ပဲခူးတိုင်း

ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က (၂၂) ဦးသေဆုံးဟု ထုတ်ပြန်ထား

ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က (၂၂) ဦးသေဆုံးဟု ထုတ်ပြန်ထား

RNA_ဇန်နဝါရီ(၂၄) ၂၀၂၃ ခုနှစ်။ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာသို့ ပိတ်ဆို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ရေတာရှည် PDF တပ်ရင်း ( ၃၅၀၁) တပ်ခွဲ(၄) ပါအဝင် ရေနီလေ့ကျင့်ရေး(၅) တပ်နှင့် နေပြည်တော် တပ်ပေါင်းစု စစ်ကြောင်းမှတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၂၂) ဦး သေဆုံးပြီး ၁၅ ဦးအပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု Northern Thandaung Defence Force (Special Region) က ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ(၁၆-၁၇)ရက်နေ့က Northern Thandaung Defence Force(Special Region) ၏ လက်အောက်တွင် ခေတ္တခိုလှုံသည့်တပ်ရင်းဖြစ်သော တောင်ငူခရိုင်၊ရေတာရှည် PDF တပ်ရင်း ( ၃၅၀၁) တပ်ခွဲ(၄)…
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး

တောင်ငူခရိုင် PDF နှင့်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံး   RNA_ဇန်နဝါရီ(၁၈)၊၂၀၂၃ ခုနှစ်။   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း စစ်ကြောင်းထိုး ချီတက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ (၄) နှင့်ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ(၃)ကြိမ်ဖြစ်ပွားရာ စစ်ကောင်စီတပ်လက်အောက်ခံ အရာရှိ (၃) ဦးအပါအဝင် (၄၀) ဝန်းကျင်သေဆုံးကြောင်း ယနေ့ ထုတ်ပြန်ထားသည်။   စစ်ကောင်စီတပ်အင်အား (၁၀၀) ဝန်းကျင်ရှိ တပ်ဖွဲ့သည် ဇန်နဝါရီလ ၁၆ ရက်နေ့က နဂျပ်တောင်ဖက်သို့ ချဉ်းကပ်လာစဉ် တောင်ငူခရိုင် PDF တပ်ခွဲ(၄) တပ်စု(၂) က…
Read More
“စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်း လာဖြုတ်သည့် ရဲများ မိုင်းဆွဲခံရ 

“စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်း လာဖြုတ်သည့် ရဲများ မိုင်းဆွဲခံရ 

RNA_ဇန်နဝါရီ၁၊၂၀၂၃ ခုနှစ်။ ပဲခူးတိုင်း (အနောက်ခြမ်း) ပြည်ခရိုင် ပုတီးကုန်းမြို့၊ တာဂွရွာနှင့် ပွဲပြည့်ရွာ လမ်းမပေါ်တွင် ချိတ်ဆွဲထားသော "စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ" စာတန်းဆိုင်းဘုတ်လာဖြုတ်သည့် ရဲ (၃) ဦး ယနေ့ နံနက် (၈) နာရီ (၁၅) မိနစ်ခန့်က မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။ "စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ" စာတန်းလာဖြုတ်သည့် ရဲ (၃) ဦးကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ ၃ (တိုင်းလုံးကျော်အဖွဲ့) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲ (၁) ဦးသေဆုံးပြီး (၁) ဦးဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း…
Read More
ရဲတပ်သားတဦး မိမိဦးခေါင်းကို သေနတ်ဖြင့်‌တေ့ပစ်ကာ အဆုံးစီရင်

ရဲတပ်သားတဦး မိမိဦးခေါင်းကို သေနတ်ဖြင့်‌တေ့ပစ်ကာ အဆုံးစီရင်

RNA_စက်တင်ဘာ(၁၁)၊၂၀၂၂ခုနှစ်။ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ညောင်ခါးရှည်-ဒိုက်ဦးဗျူဟာလမ်းဆုံရှိ Xrayထားရှိသော စုပေါင်းဂိတ်တွင် ဝေါမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲတပ်သားတစ်ဦးသည် မိမိဦးခေါင်းကို သေနတ်ဖြင့် တေ့ပစ်ကာ အဆုံးစီရင်သွားကြောင်း သိရသည်။ စက်တင်ဘာလ (၉) ရက်နေ့က မိမိဦးခေါင်းကို သေနတ်ဖြင့် တေ့ပစ်ကာ အဆုံးစီရင်သွားသည့် ရဲတပ်သားနှင့်ပတ်သက်ပြီး ယနေ့ ပဲခူးတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဝေါမြို့ရဲစခန်းကို လာရောက်စစ် ဆေးနေကြောင်း Red News Agency သတင်းရင်းမြစ်ထံမှ သိရသည်။ Red News Agency
Read More
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများနှင့် ဝန်ထမ်းများ (၅) ရက်အတွင်း နှုတ်ထွက်ရန် OKPO ကွန်မန်ဒိုအဖွဲ့ သတိပေး

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများနှင့် ဝန်ထမ်းများ (၅) ရက်အတွင်း နှုတ်ထွက်ရန် OKPO ကွန်မန်ဒိုအဖွဲ့ သတိပေး

RNA_ဖေဖေါ်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများ ၊ Non-CDM ဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်ကာ (၅) ရက်အတွင်းနှုတ်ထွက်ပြီး ပြည်သူနှင့်ပူးပေါင်းကာ CDM ပြုလုပ်ကြရန် OKPO- COMMANDO အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ဆက်လက် တာဝန်ထမ်းဆောင်နေပါက မိမိတာဝန်သာ ဖြစ်ကြောင်း၊ အာဏာရှင်လူတစ်စုကောင်းစားရေးနှင့် ကိုယ်ကျိုး တစ်ခုတည်းအတွက်ကြည့်ပြီး လက်နက် ကိုင်ထားကြသော ဖက်ဆစ်စစ်တပ်နှင့် စစ်ကောင်စီ၏ လက်ပါးစေ လက်ကိုင်တုတ် တပ်ဖွဲ့များအား အချိန်မရွေး၊ နေရာရွေး တိုက်ခိုက်သွားမည် ဖြစ်ပါသဖြင့် ပြည်သူများ ၄င်းတို့နှင့် ပူးတွဲသွားလာ နေထိုင်ခြင်းများ မပြုလုပ်ကြပါရန်နှင့် ပူးပေါင်းပါဝင်မှု ပါတ်သတ်ပါက…
Read More
ဆိုင်ပိတ်ပါက အရေးယူမည်ဟု ကြေညာသူ သေနတ်ပစ်ခံရ

ဆိုင်ပိတ်ပါက အရေးယူမည်ဟု ကြေညာသူ သေနတ်ပစ်ခံရ

အသံတိတ်သပိတ်နေ့မှာ ဆိုင်ပိတ်ပါက အရေးယူမည်ဟု ကြေညာနေသူ သေနတ်ပစ်ခံရပြီး သေဆုံး RNA_ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ပဲခူးတိုင်း၊ အနောက်ဘက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တံခွန်တိုင်ရွာမှာ စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် အသံတိတ်သပိတ်တွင်ပါဝင်ပြီး ဆိုင်ပိတ်ပါက အရေးယူမည်ဟု ယနေ့ နံနက်က လိုက်လံကြေညာနေသည့် ဒလန်ဟုသတ်မှတ်ခံထားရသူ ကျော်မင်းသူ သေနတ် သုံးချက်ပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ စစ်ကောင်စီသတင်းပေး၊ စစ်ကောင်စီတပ်သား၏ ဖခင်ဖြစ်သူ ကျော်မင်းသူကို နတ်တလင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖြစ်သည့် နတ်စစ်သည် အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာထားသည်။ Red News Agency
Read More
မြို့နယ်ဖွံ့ဖြိုး‌ရေးရန်ပုံငွေထုတ်ယူသုံးစွဲမှုကိုပွင့်လင်းမြင်သာစွာချပြသင့်

မြို့နယ်ဖွံ့ဖြိုး‌ရေးရန်ပုံငွေထုတ်ယူသုံးစွဲမှုကိုပွင့်လင်းမြင်သာစွာချပြသင့်

ညောင်လေးပင်၊ ဒီဇင်ဘာ ၁ ရက်။ ပဲခူးတိုင်းဒေသကြီးညောင်လေးပင်မြို့နယ်၌ပြည်သူများထည့်ဝင်ငွေဖြင့်စုဆောင်းထားသော မြို့နယ်ဖွံ့ဖြိုး‌ရေးရန်ပုံငွေများ ထုတ်ယူသုံးစွဲနေမှုကို ပွင့်လင်းမြင်သာစွာချပြသင့်ကြောင်း ဒေသခံများမှ တောင်းဆိုနေကြောင်း သိရသည်။ အဆိုပါဖွံ့ဖြိုးရေး ရန်ပုံငွေမှာ လွန်ခဲ့သော ၁၅ နှစ်ခန့် က မြို့သူမြိုသားများထည့်ဝင်ငွေဖြင့် ဘက်ဟိုးဝယ် ထားကာ သုံးမရသည့်အနေအထား၌ ပြန်လည်ထုခွဲရောင်းချခဲ့ပြီး ရရှိသောငွေဖြင့် ထွန်စက်တစ်စီး၊ ရိတ်ချွေစက်တစ်စီး၊ နောက်တွဲတစ်စီးဝယ်ယူ၍ စက်မှုလယ်ယာ၌ထားရှိကာ အသုံးပြုဧကနှုန်းထားဖြင့် အငှားချထားခဲ့‌‌ပြီး ရရှိသည့်ငွေများအား ဘဏ်၌အပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More
ရွှေကျင်မြို့ မြစ်ရေကြီးမှု အခြေအနေ

ရွှေကျင်မြို့ မြစ်ရေကြီးမှု အခြေအနေ

အခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းနေတဲ့ အတွက် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့ပေါ်ထိ မြစ်ရေတက်နေပြီ ဖြစ်ပါတယ်။ ရွှေကျင်မြို့ပေါ်တွင် အိမ်ထောင်စု ၄၈၀၊ လူဦးရေ ၂၄၀၀ ဝန်းကျင်ဟာ ရေဘေးဒုက္ခခံစားနေရတာ ဖြစ်ပါတယ်။Red News Agency
Read More