလအတွင်း မော်တော်ဆိုင်ကယ်ခိုးယူခံရမှု များပြား

    တာလင်းမောင် ဖားကန့် ၊ မေ ၁၃ ရက်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ကြောင့် ညမထွက်ရအမိန့်အပါအဝင် အသွားအလာများ ကန့်သတ်ပြီး လူစုလူဝေးများ ရှောင်ရှားနေရချိန် ယခုလဒုတိယ ပတ်အတွင်း မော်တော် ဆိုင်ကယ်ခိုးယူခံရမှု များပြားလာကြောင်း ဒေသခံများက ပြောသည်။

    ဖားကန့်မြို့၊ မြို့မရပ်ကွက်တွင် ဆိုင်ကယ်(၆)စီးနှင့် ငှက်ပျောတော ရပ်ကွက်တွင်(၅)စီး၊ မြို့နယ်နှင့်အနီးတဝိုက်ရှိ ကျေးရွာများတွင်လည်း ခိုးယူခံရမှုများရှိကြောင်း၊ နေ့လည်ဘက် လူမြင်ကွင်းတွင် ရပ်ထားသည့်မော်တော်ဆိုင်ကယ် များအပြင် အချို့ကျေးရွာချင်းဆက်လမ်းများတွင် လူကိုရိုက်၍ဆိုင်ကယ်လုယူသူများလည်း ရှိနေကြောင်း သိရသည်။ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက် ဖားကန့်အလင်းတန်း စာကြည့်တိုက်ရှေ့တွင် မေလ ၁၀ ရက်နေ့ နေ့လည်က ဆိုင်ကယ်ခိုးယူခံခဲ့ရသူ ဒေါ်အားတူက ” ကျွန်မတို့က ဆေးမြစ်တွေလိုက်ရောင်းရတာ၊ကလေး ကျောင်းပို့လည်း ဒီဆိုင်ကယ်ပဲသုံးရတာ၊ တစ်နေ့ဝင်ငွေနဲ့တစ်နေ့စားနေရတာ၊တစ်ခါနိုင်ငံတော်က ထောက်ပံ့လိုက် အသင်းတော်ကထောက်ပံ့လိုက်နဲ့ ရပ်တည်နေရတာ၊ပျောက်သွားတဲ့ဆိုင်ကယ် ကိုပြန်ဝယ်နိုင်ဖို့လည်း မလွယ်ဘူး၊ နှမျောတယ် ” ဟု ပြောသည်။

    ဆိုင်ကယ်ခိုးယူခံရတဲ့သူအများစုက သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အမှုဖွင့် တိုင်ကြားခြင်းနည်းပါးကြောင်း၊ တရားခံဖမ်းမိသည့်အခါ အမှုခိုင်မာအောင်မတည်ဆောက်နိုင်သည့်အတွက် အခက်အခဲကြုံရကြောင်း အမည်မဖော်လိုသူရဲအရာရှိ တဦးက ပြောသည်။[embedyt] https://www.youtube.com/watch?v=-9NtuV34VxI[/embedyt] Red News Agency

  • ကမ္ဘာ့ကပ်ရောဂါ COVID-19  ထက် ဝမ်းရေးခက်နေသူများ

    ကမ္ဘာ့ကပ်ရောဂါ COVID-19 ထက် ဝမ်းရေးခက်နေသူများ

    ဖားကန့်၊ မေ ၉ ရက်။

    ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ရွေ့ပြောင်းအလုပ်သမားတွေဖြစ်တဲ့ ရေမဆေးကျောက်ရှာဖွေနေသူတွေဟာ ကမ္ဘာ့ကပ်ရောဂါ COVID-19 (ကိုရိုနာဗိုင်းရပ်စ်) ထက် ဝမ်းရေးအတွက် အခက်အခဲတွေကို ဖြေရှင်းနေကြရပါတယ်။ ရိုက်ကူး- ကိုတာ (ဖားကန့်)[embedyt] https://www.youtube.com/watch?v=Chcrilb25Fg[/embedyt] Red News Agency