နံနက်စာစားနေသည့် စစ်တပ်အဖွဲ့ဝင်(၂) ဦးကို PDF ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် တပ်စိမ်မှူးသေဆုံး

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၆ခုနှစ်။

ပဲခူးတိုင်း၊ ဖြုးမြို့နယ်၊ ဖြူး- အုတ် ဖြတ်လမ်းပေါ်ရှိ လမ်းသွားလမ်းလာပြည်သူများအား အဓမ္မငွေကြေးကောက်ခံနေသော ဝဲဒေါင့်ဂိတ် နှင့် မီတာ ၂၀၀ အကွာရှိ မုန့်ဟင်းခါးဆိုင်တွင် နိုဝင်လာ ၁၉ ရက်နေ့က နံနက်စာ စားနေသော အာဏာသိမ်းစစ်တပ်မှ တပ်စိပ်မှူးနှင့် တပ်သားတဦးတို့ကို PDF ရဲဘော်များ ဝင်ရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် တပ်စိပ်မှူး နေရာတွင် သေဆုံးပြီး တပ်သားကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဧရာဝတီအမှတ် ( ၃ ) တပ်ရင်းထံမှ သိရသည်။

ဝဲဒေါင့်ဂိတ်မှ အာဏာသိမ်းစစ်တပ် လက်အောက်ခံများ မီတာ ၂၀၀ အကွာရှိ မုန့်ဟင်းခါးဆိုင်တွင် လာရောက်စားသောက်နေသည်ဟု သတင်းရရှိထားသည့်အတွက် ဧရာဝတီအမှတ် ( ၃ ) တပ်ရင်းရဲဘော်များသည် ရက် (၂၀) ခန့်စောင့်ကြည့်ခဲ့ကြောင်း၊ ဧရာဝတီ အမှတ် ( ၃ ) တပ်ရင်းက ထောက်လှမ်းရေးရဲဘော်တဦးနှင့် တပ်စိပ်မှူး တဦးတို့က နံနက်စာစားနေသော စစ်တပ်လက်အောက်ခံ (၂) ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီ အမှတ် ( ၃ ) တပ်ရင်း၏ ယနေ့ (နိုဝင်လဘာ ၂၀ ရက်) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧရာဝတီ အမှတ် ( ၃ ) တပ်ရင်းက ထောက်လှမ်းရေး ရဲဘော်တဦးနှင့် တပ်စိပ်မှူးတဦးတို့သည် ပစ္စတို တလက်၊ ဓားမြောင် တချောင်းဖြင့် မုန့်ဟင်းခါးဆိုင်အတွင်း နံနက်စာ စားနေ​သော အာဏာသိမ်း စစ်တပ်မှ (၂) ဦးကို ဝင်ရောက်ဖမ်းဆီးစဉ် စစ်တပ်မှ တပ်စိပ်မှူးသည် ပြန်လည်ခုခံသဖြင့် နေရာတွင်သေဆုံးခဲ့ပြီး တပ်သသား ကိုကိုလွင်အား အရှင်ဖမ်းဆီးနိုင်ခဲ့သည့်အတွက်စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency #REDNEWS #RNA

By Editor