စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

RNA_စက်တင်ဘာ(၃)၊၂၀၂၃ ခုနှစ်။

ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင် းဆန်တက်လာသော စစ်ကောင်စီတပ်၏ ရိက္ခာနှင့်လက်နက်ပစ္စည်းများသယ်ဆောင်လာသည့် မော်တော်( ၈) စီးနှင့် သ‌င်္ဘော( ၃) စီးပါဝင်သည့် ရေယာဉ်အုပ်စုကို စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ဆားလင်းကြီးအကြားတွင် MRDA နှင့်ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် ရေယာဉ်အုပ်စုကို MRDA စေတန်တပ်ခွဲမှဦးဆောင်ပြီး ဒေသတွင်းမဟာမိတ်အဖွဲ့များဖြစ်သော မုံရွာခရိုင်၊ တပ်ရင်း( ၁၁) တပ်ခွဲ( ၃)၊ Royal Alliance အဖွဲ့များမှ ဩဂုတ်လ ၂ ရက်နေ့ နေလယ် ၃ နာရီဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ (၁)နာရီခန့်ဖြစ်ပွားခဲ့ကြောင်း MRDA ‌စေတန် တပ်ခွဲမှူးထံမှ သိရသည်။

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးမှုရှိနိုင်ပြီး တိတိကျကျ စုံစမ်းနေကြောင်း၊ သင်္ဘော ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီ များပေါ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းစစ်ကောင်စီလက်အောက်ခံ ရေယာဉ်အုပ်စုသည် ယနေ့တွင်လည်း အနီးအနားကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုရှိကြောင်း သိရသည်။

Red News Agency

By Editor