RNA_မေ(၃၀)၊၂၀၂၅ခုနှစ်။
ရတနာပုံတော်လှန်ရေးတပ်ဖွဲ့ (YRF)မှ တပ်မှူး ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းသည် မေလ (၂၈) ရက်နေ့ တိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရသည့်အတွက် မိသားစု၊ တပ်ဖွဲ့ဝင်များနှင့်ထပ်တူ အထူးဝမ်းနည်းရကြောင်း မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့က ဝမ်းနည်းကြောင်း သဝဏ်လွှာကို ယနေ့ ထုတ်ပြန်ထားသည်။
ရဲဘော် ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းသည် အသက်ရှိစဥ်အတွင်း နွေဦးတော်လှန်ရေးမှ စတင်၍ လက်နက်ကိုင်တိုက်ပွဲကို ကြိုးစားမှုအပြည့်အဝဖြင့် ကျရာတာဝန်ထမ်းဆောင်ရင်း ရဲဘော်၏ အသက်ကို အဖိနှိပ်ခံပြည်သူလူထုအတွက် ပေးဆပ်ခဲ့ကြောင်း၊ တော်လှန်ရေးကာလတစ်လျှောက်လုံးမှာ ရဲဘော်တစ်ဦးအနေဖြင့် လုပ်နိုင်သမျှကို ပြည့်စုံအောင်လုပ်ဆောင်ခဲ့သူဖြစ်သည့်အပြင် ခိုင်မာသော တော်လှန်ရေးခံယူချက်ကို စံနမူနာယူ၍ ရန်သူကိုခိုင်မာစွာ ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့ဝင်များ၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်မှ စစ်သည်များအနေဖြင့် ဗိုလ်ဒေါင်း၏ ကျဆုံးခဲ့ရမှုအား တော်လှန်ရေးအတွက် အဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုသဖွယ် နာကျင်ခံစားရသည်နှင့်ထပ်တူ ဗိုလ်ဒေါင်း၏ တော်လှန်ရေးအတွင်း စွမ်းရည်၊ သတ္တိနှင့် ဂုဏ်ရောင်ပြောင်စွာ ကြိုးစားအားထုတ်ဆောင်ရွက်မှုများကို လေးစားဂုဏ်ပြု ဦးညွှတ်လိုက်ကြောင်း ထုတ်ပြန်ပြောကြားထားသည်။
#RedNewsAgency #REDNEWS #RNA